Sunday, 7 December 2014

7-DECEMBER-2014-(READING)

Sun the 7th:    Psalter II, Advent Week 2.
                        (Memorial of Ambrose, bishop and doctor.)
                        Vigil of Solemnity of The Immaculate Conception.
Isa 40:1-11; Ps 85:9-14; 2 Pet 3:8-14; Mark 1:1-8

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၀(Isa 40:1-11);

၁ သင်တို့၏ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့။ နှစ်သိမ့်စေကြလော့။
၂ စစ်မှုကိုထမ်းရသော အချိန်စေ့ပြီ။ သင်၏ အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသော စကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ၊၊
၃ တော၌ ဟစ်ကြော်သော သူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊၊ ငါတို့ဘုရား သခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့၊၊
၎ ချိုင့်ဝှမ်းရာ ရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးး တောင်ငယ်ရှိ သမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကိုဖြောင့်စေရမည်။ ကြမ်းတမ်းသော လမ်းများကိုလည်း သုတ်သင် ပြင်ဆင်ရမည်။
၅ ထာဝရဘုရား၏ ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ကြရလေတုံ့ဟု ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
၆ တဖန်ထိုအသံက၊ ဟစ်ကြော်လော့ဟုဆိုလျှင်ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်းဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။ လူမျိုး၏ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ဖြစ်၏။
၇ ထာဝရဘုရား၏ လေတိုက်သောအခါ၊ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်သည်လည်းကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။
၈ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တရားမှုကား၊ကာလအစဉ်အမြဲတည်၏ဟုဆိုသတည်း။
၉ ဇိအုန်းတောင်သို့ဝမ်းမြောက်စရာသိတင်းကိုဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တတ်လော့။ ယေ ရုရှလင်မြို့သို့ဝမ်းမြောက်စရာသတင်းကိုဆောင်ခဲ့သောသူ၊ ကျယ်သောအသံကိုလွှင့်လော့။ မစိုးရိမ်ဘဲ အသံကိုလွှင့် လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာ တို့အားပြောလော့။
၁၀ ကြည့်ရှုလော့။ အရှင်ထာဝရဘုရား သည်၊ကြီးသောတန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သော အခ မိမိ ၌ပါလျှက်၊ ဆုလပ် တော်သည် ရှေ့တော်၌ ရှိ၏။
၁၁ မိမိသိုးစုကို သိုးထိန်းကဲသို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင်တော်မူမည်။

ဆာလံကျမ်း အခန်းကြီး ၈၅ (Ps 85:9-14);

၉ ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော် မူခြင်း ကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏ အနီးသို့ ဧကန်အမှန်ရောက်လေပြီ။
၁၀ ကရုဏာနှင့် သစ္စာဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တပါးကိုတပါးနမ်းကြပြီ။
၁၁ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။
၁၂ အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 
၁၃ တရားသည် ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။

ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၃ (2 Pet 3:8-14);

၈ ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည်တရက် ကဲ့သို့၎င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။
၉ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။
၁၀ သူခိုးသည်ညဥ့်အခါ လာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
၁၁-၁၂ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။
၁ ချစ်သူတို့၊ ဤဒုတိယသြဝါဒစာကိုသင်တို့အား ယခုငါရေး၍ပေးလိုက်၏။
၁၃ ယခုရှိသမျှသော အရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့် ကြ၏။
၁၄ ထိုသို့မြော်လင့်ခြင်း ရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍အဘယ်အပြစ် မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာ ရောက်မည်အကြောင်း ကြိုးစားအားထုတ် ကြလော့။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁ (Mark 1:1-8);

၁ ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကိုဆိုပေအံ့။
၂ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။
၃ တော၌ဟစ် ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု လာသည်နှင့်အညီ၊
၎ ယောဟန်သည် တော၌ ဗတ္တိဇံ ကိုပေးလျှက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တ နှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောလျက်ပေါ်ထွန်း၏။
၅ ယေရှုရှလင်မြို့သားများမှ စ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည်၊ ယောဟန်ထံသို့ထွက်သွား၍ မိမိတို့အပြစ်များကို ဘော်ပြလျှက် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကိုခံကြ၏။
၆ ယောဟန်သည် ကုလားအုတ်အမွှေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကိုစားလျက်နေ၏။
၇ ဟောချက် စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှါ ငါမထိုက်။
၈ ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံ ကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်၌ သင်တို့ကို ဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။