Sun the 21st: Psalter IV, Advent Week 4.
(Optional memorial of Peter Canisius, priest and doctor.)
2 Sam 7:1-16; Ps 89:1-29; Rom 16:25-27; Luke 1:26-38
ဓမ္မရာဇဝင်ဒုတိယစောင် အခန်းကြီး ၇ (2 Sam 7:1-16);
၁ ထာဝရဘုရားသည် အရပ်ရပ်တို‹၌ ရှိသောရန်သူအပေါင်းတို‹လက်မှ ကယ်လွှတ်တော် မူသောကျေးဇူးကို ရှင်ဘုရင်သည်ခံရ၍၊ နန်းတော်၌ ငြိမ်ဝပ်စွာနေရသောအခါ။
၂ ပရောဖက်နာသန်ကိုခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ် သစ်သားအိမ်နှင့် နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့် သာကွယ်ကာလျက်နေရ သည်ဟုဆိုသော်၊
၃ နာသန်က၊ အကြံတော်ရှိသမျှ အတွင်း ပြုတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူ ရှိတော်မူသည်ဟုပြန်လျောက်၏။
၎ ထိုညဥ့်တွင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် နာသန်သို‹ရောက်၍
၅ ငါ့ကျွန် ဒါဝိဒ်ထံသို‹သွားလော့။ ထာဝရဘုရားမိန်တော်မူသည်ကား၊ သင်သည်ငါနေစရာဘို‹အိမ်ဆောက်ရမည်လော။
၆ ဣသ ရေလအမျိုးသား တို‹ကို အဲဂုတ္တု ပြည်မှနှုတ်ဆောင်သောနေ့ ကစ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ။ တဲအမျိုးမျိုးနှင့် ငါလှည့်လည်ပြီ။
၇ ဣသရေလမျိုးသားတို‹နှင့် ငါလည့်လည်ရာ အရပ်ရပ်တို‹၌၊ ငါ၏ လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလ တရားသူကြီး တစုံတယောက်အား၊ သင်သည် င့ါအဘို‹အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
၈ ယခုမှာ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန်တော် မူသည်ကား၊ သိုးထိန်းရာ သိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏ လူဣသရေလအမျိုးသားတို‹ကို အုပ်စိုးသော မင်းအရာ၌ ငါခန့်ထားပြီ။
၉ သင်သွားလေရာရာ၌ ငါလိုက်၍ သင်၏ ရန်သူအပေါင်းတို‹ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသားတို‹ တွင် လူကြီး၏ ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။
၁၀ ထိုမှတပါ၏လူဣသရေလ အမျိုးနေရာအရပ်ကို ငါပြင်ဆင်ပြီ။ သူတို‹သည်နောက်တဖန် မပြောင်းလဲ မိမိတို‹နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို‹ သည်ရှေးကာလ၌င်း။
၁၁ ငါ၏ လူဣသရေလအမျိုးတွင် တရားသူကြီးတို‹ကို ခန်‹ထားသော ကာလ၌င်း၊ ညှဉ်းဆဲသကဲ့သို‹ နောက်တဖန် မညှဉ်းဆဲရ။ သင့်ကိုလည်းရန်သူအပေါင်းတို‹ လက်မှကယ်လွတ်၍ ချမ်းသာပေးပြီ။ သင်၏ အမျိုးအနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရားမိန်‹တော်မူပြီ။
၁၂ သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို‹နှင့်အတူအိပ်ပျော်သောအခါ သင်၏ရင်သွေး၊သင်မှဆင်းသက်သော သားကိုငါ မြှောက်၍ သူ၏နိုင်ငံကို တည်ထောင် မည်။
၁၃ ထိုသားသည်ငါ၏နာမအဘို့ အိမ်ကိုဆောက် လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။
၁၄ ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည်ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သောကြိမ်လုံးနှင့် ငါဆုံးမမည်။ လူသားရိုက်တတ် သကဲ့သို့ငါရိုက်မည်။
၁၅ သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ငါ၏ ကရုဏာကို နှုတ်သကဲ့သို့ သင်၏ သား၌ငါမနှုတ်။
၁၆ သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ ရာဇပလ္လင်သည်လည်းအစဉ်မမြဲတည်လိမ့်မည်ဟု ငါ့ကျွန် ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၈၉ (Ps 89:1-29);
၁ အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏ သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
၂ ကရုဏာတော်သည် အစဉ်အမြဲတည်ရ ပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့မြဲမြံစေတော်မူသည်ဟု အကျွန်ုပ်သဘောကျပါ၏။
၃-၄ ကိုယ်တော်မိန့် တော်မူသည်ကား၊ သင်၏ အမျိုးအနွယ်ကို အစဉ်မပြတ်ငါ မြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက် သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
၅ အိုထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ်သော အမှုတော်ကို၎င်း၊ သန့်ရှင်းသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
၆ အကြောင်းမှုကား၊ ကောင်းကင်တွင် ထာဝရဘုရား နှင့် အဘယ်သူပြိုင်နိုင် သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
၇ ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိတ်သတ်တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသော သူအပေါင်းတို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။
၈ ကောင်းကင် ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါ သနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
၉ သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
၁၀ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ကွဲပြားစေတော်မူ၏။
၁၁ ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။
၁၂ မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကို အမှီပြု၍ ရွင်လန်းစွာ သီဆိုကြပါ၏။
၁၃ တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာ လက်တော်သည် မြင့်ပါ၏။
၁၄ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
၁၅ အိုထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။
၁၆ သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်း တရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။
၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
၁၈ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသလေအမျိုး၏ သန့်ရှင်းသော ဘုရားသည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည်အကြောင်းငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သော သူတစ်ယောက်ကို ငါမြှောက်ပြီ။
၂၀ ငါ၏ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။
၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကိုမြဲမြံခိုင်ခံ့စေမည်။
၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှင်းဆဲရ။
၂၃ သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသောသူတို့ကို ဒဏ်ခတ်မည်။
၂၄ ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် မြှောက်လျက်ရှိလိမ့်မည်။
၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊ သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
၂၆ သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊အကျွန်ုပ်ကိုကယ်တင်ရာ ကျောက်ဖြစ် တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
၂၇ အကယ်စင်စစ် သူ့ကိုသားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့ အပေါ်မှာ ချီးမြှောက်မည်။
၂၈ ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
၂၉ သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲတည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကာလကဲ့သို့ နိစ္စထာဝရ ဖြစ်လိမ့်မည်။
ရောမသြဝါဒစာ အခန်းကြီး ၁၆ (Rom 16:25-27);
၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာထင်ရှားသည်ဖြစ်၍၊
၂၆ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော် အတိုင်း ထိုသူတို့အား ဘော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိ တရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကိုမြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
၂၇ တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော် မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:26-38);
၂၆ ငါးလလွန်သောအခါ၊ ဂါလိလဲပြည် နာဇရက်မြို့၌ ဒါဝိဒ်အမျိုးသား၊ ယောသပ်အမည်ရှိသောလူနှင့် ထိမ်းမြားဆောင်နှင်း၍၊
၂၇ မရှက်တင်သေးသော သတိုးသမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင် တမန် ဂါဗြေလကို စေလွှတ်တော်မူ၏။ ထိုသတိုးသမီးကညာကား၊ မာရိအမည်ရှိ၏။
၂၈ ကောင်းကင်တမန်သည် ရောက်လာ လျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိသည်ဟု ပြောဆို၏။
၂၉ မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်၍နေ၏။
၃၀ ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။
၃၁ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။
၃၂ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
၃၃ ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။
၃၄ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
၃၅ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
၃၆ ထိုမှတပါး၊ အမြုံမဟူ၍ ခေါ်ဝေါ်သောသင်၏အဆွေအမျိုး ဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
၃၇ ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊
၃၈ မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင် တမန်သည် မာရိထံမှသွားလေ၏။