Tue the 24th: Num 21:4-9; Ps 102:1-21; John 8:21-30
တောလည်ရာကျမ်း အခန်းကြီး ၂၁ (Num 21:4-9);
၎ ဟောရတောင်မှထွက်၍ ဧဒုံပြည်ကို ဝိုင်းခြင်းငှါ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
၅ သင်သည် ငါတို့ကို ဤတော၌ သေစေခြင်းငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သော စားစရာကိုလည်း ငါတို့သည် အလွန် ရွံရှာ၏ဟု ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။
၆ ထိုအခါ ထာဝရဘုရားသည်၊ ဣသရေလ အမျိုးသားတို့တွင် မီးမြွေများကို စေလွှတ်တော်မူ၍၊ လူအများတို့သည် အကိုက်ခံရသဖြင့် သေကြ၏။
၇ ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ ကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့်ကျင်လျက် ပြောဆို၍ ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့လက်မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မောရှေသည် လူများအဘို့ ဆုတောင်းလေ၏။
၈ ထာဝရဘုရားကလည်း၊ မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ် မှာ မြေ‡ာက်ထားလော့။ အကိုက်ခံရသောသူတိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မောရေအား မိန့်တော်မူသည်အတိုင်း၊
၉ မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာ မြေ‡ာက်ထားပြီးလျှင် မြွေကိုင်သောသူ မည်သည်ကား ကြေးဝါမြွေကို ကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၀၂(Ps 102:1-21);
၁ ဆင်းရဲသောသူသည်ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရားရှေ့တော်၌ ညည်းတွားမြည်တမ်း၍ပြုသောပဌာနာ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌာနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ရောက် ပါစေသော။
၂ ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှ လွဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နား ထောင်တော်မူပါ။အလျင်အမြန် ထူးတော်မူပါ။
၃ အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တက်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
၎ အကျွန်ုပ်၏ နှလုံးသည့် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍၊ ညိ‡ုးနွမ်းလျက်ရှိပါ၏။ အစာစားခြင်းကိစ္စကို ပင်မေ့လျော့တက်ပါ၏။
၅ ကိုယ် ညည်းတွားခြင်းအသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
၆ အကျွန်ုပ်သည် လွင်ပြင်၌ နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇီးကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
၇ အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်းနေရသော ငှက်ကဲ့သို့ ဖြစ်၍ စောင့်လျက်နေရပါ၏။
၈ အကျွန်ုပ်ရန်သူ တို့သည် တနေ့လုံးကဲ့ရဲ့ ကြပါ၏။အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ်ကိုပုံခိုင်း၍ ကျိန်ဆိုတက်ကြပါ၏။
၉-၁၀ စိတ်တော်မပြေ၊ အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည် ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
၁၁ အကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသောအရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့အကျွန်ုပ်ညှိုးနွမ်းပါ၏။
၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
၁၃ ထတော်မူပါ။ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနား ရသောအချိန်၊ ချိန်းချက် တော်မူသော အချိန်ရောက် ပါပြီ။
၁၄ ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
၁၅ တပါး အမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်း တို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ကြပါလိမ့်မည်။
၁၆ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
၁၇ ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။
၁၈ ထိုအကြောင်းအရာ ကို နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ်
၁၉-၂၂ ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှာ၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာ၎င်း၊ အတိုင်းတိုင်း အပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာ၊ သန့်ရှင်းရာ ဌာနတော်အထွဋိ ကငုံကြည့် တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:21-30);
၂၁ တဖန် ယေရှုက ငါသည်သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။
၂၂ ယုဒလူတို့ကလည်း၊ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကိုသတ်မည်လောဟု ဆိုကြ၏။
၂၃ ယေရှု ကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။
၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၅ ထိုသူတို့ ကလည်း၊ သင်သည် အဘယ်သူနည်းဟု မေးလျှင်၊ ယေရှုက၊ ငါသည် သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။
၂၆ သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံ တော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။
၂၇ ခမည်းတော်ကို ရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။
၂၈ ထိုကြောင့် ယေရှုက၊ သင်တို့သည် လူသားကိုမြှောက်ထားသောအခါ၊ ငါသည် ဤမည်သောသူဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြလိမ့်မည်။
၂၉ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိ တော်မူ၏။ ငါကိုတကိုယ်တည်း နေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော်မမူ၊ အကြောင်းမူကား နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါ ပြုသည်ဟု မိန့်တော်မူ၏။
၃၀ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။