Saturday, 10 September 2016

10-SEP-2016 (READING ORD23 -YC-C2)

Sat the 10th: 1 Cor 10:14-22; Ps 116:12-18; John 14:23; Luke 6:43-49

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၀ ( 1 Cor 10:14-22);

၁၄ ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။
၁၅ သင်တို့ကို ပညာရှိကဲ့သို့ မှတ်၍ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။
၁၆ ငါတို့သည် ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ကိုယ်ကို ဆက်ဆံ ခြင်းဖြစ်သည် မဟုတ်လော။
၁၇ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက် ခံယူကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
၁၈ ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကို စားသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆက်ဆံ သောသူ ဖြစ်ကြသည် မဟုတ်လော။
၁၉ ထိုသို့ဆိုသော် အဘယ်သို့ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟုဆိုလိုသလော။
၂၀ ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အားပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုး တို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
၂၁ သခင်ဘုရား၏ခွက်ဖလား၊ နတ်ဆိုးတို့၏ခွက်ဖလား နှစ်ပါးကို သင်တို့ မသောက်နိုင်ကြ။ သခင်ဘုရား၏စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍မစားနိုင်ကြ။
၂၂ သခင်ဘုရားအမျက် တော်ထွက်စေခြင်းငှါ ငါတို့ပြုရကြသလော။ ငါတို့သည် ဘုရားသခင်ထက်သာ၍ တန်ခိုးကြီးကြသလော။

ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-18);

၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို  ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:23);

၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၆ (Luke 6:43-49);

 ၄၃ မကောင်းသောအသီးကိုသီးသောအပင်ကား၊ ကောင်းသောအပင်မဟုတ်။ ကောင်းသောအသီးကို သီးသောအပင်ကား၊ မကောင်းသောအပင်မဟုတ်။
၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။
၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဘော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ် ကြသနည်း။
၄၇ ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်း ဟူမူကား၊
၄၈ တိုက်ကို တည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကို ရိုက်ခတ်သောအခါ ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။
၄၉ ငါ့စကားကိုကြား၍ နားမထောင် သောသူမူကား၊ အခုအခံမရှိဘဲမြေပေါ်မှာ တိုက်ကိုတည် သောသူနှင့်တူ၏။ ရေစီး၌ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။