Tuesday, 28 June 2016

28-JUN-2016 (READING ORD13 -YC-C2)

Tue the 28th:    Memorial of Irenaeus, bishop and martyr.
Vigil of Solemnity of Peter and Paul, apostles.
Amos 3:1-8, 4:11-12; Ps 5:4-8; Ps 130:5; Matt 8:23-27
Vigil Readings: Acts 3:1-10; Ps 19:1-5; Gal 1:11-20; John 21:15-19

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၃ (Amos 3:1-8, 4:11-12);

၁ အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရားမိန့်တော်မူသော စကားကို နားထောင်ကြလော့။
၂ မြေကြီးပေါ်မှာနေသော အမျိုးသား အပေါင်းတို့တွင် သင်တို့တမျိုးတည်းကိုသား ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
၃ လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ခရီးသွားနိုင်သလော။
၎ ခြင်္သေ့သည်ဘမ်းစရာ မရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲကအသံပြုလိမ့်မည်လော။
၅ မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကိုကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ် အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
၆ မြို့ထဲမှာ တံပိုးမှုတ်လျှင် မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရားစီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာရောက်လိမ့် မည်လော။
၇ အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
၈ ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှအကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်
၁၁ သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကိုတောင်းခံတတ်သောကြောင့်၊ ဆစ်သော ကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဘွယ်သော စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည် ကိုမသောက်ရကြ။
၁၂ သင်တို့အထပ်ထပ်လွန်ကျူးသောဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကိုငါသိ၏။ ဖြောင့်မတ် သောသူကို နှောက်ရှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ် ကြ၏။


ဆာလံကျမ်း အခန်းကြီး ၅ (Ps 5:4-8);

၎ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊
၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
၆ မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ၊၊

ဆာလံကျမ်း အခန်းကြီး ၁၃၀ (Ps 130:5);

 ၅ ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:23-27)

၂၃ ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
၂၄ ကိုယ်တော်သည်ကျိန်းစက်၍နေတော်မူ၏။
၂၅ တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်တော်မူပါဟု လျှောက်ကြသော်၊
၂၆ ကိုယ်တော်က၊ ယုံကြည်အားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်တတ် သနည်းဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်  ပယ်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
၂၇ ထိုသူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကို နားထောင်ပါသည်တကားဟုအံ့သြကြ၏။


တမန်တော်ဝတ္ထု အခန်းကြီး ၃(Acts 3:1-10);

၁ ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြ သည်ရှိသော်၊
၂ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူတယောက်ကို သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ ထိုသူကိုထား လေ့ရှိ၏။
၃ ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့ ဝင်မည်လာကြသည်ကို ထိုသူသည်မြင်လျှင် စွန့်ကြဲ ပါဟုတောင်းလေ၏။
၎ ထိုအခါ ပေတရုနှင့်ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍ ငါတို့အားမျှော်ကြည့် လော့ဟု ဆိုလျှင်၊
၅ ထိုသူသည် တစုံတခုကိုရမည်ဟု စိတ်ထင်နှင့် တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ၏။
၆ ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊
၇ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ် ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊
၈ ရုတ်တရက်ထ၍ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ဝင်လေ၏။
၉ ထိုသို့လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို လူအပေါင်းတို့သည်မြင်သောအခါ၊
၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ် တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍ ထိုင်နေသောသူဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ဖြစ်သည်အမှုကို အံ့သြ မိန်းမောတွေဝေခြင်းရှိ၍၊
၁၁ ထိုသူသည် ပေတရုနှင့်ယောဟန်ကို အမှီပြုလျက်ရှိရာအရပ်၊ ရှောလမုန်ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်ကြ၍ စုဝေးကြ၏။


ဆာလံကျမ်း အခန်းကြီး ၁၉ (Ps 19:1-5);

၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။
၂ တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။
၃ နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊
၎ သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊
၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။


ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:11-20);

၁၁ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။
၁၂ လူထံမှာ ငါခံရသည် မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး အခြားသောဥပဒေသကို ငါမခံသည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။
၁၃ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌ နေ၍ ငါကျင့်သောအကျင့်တည်း ဟူသော ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊
၁၄ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုင်း သင်တို့ကြားသိရကြပြီ။
၁၅ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲ ကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊
၁၆ သားတော်၏ ဧဝံဂေလိတရား ကို တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အား ပြတော်မူ သောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊
၁၇ ငါ့အရင် တမန်တော်ဖြစ်နှင့်သော သူတို့ရှိရာ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍ တဖန် ဒမာသက်မြို့သို့ ပြန်လေ၏။
၁၈ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။
၁၉ သူနှင့်သခင်ဘုရား၏ညီတော် ယာကုပ်မှတပါး အခြားသောတမန်တော်တယောက်ကိုမျှ ငါမတွေ့မမြင်။
၂၀ ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသာစကားကို ငါမပြောမသုံးဟု ဘုရားသခင့်ရှေ့တော်၌ ငါဆို၏။



ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:15-19)

၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။
၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေး တော်မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုအကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏သိုးတို့ကိုထိမ်းလော့ဟု မိန့်တော်မူ၏။
၁၇ ယေရှုကလည်း ယောန၏သားရှိမုန်၊ သင်သည်ငါ့ကိုချစ် သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော် မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍ အလိုရှိရာအရပ်ရပ်သို့ သွားလာတတ်၏။  သင်သည် အိုသောအခါ လက်နှစ်ဖက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့ဟု ပေတရု အားမိန့်တော်မူပြန်၏။