Sat the 20th: Isa 7:10-14; Ps 24:1-6; Luke 1:26-38
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၇ (Isa 7:10-14);
၁၀ တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင်ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့၊၊
၁၁ နက်သော အရပ်၌ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
၁၂ အာခတ်မင်းက ကျွန်ုပ်မတောင်းပန်ပါ၊၊ ထာဝရဘုရားကိုမစုံစမ်းပါဟုပြန်ပြော၏၊၊
၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့၊၊ သင်တို့သည် လူကိုငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြမည်လော့၊၊
၁၄ ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်၊၊ ကြည့်ရှုလော့၊၊ သတို့သမီးကညာသည်၊ ပဋိသန္ဓြေွယူ၍၊ သားယောက်ျားကို ဘွားမြင် လတံ့၊၊ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့၊၊
ဆာလံကျမ်း အခန်းကြီး ၂၄ (Ps 24:1-6);
၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ ကို၎င်းပိုင် တော်မူ၏။
၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။
၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည်တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်းဟူမူကား
၎ သန့်ရှင်းသော လက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊
၅ ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီးမင်္ဂလာကို ၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှဖြောင့်မတ်ခြင်း တရားကို ၎င်းခံရလိမ့်မည်။
၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုးဖြစ်သတည်း။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:26-38);
၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
၂၇ မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။
၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
၃၆ ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
၃၇ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊
၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင် တမန်သည် မာရိထံမှသွားလေ၏။