Monday, 16 March 2015

16-MARCH-2015-(READING)

Mon the 16th:    Isa 65:17-21; Ps 30:1-13; John 4:43-54

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၅ (Isa 65:17-21);

၁၇ ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်၊၊ အရင်မိုဃ်းကောင်းကင်နှင့် မြေကြီး ကို မအောက်မေ့ရ၊၊ နှလုံးမမှတ်မိရ။
၁၈ ငါဖန်ဆင်းလာတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက် ရွှင်လန်းကြလိမ့်မည်၊၊ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏၊၊
၁၉ ငါသည်လည်း၊ ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်၊၊ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကိုနောက် တဖန်မကြားရ၊၊
၂၀ ထိုမြို့၌ အသက်ငယ်သော သူငယ်မရှိရ၊၊ အသက်မပြည့် စုံသောလူအိုလည်းမရှိရ၊၊ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏၊၊ အပြစ်ရှိသောသောသူကို သူငယ်ဟူ၍မှတ်ရ၏၊၊ အပြစ်ရှိသောသေသောသူသည် အသက်တရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏၊၊
၂၁ ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်၊၊ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့် မည်၊၊ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၃၀ (Ps 30:1-13);

၁ ဒါဝဒ်သည်အိမ်တော်ကိုသန့်ရှင်းစေသောအခါ၊ အသံညှိ၍ ဆိုသောဆာလံ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါမည်၊၊ အကျွန်ုပ်ကို ဆယ်နှုတ်တော်မူ၏၊၊ ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ၊၊
၂ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို အော်ဟစ်၍ ကိုယ်တော်သည် ချမ်းသာပေးတော်မူ၏၊၊
၃ အိုထာဝရဘုရား ကိုယ်တော် သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံထဲက နှုတ်ယူတော်မူပြီ၊၊ သချိုင်းတွင်းထဲသို့ မဆင်းစေဘဲ အကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီ၊
၎ ထာဝရဘုရား၏ သန့်ရှင်းသူတို့ ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့၊၊ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့၊၊
၅ အမျက်တော်သည် ခဏထွက်၏၊၊ ကျေးဇူးတော်မူကား တသက်လုံး တည်၏၊၊ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏၊၊ နံနက်ယံ၌ကား သီချင်းဆိုရသော အခွင့်ရှိ၏၊၊
၆ ငါသည် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်ဟု ကောင်းစားစဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏၊၊
၇ အို ထာဝရဘုရား ကျေးဇူးတော်အားဖြင့်သာ အကျွန်ုပ်၏ တောင်သည် ခိုင်ခံ့မြဲမြံပါ၏၊၊ မျက်နှာလွဲတော်မူသောအခါ ဆင်းရဲခြင်းသို့ ရောက်ပါ၏၊၊
၈ အို ထာဝရဘုရား အကျွန်ုပ်သည် အသက်ဆုံး၍၊
၉ င်္သချိုင်းတွင်းထဲသို့ ဆင်းလျှင် အဘယ်အကျိုးရှိပါအံ့နည်း၊၊
၁၀ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော၊၊ သစ္စာတော်ကို ဘော်ပြပါမည်လော။ အိုထာဝရဘုရား နားထောင်၍ ကယ်မသနားတော်မူပါ၊၊ အိုထာဝရဘုရား အကျွန်ုပ်ကို စောင့်မတော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ်၍၊ထာဝရဘုရားကို တောင်းလျှောက်ပါ၏။
၁၁ ထိုအခါ အကျွန်ုပ်ညည်းတွား မြည်တမ်းခြင်းကို ကခုန်ခြင်း ဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကို ချွတ်၍၊ ဝမ်းမြောက်ခြင်း ခါးပန်းနှင့် စည်းတော် မူ၏။
၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ ဝိညာဉ်သည်တိတ်ဆိတ်စွာမနေ။ ကိုယ်တော်ကို သီချင်းဆိုပါမည်။ အိုအကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲ ချီးမွမ်းပါမည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၄ (John 4:43-54);

၄၃ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇနက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏။
၄၅ ဂါလိလဲပြည်သို့ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူ သမျှတို့ကိုမြင်ခဲ့ကြ၏။
၄၆ ရေကိုစပျစ်ရည် ဖြစ်စေသောအရပ်၊ ဂါလိလဲပြည်ကာနမြို့သို့တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာရောဂါစွဲလျက်ရှိ၏။
၄၇ ယေရှုသည်ယုဒပြည်မှ ဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကိုငြိမ်း စေတော်မူမည်အကြောင်း တောင်းပန်လေ၏။
၄၈ ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သော အမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊
၄၉ သခင်၊ အကျွန်ုပ်သားမသေမှီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။
၅၀ ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကား ကိုယုံ၍သွားလေ၏။
၅၁ လမ်း၍သွားစဉ်တွင် မိမိငယ်သားတို့သည်  ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာ ရပါပြီဟု ကြားလျှောက်ကြ၏။
၅၂ အဘယ်အချိန်၌သက်သာ ခြင်းသို့ရောက်သနည်းဟု မေးလျှင်၊ မနေ့ခုနစ်နာရီအချိန်၌ ဖျားနာပျောက်ပါသည်ဟု လျှောက်ကြ၏။
၅၃ ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီဟု ယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကိုအဘသိ၍၊ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သားအပေါင်းတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။
၅၄ ဤနိမိတ် လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ကြွသည်နောက်၊ ပြတော်မူသောဒုတိယ နိမိတ်လက္ခဏာ ဖြစ်သတည်း။