Monday, 13 June 2016

13-JUN-2016 (READING ORD11 -YC-C2)

Mon the 13th:    Memorial of Anthony of Padua, priest and doctor.
1 Kgs 21:1-16; Ps 5:1-7; Ps 119:105; Matt 5:38-42

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၂၁( 1 Kgs 21:1-16);

၁ ထိုနောက်မှယေဇရေလမြို့ နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိမင်းကြီး အာဟပ် ၏နန်းတော်နားမှာရှိသည်ဖြစ်၍၊
၂ အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည်နန်းတော်နားမှာ ရှိသောကြောင့် ယာလုပ် စရာဘို့ပေးပါ။ သာ၍ကောင်းသောကြောင့် ဥယျာဉ်ကိုငါပေးမည်။ သို့မဟုတ် သင့်အလိုရှိလျှင်အဘိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင်၊
၃ နာဗုတ်က၊ ဘိုးဘေးလက်မှအမွေခံသော မြေကိုကိုယ်တော်အားပေးရသောအမှုကိုထာဝရဘု ရားဆီးတားတော်မူပါစေသောပြန်လျှေက်၏။
၎ ဘိုးဘေးမှ အမွေ ခံသောမြေကိုမပေးရပါဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သောစကားကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့်ည‡ိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
၅ ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကိုမစားနိုင်အောင် စိတ်တော်သည်အဘယ်ကြောင့် ည‡ိုးငယ်တော်မူသနည်းဟုမေးလျှင်၊
၆ မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကိုငါခေါ်၍သင့် စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသော ဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြောသောကြောင့် စိတ်ည‡ိုးငယ်သည်ဟုဆို၏။
၇ ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ရွှင်လန်းသောစိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလ မြို့သားနာဗုတ်၏ စပျစ် ဥယျာဉ်ကို ဆက်ပါမည်ဟု ဆိုသည်အတိုင်း၊
၈ အာဟပ်မင်း၏အခွင့်နှင့်စာ ရေး၍တံဆိပ်တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသောအသက်ကြီးသူနှင့်မှူးမတ်များထံသို့ပေးလိုက်လေ၏။
၉ စာချက် ဟူမူကား၊ အစာရှောင်ရာ အချိန်ကိုကြွေးကြော်၍၊ နာဗုတ်ကိုလူများရှေ့မှာမြေ‡ာက်ထားကြလော့။
၁၀ သူ့ရှေ့မှာ အဓမ္မ လူနှစ်ယောက် ကိုထား၍၊ သင်သည်ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီးဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍သေစေခြင်းငှါ ကျောက်ခဲနှင့်ပစ်ကြလောဟုပါသတည်း။
၁၁ ယေဇဗေလပေးလိုက် သောစာ၌ ပါသည့်အတိုင်း၊ နာဗုတ်နေသောမြို့သားအသက်ကြီးသူနှင့် မှူးမတ်တို့သည်ပြုလျက်၊
၁၂ အစာရှောင်ရာ အချိန်ကို ကြွေးကြော်၍ နာဗုတ်ကိုလူများရှေ့မှာမြေ‡ာက်ထားကြ၏။
၁၃ အဓမ္မလူနှစ်ယောက်သည်လာ ၍သူ့ရှေ့မှာပင်ထိုင်လျက်၊ နာဗုတ်သည်ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီးဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကိုမြို့ပြင်သို့ထုတ်၍ သေအောင်ကျောက်ခဲ့နှင့်ပစ်ကြ၏။
၁၄ ထိုအခါနာဗုတ်သည် ကျောက်ခဲနှင့်ပစ်ခြင်းကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့စေလွှတ်၍ ကြားလျှောက်ကြ၏။
၁၅ ထိုအကြောင်းကိုယေဇဗေလ သည်ကြားသောလျှင်၊ ယေဇရေလမြို့သားနာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကိုထ၍သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။
၁၆ နာဗုတ်သေကြောင်းကိုအာဟပ်သည်ကြားလျှင်၊ ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်း ငှါထသွား၏။

ဆာလံကျမ်း အခန်းကြီး ၅ (Ps 5:1-7);

၁ အိုထာဝရဘုရား အကျွန်ုပ်၏စကားကို နားထောင်တော်မူ၍ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ၊၊
၂ အကျွန်ုပ်၏ ရှင်ဘုရင် အကျွန်ုပ်၏ဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍  အကျွန်ုပ် အော်ဟစ်သောအသံကို နားထောင်တော်မူပါ၊၊
၃ အိုထာဝရဘုရား နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရ ပါ၏၊၊ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
၎ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊ ၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
၆ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊


ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:105);

၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:38-42)

၃၈ သူ့မျက်စိကိုဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။
၃၉ ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင်၊ ပါးတဘက်ကိုလှည့်၍ပေးဦးလော့။
၄၀ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ  အားသင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။
၄၁ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတတိုင်သွား စေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။
၄၂ တောင်းသော သူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့်။