Sun the 4th: Psalter III, Ordinary Time Week 23.
Wis 9:13-18; Ps 90:3-17; Phlm 9-17; Psalm 119:135; Luke 14:25-33
ပညာပါရမီကျမ်း အခန်းကြီး (၉) (ျွှငျ ၉ါ်၁၃-၁၈)း
၁၃။ အကြောင်းမူကား၊ ဘုရားသခင်၏ အကြံအစည်တော်သည်မည်သို့ရှိမည်ကိုမည်သူသိနိုင်ပါမည်နည်း။ ဘုရားသခင်၏ အလိုတော်ကိုမည်သူ
၁၄။ သဘောပေါက်နားလည်နိုင်ပါမည်နည်း။ အကြောင်း
မူကား၊ သေမျိုးဖြစ်သော လူသားတို့၏ စဉ်းစားကြံ စည်ခြင်းများသည် မဝံ့မရဲဖြစ်၍ တပည့်တော်၏အစီ
၁၅။ အစဉ်များသည် သေချာရေရာခြင်းမရှိပါ။ အကြောင်း မူကား၊ သေပျောက်ပျက်စီးနိုင်သော ခန္ဓာကိုယ်သည် ဝိညာဉ်ကိုလေးလံစေ၍ မြေမှုန့်နှင့် တဲအိမ်ပမာတည် ဆောက်ထားသော ဤခန္ဓာကိုယ်ကပင် စဉ်းစားဆင်
၁၆။ ခြင်စရာများစွာရှိသော စိတ်ကိုဖိစီးထားပါ၏။ ကမ္ဘာ ပေါ်ရှိ အကြောင်းအရာများကို ငါတို့ခန့်မှန်းချင့်ချိန် ရန် အလွန်ခက်ခဲလှပေ၏။ ငါတို့နှင့်လက်တစ်ကမ်း မှာရှိသော အရာတို့ကိုပင် ရှာဖွေတွေ့ရှိရန် ပင်ပန်းစွာ ကြိုးစားကြရ၏။ သို့သော် ကောင်းကင် နိုင်ငံမှာရှိ သော အရာတို့ကို မည်သူရှာဖွေ နိုင်ပါမည်နည်း။
၁၇။ ကိုယ်တော်ကသာ Óဏ်ပညာကို ပေးတော်မမူလျှင်၊ ကိုယ်တော်ကသာ အမြင့်ဆုံးအရပ်မှ သန့်ရှင်းသော ဝိညာဉ်တော်ကိုစေ လွှတ်တော်မမူလျှင် မည်သူသည် ကိုယ်တော်၏ အကြံအစည်တော်ကို သိနိုင်ပါမည်
၁၈။ နည်း။ ဤနည်းဖြင့် ကမ္ဘာပေါ်မှာရှိသော သူတို့အား ကိုယ်တော်သည်ဖြောင့်မှန်သောလမ်းကို ပြထားတော်
၁၉။ မူ၍ မည်သည့်အရာကို ကိုယ်တော်နှစ်သက်တော်မူ ကြောင်း လူတို့ လေ့လာဆည်းပူးကြပြီး သူတို့သည် Óဏ်ပညာအားဖြင့် ကယ်တင်ခြင်း ခံကြရ၏။
ဆာလံကျမ်း အခန်းကြီး ၉၀ (Ps 90:3-17);
၃ လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်းလူသားတို့ ပြန်ကြလော့ဟု မိန့်တော်မူ၏။
၎ ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညဥ့်ယံတယံကဲ့ သို့၎င်း ဖြစ်ပါ၏။
၅ လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည်မြက် ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
၆ နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏၊၊ ညဦးအချိန်၌ကား၊ ရိတ်၍ညိ‡ုးနွမ်းပါ၏။
၇ အမျက်တော် ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။
၈ အကျွန်ုပ်တို့ ၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထား သော အကျင့်များကို မျက်နှာတော်အလင်းထဲ၌ ၎င်း၊ လှန်ထားတော်မူ၏၊၊
၉ အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့ သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
၁၀ အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်း သည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
၁၁ အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ ပါသနည်း။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက် ကာလကို ရေတွက်နိုင်ခြင်းငှာ သွန်သင်တော်မူပါ။
၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ၊
၁၄ အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
၁၅ အကျွန်ုပ်တို့ကို ညှင်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီး သော နှစ်ပေါင်းများသည် အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကိုပေးသနား တော်မူပါ။
၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေသော။
၁၇ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်တို့ပေါ်သို့ ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း အကျွန်ုပ် တို့ အဘို့မြဲမြံစေတော်မူပါ။
ဖိလေမုန်သြဝါဒစာ အခန်းကြီး ၁ (Phlm 9-17);
၈။ ဤအကြောင်းကြောင့် ငါသည်ခရစ်တော်၌ ညီအစ် ကိုချင်းအနေဖြင့်ြုပသင့်ြုပထိုက်သည့် အမှုအရာကိုြုပရန် အမိန့် ပေးနိုင်ခွင့်ရှိသည်ဟု ယုံကြည်သော်
၉။ လည်းငါသည် သင့်ကို ချစ်သောကြောင့် သင့်အား မေတ္တာရပ်ခံပါ၏။ ခရစ်တော်ယေဇူး၏သံတမန်ဖြစ် သူ၊ ယခုအခါ ခရစ်တော်ယေဇူးအတွက် အကျဉ်းခံ နေရသူငါပေါလုသည် သင့်အားမေတ္တာရပ်ခံပါ၏။
၁၀။ ငါအကျဉ်းခံလျက်နေရစဉ်အခါ၌ ခရစ်တော်၌ငါ၏ သားဖြစ်လာရသူအိုနက်စီမုအတွက်ငါတောင်းပန်ပါ
၁၁။ ၏။သူသည်ယခင်ကသင့်အတွက်အသုံးမဝင်ခဲ့သော် လည်း၊ယခုအခါသင့်အတွက်နှင့်ငါ့အတွက်ပါအသုံး
၁၂။ ဝင်လာလေပြီ။ ငါသည်သူ့ကို သင့်ထံသို့ ပြန်၍ စေလွှတ်လိုက်သောအခါ ငါ၏စိတ်နှလုံးကိုလည်းအ
၁၃။ တူ လိုက်ပါစေပါပြီ။ ငါသည် သတင်းကောင်းကို ဟောပြောကြေညာခြင်းကြောင့်အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စား ငါ့ကိုကူညီရန်သူ့ကို
၁၄။ ခေါ်ထားလိုပါသည်။သို့ရာတွင်သင်၏သဘောတူညီချက်မရရှိဘဲ အဘယ်အမှုကိုမျှငါမြုပလိုပါ။ငါ့ကို ကူညီမစစေရန်သင့်အားငါအနိုင်အထက်မြုပလိုပါ။သင်၏စေတနာအလျောက်သာလျှင်မစစေလိုပါ၏။
၁၅။ အိုနက်စီမုသည်သင်နှင့်အစဉ်နေထိုင်နိုင်ရန်အတွက်
၁၆။ သင်နှင့်ခေတ္တမျှခွဲခွါရခြင်းဖြစ်တန်ရာ၏။ယခုအခါသူသည် ကျွန်မျှသာ မဟုတ်တော့ဘဲ ခရစ်တော်၌ ချစ်သောညီတော် ဖြစ်လာပေပြီ။သူသည်ငါ့အတွက် အလွန်တန်ဖိုးရှိပေသည်။သို့ရာတွင်သင့်အတွက်မှာမူ ကျွန်အဖြစ်နှင့်လည်းကောင်း၊ သခင်ဘုရား၌ ညီ တော်အနေနှင့်လည်းကောင်းများစွာ ပို၍ပင်တန်ဖိုးရှိ
၁၇။ ပေမည်။သို့ဖြစ်၍သင်သည်ငါ၏လုပ်ဆောင်ဘက်ဟု မှတ်ယူလျှင် ငါ့အား ကြိုဆိုလက်ခံသကဲ့သို့ သူ့
၁၈။ အား ကြိုဆို လက်ခံပါလော့။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Psalm 119:135);
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:25-33);
၂၅ လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည် လှည့်၍ကြည့်တော် မူပြီးလျှင်၊
၂၆ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
၂၇ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
၂၈ သင်တို့တွင် တယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။
၂၉ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီး နိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊
၃၀ ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။
၃၁ တနည်းကား၊ တစုံတယောက်သောရှင်ဘုရင်သည် အခြားသော ရှင်ဘုရင်နှင့် စစ်ပြိုင်မည် ဟုအကြံရှိလျှင်၊ လူနှစ်သောင်းနှင့်ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင် မည်မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။
၃၂ မခံနိုင်သည်မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည် မဟုတ်လော။
၃၃ ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။