Sat the 13th: (Memorial of Lucy, virgin and martyr.)
Sir 48:1-11; Ps 80:1-19; Matt 17:9-13
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး (၄) (Sir 48:1-11)း
၁။ငါ့သား၊ဆင်းရဲသားတစ်ဦး၏အသက်မွေးဝမ်းကျောင်းလုပ်ကိုင်စားသောက်ခြင်းကိုမဆုံးရှုံးပါစေနှင်။သင့်ထံသို့အသနားခံသောမျက်လုံးများနှင့်လာသောဆင်းရဲသားကိုမစောင့်ဆိုင်းစေနှင့်။
၂။ဆာလောင်မွတ်သိပ်နေသောသူကိုစိတ်ဒုက္ခမရောက်ပါစေနှင့်။အကူအညီလိုအပ်နေသူအားဒေါသအမျက် မထွက်ပါနှင့်။
၃။စိတ်ပျက်အားငယ်နေသောသ၏ူပူပင်သောကများကိုဆိုးရွားအောင်မလုပ်ပါနှင့်။ဒုက္ခရောက်နေသောသူအားပေးကမ်းမည့်အကူအညီကိုအချိန်ဆွဲမထားလေနှင့်။
၎။ဆင်းရဲဒုက္ခဖိစီးနေသောသူတောင်းစားကိုမငြင်းပယ်ပါနှင့်။ဆင်းရဲသားထံမှသင၏်မျက်နှာကို ဖယ်လွှဲမသွားလေနှင့်။
၅။ သင၏်အကူအညီကို လိုအပ သ်ူထံမှ သင်မျက်စိကိုလွှဲဖယ်မထားပါနှင့်။သင့်ကိုကျိန်ဆဲစေရန်မည်သူ့ကိုမျှအခွင့်အရေးဖန်တီးမပေးပါနှင့်။
၆။အကယ်၍လူတစ်ယောက်သည်သ၏ူပူဆွေးနာကျည်းမှု၌သင့်ကိုစိတ်ထဲမှ ကျိန်ဆဲပါကဖန်ဆင်းရှင်သည်၏သ၏ူဆုတောင်းသံကိုနားညောင်းတော်မူလိမ့်မည်။
၇။လူ့အဖွဲ့အစည်းတွင်ခင်မင်ရင်းနှီးဖွယ်ဖြစ်အောင်နေလော့။အာဏာရှိသူအားဦးညွှတ်ရိုသေမှုûပလော့။
၈။ဆင်းရဲသား၏စကားကိုဂရုတစိုက်နားထောင်ပါလော့၊သ၏ူနူတ်ဆက်ခြင်းကိုယဉ်ကျေးသိမ်မွေ့စွာတုံ့ပြန်ပါလော့။
၉။ဖိနှိပ်အနိုင်ကျင့်ခံရသူကိုဖိနှိပ်သ၏ူလက်မှကယ်ဆယ်ပါလော့။တရားမျှတစွာစီရင်ခြင်းûပသေအခါအားနည်း ပျော့ညံ့ခြင်းမရှိစေနှင့်။
၁၀။ဖခင်မရှိသူတို့အတွက်ဖခင်သဖွယ်ဖြစ်စေလော့။သူတို့မိခင်မုဆိုးမများအတွက်ခင်ပွန်းတစ်ဦးကဲ့သို့ကူညီစောင့်ရှောက်လော့။ဤသို့ဖြင့်သင်သည်အမြင့်ဆုံးဘုရားသခင၏်သားကဲ့သို့ဖြစ်လိမ့်မည်ကုယ်တော်သည်လည်းသင့်ကိုမိခင်ကဲ့သို့ချစ်မြတ်နိုးတော်မူလိမ့်မည်။
၁၁။ဉာဏ်ပညာသည်မိမ၏ိသားသမီးများကိုသင်ကြားပျိုးထောင်ပေးလျက်မိမိကိုရှာဖွေသူတို့အား ဂရုတစိုက်စောင့်ရှောက်ကြ၏်
ဆာလံကျမ်း အခန်းကြီး ၈၀ (Ps 80:1-19);
၁ သိုးစုကိုပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မှုသော ဣသရေလသိုးထိန်းကြီး၊ နားထောင်တော်မူပါ။ ခေရုဗိမ်တွင် ကျိန်းဝပ်တော်မူသော ဘုရား၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။
၂ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုး၊ မနာရှေအမျိုးတို့ရှေ့မှာ တန်ခိုးတော်ကို နှိုးဆော်၍၊ အကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ ကြွတော်မူပါ၊
၃ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
၎ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ ပြုသော ပဌာနစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
၅ သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာတိုက်တော်မူ၏။
၆ အနီးအပါး၌နေသော သူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ယယ်ပြုကြပါ၏။
၇ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
၈ ကိုယ်တော်သည် စပျစ်နွယ်ပင်ကို အဲဂုတ္တုပြည်ကဆောင်ခဲ့၍၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးမှ စိုက်ပျိုးတော်မူ၏။
၉ သူ၏နေရာကို ပြုပြင်တော်မူသဖြင့်၊ သူသည်အမြစ်ကျ၍ တပြည်လုံးကိုနှံ့ပြားပါ၏။
၁၀ သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက်အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။
၁၁ သူသည် အခက်အလက်တို့ကို ပင်လယ်တိုင်အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင် ၎င်း ပြန့်ပွားစေပါ၏။
၁၂ ယခုမူကား၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် ဆွတ်စေခြင်းငှာ၊ သူ၏ခြံကို အဘယ်ကြောင့်ချိုးဖျက် တော်မူသနည်း။
၁၃ တောဝက်သည် ထိုအပင်ကို ကိုက်ခဲ၍ တောသားရဲသည်လည်းစားပါ၏။
၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင်၊ တဖန်ကြွလာတော်မူမည် အကြောင်း တောင်းပန်ပါ၏။ ကောင်းကင်ကကြည့်ရှု့တော်မူပါ။ ထိုစပျစ် နွယ်ပင်ကို အကြည့်အရှု့ကြွလာ တော်မူပါ။
၁၅ လက်ျာလက်တော်နှင့် စိုက်ပျိုးသောအပင်၊ ကိုယ်တော့်အဘို့ ခိုင်မာစေ တော်မူသော ပျိုးပင်ကိုကွယ်ကာတော်မူပါ။
၁၆ မီးရှို့ပါပြီ။ ခုတ်လှဲပါပြီ။ မျက်နှာတော်ဖြင့် ဆုံးမခြင်းကို ခံရသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။
၁၇ လက်ျာလက်တော်နှင့် ဆိုင်သောလူ၊ ကိုယ်တော်အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
၁၈ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာ ပြု ကြပါမည်။
၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော် အလင်းကိုပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၇(Matt 17:9-13)
၉ တော်ပေါ်မှဆင်းကြသောအခါ ယေရှုက၊လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင်၊ သင်တို့ ယခုမြင် သော ရူပါရုံကိုအဘယ်သူအားမျှမပြောကြနှင့်ဟုတပည့်တော်တို့ကိုပညတ်တော်မူ၏။
၁၀ ထိုအခါ တပည့်တော်တို့က၊ဧလိယသည်အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည်အဘယ်ကြောင့်ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
၁၁ ယေရှုက၊ ဧလိယသည် အရင်လာ၍အလုံးစုံတို့ကိုပြုပြင်ရသည်မှန်ပေ၏။
၁၂ ငါဆိုသည်ကား၊ ဧလိယရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့်သူ့အားပြုချင်သမျှကိုပြုကြပြီ။ ထိုနည်းတူလူသားသည်လည်းထိုလူများလက်၌ခံရမည် ဟုမိန့်တ်ာမူသော်၊
၁၃ ဗတ္တိဇံ ဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကိုတပည့်တော်တို့ သည်နားလည်ကြ၏။