Sunday, 18 September 2016

18-SEP-2016 (READING ORD25 -YC-C2)

Sun the 18th: Psalter I, Ordinary Time Week 25.
Amos 8:4-7; Ps 113:1-8; 1 Tim 2:1-8; 2 Cor 8:9; Luke 16:1-13

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၈( Amos 8:4-7);

၎-၆ ငါတို့သည် စပါးကိုရောင်းအံ့သောငှါ လဆန်းနေ့လွန်ပါစေ။ ဂျုံကိုရောင်း အံ့ငှါ ဥပုသ်နေ့လွန်ပါစေဟု ဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှါင်းလုပ်၍၊ စဉ်းလဲသောချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်င်း၊ ငတ်မွတ်သောသူကို ခြေနင်းတရံနှင့်င်းဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်နင်း၍ဆင်းရဲသော ပြည်သားတို့ကိုဖြတ်ခြင်းငှါ အလွန်အလို့ကြီးသောသူတို့၊ ဤစကားကိုနား ထောင်ကြလော့။
၇ ထာဝရဘုရားသည် ယာကုပ်၏ ဘုန်းကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ အကယ်စင်စစ် သူတို့ကျင့် ကြံပြုမူသမျှတို့ကို ငါသည်အစဉ်မပြတ်မမေ့လျော့။

ဆာလံကျမ်း အခန်းကြီး ၁၁၃ (Ps 113:1-8);

၁ ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလော၊၊ ချီးမွမ်းကြလော့၊၊
၂ ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍ အစဉ်အဆက် မင်္ဂလာရှိစေသတည်း၊၊
၃ နေထွက်ရာမှသည် နေဝင်ရာတိုင်အောင် ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏၊၊
၎ ထာဝရဘုရားသည် လူမျိုးတကာ တို့အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏၊၊
၅ ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း
၆ ကိုယ်ကို နိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း၊၊
၇ ဆင်းရဲသော သူကို မြေမှုန့် ထဲက ကြွလျက် ငတ်မွတ်သော သူကို နောက်ချေးပုံထဲက မြှောက်လျက်
၈ မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏၊၊
၉ မြုံသော မိန်းမသည် အိမ်၌နေ၍ ဝမ်းမြောက်သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏၊၊ ဟာလေလုယ၊၊

တိမောသေသြဝါဒပဌမစောင် အခန်းကြီး ၂ (1 Tim 2:1-8);

၁-၂ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရ မည်အကြောင်း၊ ရှင်ဘုရင်မှစ၍မင်းအာဏာရှိသောသူအပေါင်းတို့နှင့်လူအမျိုးမျိုးတို့အဘို့ ဆုတောင်းပဌနာ ပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းကို ရှေ့ဦးစွာပြုစေခြင်းငှါ ငါတိုက်တွန်းသွေးဆောင်၏။
၃ အကြောင်းမူကား၊ ထိုသို့သောအမှုသည်ကောင်းသောအမှုဖြစ်၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရား သခင် နှစ်သက်တော်မူသော အမှုလည်းဖြစ်၏။
၎ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။
၅ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသောအာမခံတဦးတည်းရှိ၏။
၆ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုကိုယ် စွန့်တော်မူပြီ။ ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။
၇ ငါသည်ထိုသက်သေ ခံသောသူ အရာ၌၎င်း၊ တမန်တော် အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကိုတပါးအမျိုးသားတို့အား ဟောပြောသောဆရာအရာ၌၎င်း ခန့်ထားတော်မူသောသူဖြစ်သည်ဟု ငါဆိုသော်၊ မုသာစကားကိုမဆို၊ မှန်သောစကားကိုဆို၏။
၈ သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသော လက်ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);

၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၆(Luke 16:1-13);

၁ တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကိုဖျက်ဆီးသည် အကြောင်းကိုသူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊
၂ သခင်သည်ဘဏ္ဍာစိုးကိုခေါ်၍၊ သင်၏အမှုအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသောစာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။
၃ ထိုအခါဘဏ္ဍာစိုးက၊ ငါသည်အဘယ် သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကိုနှုတ်လေပြီ။ လယ်လုပ်ခြင်းငှါမစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်း ငှါရှက်ကြောက်၏။
၎ ဘဏ္ဍာစိုးအရာမှ ကျသည် နောက်သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ငါပြုရမည်ကိုငါသိ၏ ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊
၅ သခင်၏ ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင် ကိုဆပ်ပေးရန်သင်၌ အဘယ်မျှ လောက်ရှိသနည်းဟု တယောက်ကိုမေးလျှင်၊
၆ ထိုသူက၊ ဆီအခွက်တထောင်ပေးရန်ရှိ ပါသည် ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကိုရေးမှတ် လော့ဟု ဆို၏။
၇ ထိုနောက်အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာ ကိုရေးမှတ်လော့ဟုဆို၏။
၈ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည်ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍လိမ္မာကြ၏။
၉ တဖန်ငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
၁၀ အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။
၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်း စိမ်ကိုသုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကိုသင်တို့၌ အဘယ်သူအပ် မည်နည်း။
၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည်အပိုင် ပေးမည်နည်း။
၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦး အစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။