Thursday, 29 September 2016

29-SEP-2016 (READING ORD26 -YC-C2)

Thu the 29th:    Feast of Michael, Gabriel and Raphael, Archangels.
Job 19:21-27; Ps 27:7-14; Mark 1:15; Luke 10:1-12

ယောဘဝတ္တု အခန်းကြီး ၁၉ ( Job 19:21-27);

 ၂၁ သွားဖုံးတခုသာပါလျက် ငါပြေးလွတ်ရ၏။အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ၊၊ ငါ့ကိုသနားကြပါ၊၊ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ၊၊
၂၂ ဘုရားသခင် ညှဉ်းဆဲတော်မူသည့်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း၊၊ အဘယ်ကြောင့် ငါ့အသားကိုစား၍ မရောင့်ရဲသော နေကြသနည်း၊၊
၂၃ ငါ့စကားကို ယခုရေးမှတ်ပါစေသော၊၊ စာရင်း၌ သွင်းထားပါစေသော၊၊
၂၄ ခဲပြားပေါ်မှာ ကညစ်နှင့် အက္ခရာတင် လျက်၊ ကျောက်စာထိုးလျက် မြဲပါစေသော၊၊
၂၅ ငါ့ကိုရွေးနှုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့် အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍င်း၊
၂၆ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓြွာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍င်း ငါသိ၏၊၊
၂၇ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်၊၊ သူတပါးမြင်သည် သာမက၊ ငါသည်ကိုယ်မျက်စိနှင့်ဖူးမြင်မည်၊၊ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏၊၊

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:7-14);

၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊



ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:15);

၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀(Luke 10:1-12);

၁ ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကိုခန့်ထားတော်မူ၍၊ ကိုယ်တိုင် ကြွလေအံ့သောမြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၏။
၂ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။
၃ သင်တို့သွားလေ သည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။
၎ ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။
၅ မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြ လော့။
၆ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။
၇ သို့မဟုတ် သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေသည်။ တအိမ်မှတအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။
၈ အကြင်မြို့သို့သင်တို့ဝင်၍ မြို့သားတို့သည်လက်ခံ၏၊ ထိုမြို့၌ သင်တို့ရှေ့မှာထည့် သမျှကိုစားကြလော့။
၉ လူနာများကိုချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်   ထောင် သောအချိန်နီးပြီဟု သူတို့အားဟောပြောကြလော့။
၁၀ အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သောသင်တို့မြို့၏မြေမှုန့်ကို ငါတို့ခါလိုက်၏။
၁၁ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အနီးသို့ ရောက်ကြောင်းကိုသိမှတ်ကြဟု သူတို့အားပြောကြလော့။
၁၂ ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရ လတံ့။