Thu the 22nd: Ecclesiastes 1:1-11; Ps 90:3-17; John 14:6; Luke 9:7-9
ဒေသနာကျမ်း အခန်းကြီး ၁( Ecclesiastes 1:1-11);
၁ ဒါဝိဒ်၏ သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏ စကားဟူမူကား၊
၂ အနတ္တသက် သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
၃ လူသည် နေအောက်မှာ ကြိုးစားအား ထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။
၎ လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲ တည်၏။
၅ နေလည်း ထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ပြန်တတ်၏။
၆ လေသည်လည်း အစဉ်လည်သွား၍ လည်းပြီးသောအရပ်သို့ တဖန်ပြန်၍ လည်ပြန်တတ်၏။
၇ ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာ အရပ်သို့တဖန် ပြန်သွားတတ်၏။
၈ ခပ်သိမ်းသောအရာတို့သည် လူမပြောနိုင်အောင်ပင်ပန်း ခြင်းနှင့်ယှဉ်ကြ၏။ မျက်စိသည်မြင်၍ မကုန်တတ်။ နားသည်လည်းကြား၍ မဝတတ်။
၉ ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သော အမှုအရာမရှိ။
၁၀ ကြည့်ပါ။ အသစ်ဖြစ်၏ဟု ဆိုရသော အမှုအရာ တစ်စုံတစ်ခုရှိသလော။ ထိုအမှုအရာသည်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
၁၁ ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်၌ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာ နောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျောကြလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၉၀ (Ps 90:3-17);
၃ လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့ ပြန်ကြလော့ဟု မိန့်တော်မူ၏။
၎ ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညဥ့်ယံတယံကဲ့ သို့၎င်း ဖြစ်ပါ၏။
၅ လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည်မြက် ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
၆ နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏၊၊ ညဦးအချိန်၌ကား၊ ရိတ်၍ညိ‡ုးနွမ်းပါ၏။
၇ အမျက်တော် ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။
၈ အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထား သော အကျင့်များကို မျက်နှာတော်အလင်းထဲ၌ ၎င်း၊ လှန်ထားတော်မူ၏၊၊
၉ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့ သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်း သည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၁၁ အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ ပါသနည်း။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။
၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊
၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။
၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။
၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့ပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း အကျွန်ုပ် တို့ အဘို့မြဲမြံစေတော်မူပါ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:6);
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၉ (Luke 9:7-9);
၇ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်း မူကား၊ လူအချို့က ယောဟန်သည်သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။
၈ အချို့က ဧလိယပေါ်ထွန်း သည်ဟုဆိုကြ၏။ အချို့က ရှေးပရောဖက်တပါးပါး ထပြန်သည်ဟု ဆိုကြ၏။
၉ ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြားရသောဤသူကား အဘယ်သူနည်းဟုဆိုလျက် ယေရှုကိုမြင်ခြင်းငှါ အလိုရှိ၏။