Sunday, 14 December 2014

14-DECEMBER-2014-(READING)

Sun the 14th:    Psalter III, Advent Week 3.
                        Gaudete Sunday.
                        (Memorial of John of the Cross, priest and doctor.)
Isa 61:1-11; Luke 1:46-54; 1 Thess 5:16-24; John 1:6-28

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၁(Isa 61:1-11);

၁ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကိုကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိက်ပေးတော်မူပြီ၊၊ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါင်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကိုပြစေခြင်းငှါင်း၊
၂ ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြောစေခြင်းငှါင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါင်း၊
၃ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်း ခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ ညိ‡ုးငယ်သော စိတ်သဘောအရာ၌ ချီးမွမ်းခြင်းအဝတ်တန်ဆာကို သူတို့အား ပေးစေ ခြင်းငှါင်း၊ ငါ့ကိုစေလွှတ်တော်မူပြီ၊၊ ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်၊၊
၎ ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြလိမ့်မည်၊၊ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက်စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်၊၊
၅ တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်၊၊ တကျွန်းတနိုင်ငံသားတို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်၊၊
၆ သင်တို့မူကား ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဟူ၍င်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍င်း သမုတ်ခြင်းကို ခံရကြလိမ့်မည်၊၊ တပါးအမျိုးသားတို့၏ စည်းစိမ်ကိုစား၍ သူတို့၏ဘုန်းအသ ရေ၌ ဝါကြွားဝမ်းမြောက်ကြလိမ့်မည်။
၇ သူတို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကိုခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့အဘို့ကိုခံစားလျက်၊ ဝမ်းမြောက်ကြလိမ့်မည်၊၊ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဘုရားဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်၊၊
၈ အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏၊၊ လုယူခြင်းအမှုနှင့် အဓမ္မအမှုကိုမုန်း၏၊၊ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်၊၊ သူတို့နှင့် ထာဝရ ပဋိညာဉ်ကိုဖွဲ့မည်၊၊
၉ သူတို့အမျိုးအနွယ်သားစဉ် မြေးဆက်တို့သည် တပါးအမျိုးသား နေရာအရပ်ရပ်၌ ကျောစောကြလိမ့်မည်၊၊ သူတို့သည်ထာဝရဘုရား ကောင်းကြီးပေးတော်မူသော အမျိုးအနွယ်ဖြစ်ကြကုန်၏ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်၊၊
၁၀ ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက်၍၊ ငါ၏ ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်း မည်။ အကြောင်းမူကား မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့င်း၊ မင်္ဂလာဆောင် သတို့သမီး သည် တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်း ဝတ်လုံနှင့် ခြုံတော်မူပြီ၊၊
၁၁ မြေကြီးသည် အပင်ကိုပေါက်စေ သကဲ့သို့င်း၊ လယ်ယာသည် မိမိ၌စိုက်သော မျိုးစေ့ကို အညှောင့်ထွက်စေသကဲ့သို့င်း၊ ထို့အတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:46-54);

၄၆ မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
၄၇ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကိုအမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
၄၈ အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသော သူဟူ၍ ခေါ်ကြလိမ့်မည်။
၄၉ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ။ ထိုဘုရား၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
၅၀ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော် မူခြင်း ကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။
၅၁ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေတော်မူပြီ။
၅၂ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို မြှောက်တော်မူပြီ။
၅၃ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာပေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။
၅၄ ငါတို့ ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော် မူသည်နှင့်အညီ၊
၅၅ အာဗြဟံမှစသော သူ၏အမျိုးအနွှယ်အား သနားခြင်း ကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်း ငှါ သတိထား၍ မိမိကျွန် ဣသရေလကို မစတော်မူသည်ဟုဆို၏။

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 Thess 5:16-24);

၁၆ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။
၁၇ မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။
၁၈ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
၁၉ိဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေနှင့်။
၂၀ ပရောဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြနှင့်။
၂၁ ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို မြဲကိုင်စွဲကြလော့။
၂၂ မကောင်းသောအမှု အမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
၂၃ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန် အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့သခင် ယေရှုခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ကိုယ်ခန္ဓွာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
၂၄ သင်တို့ကို ခေါ်တော်မူသော သူသည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁ (John 1:6-28);

၆ ယောဟန်အမည်ရှိသောသူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။
၇ ထိုသူကို လူအပေါင်း တို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည်သက်သေခံဖြစ်၍၊ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါလာ၏။
၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာ လာ၏။
၉ ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။
၁၀ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။
၁၁ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။
၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။
၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
၁၅ ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ကြီး မြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။
၁၆ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူး တပါး၌ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ။
၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင်ပေးတော်မူ၏။ ကျေးဇူး တရားနှင့်သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
၁၉ ယုဒလူတို့က၊ သင်သည် အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှစေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
၂၀ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ၊ အတိအလင်းပြောဆို၏။
၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည်ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟုဆိုပြန်၏။
၂၂ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာရှိစေခြင်းငှါ၊ သင်သည်ကိုယ် ကိုအဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။
၂၃ ယောဟန်ကလည်း၊ ငါသည် ပရောဖက်ဟေရှာယ ဟောပြော သည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏ အသံဖြစ်သည်ဟုဆို၏။
၂၄ အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း၊
၂၅ ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သောပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေးပြန်ကြ၏။
၂၆ ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောသူတယောက်ရှိ၏။
၂၇ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှဖြည်ခြင်းငှါ ငါမထိုက်ဟုပြန်ပြော၏။
၂၈ ယောဟန်သည် ဗတ္တိဇံ ကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။