Monday, 23 March 2015

23-MARCH-2015-(READING)

Mon the 23rd:    (Optional memorial of Turibius de Mongrovejo, bishop.)
Dan 13:1-62; Ps 23:1-6; John 8:1-11

ဒါနီအဲလ်အနာဂါတ္တိကျမ်း အခန်းကြီး (၁၃) (Dan 13:1-62)း

ဒါနီအဲလ်အနာဂါတ္တိကျမ်းတွင်ထည့်သွင်းသော အဖြစ်အပျက်သုံးခုဆူဇန္နား၏အကြောင်း

၁။ဘာဘီလွန်ပြည်၌  ဂျော်ကင်းအမည်ရှိသော  သူတစ် ယောက် နေထိုင်ခဲ့၏။
၂။သူသည် ဟီလ်ကိယ၏သမီး ဖြစ်သော ဆူဇားနာဟုခေါ်သော လှပချောမောသည့် မိန်းကလေး  တစ်ယောက်ကို ထိမ်းမြှားလက်ထပ်ခဲ့ ၏။
၃။သူမ၏မိဘများသည် ဖြောင့်မတ်သော သူများ ဖြစ်၍မိုးဇက်၏ ပညတ်တရားတော်အတိုင်း သူမကို ဆုံးမ သွန်သင်ခဲ့ကြ၏။
၎။ဂျော်ကင်းသည် ချမ်းသာ ကြယ်ဝသော သူတစ်ယောက်ဖြစ်ပြီး၊ သူ၌မိမိအိမ်နှင့်  ကပ်လျက်ခြံဥယျာဉ်တစ်ခုရှိလေ၏။အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများထက် ပို၍လေးစား  ရိုသေခံရသောကြောင့် ဖြစ်၏။
၅။အသက်ကြီးသူနှစ်ဦး သည် လူတို့ထဲမှ ရွေးချယ်ခံရ၍ထိုနှစ်တွင်တရားသူ ကြီးအဖြစ် ထမ်းဆောင် နေကြ၏။ ထိုကဲ့သို့သော သူများအတွက် သခင်ဘုရား မိန့်တော်မူသည်မှာ မကောင်းဒုစရိုက်သည်ဘာဘီလွန်ပြည်သို့လူအများကိုအုပ်ချုပ်ရသောတရားသူကြီးအဖြစ်ဆောင်ရွက်ရသည့်  သက်ကြီးဝါကြီးတို့မှလာသည်ဟုဆိုသတည်း။
၆။လူအပေါင်းတို့သည် ဤသူနှစ်ဦးထံသို့ သူတို့၏အမှု ကိစ္စများကို ယူဆောင်လာလေ့ရှိကြ၏။ သူတို့နှစ်ဦး သည်လည်း ဂျော်ကင်း၏အိမ်သို့မကြာခဏလာလေ့ရှိ ကြ၏။
၇။ နေ့လည်မွန်းတည့်ချိန်၌လူများပြန်သွားသောအခါ ဆူဇားနာသည် မိမိခင်ပွန်း၏ခြံဥယျာဉ်အတွင်း ၌ လမ်းလျှောက်လေ့ရှိ၏။
၈။ထိုသက်ကြီးဝါကြီးနှစ်ယောက်တို့သည်သူမနေ့စဉ်လမ်းလျှောက်ထွက်လာခြင်းကိုမြင်တွေ့ကြသောအခါသူမကိုလိုချင်တပ်မက် သောစိတ်များစတင်ပေါ်ပေါက်လာကြ၏။
၉။သူတို့သည်စဉ်းစားဆင်ခြင်တုံတရားကိုဖယ်ရှားပြီး၊သူတို့မျက်စိများကိုကောင်းကင်သို့မော်ကြည့်ရန်လည်းမကြိုးစား ကြတော့ဘဲ တရားမျှတစွာ စီရင်ခြင်းများကိုလည်း မေ့လျောနေကြ၏။
၁၀။သူတို့နှစ်ဦးစလုံးသည် ဆူဇားနာ အား စွဲလန်းတပ်မက်နေကြသော်လည်းတစ်ယောက် ကိုတစ်ယောက် မိမိ ရမ္မက်ကို ဖွင့်မပြောကြသေးချေ။
၁၁။အကြောင်းမူကား သူတို့သည် သူမကိုရယူပိုင်ဆိုင်လို သော တဏှာရာဂစိတ်ကိုဖွင့်ပြောရန်ရှက်နေကြ၏။
၁၂။မည်သို့ပင် ဖြစ်စေ  တစ်နေ့ထက်တစ်နေ့သူတို့သည် သူမကို  နေ့စဉ်မြင်နိုင်ရန် ကြိုးစားကြ၏။
၁၃။တစ်နေ့၌သူတို့အချင်းချင်းပြောဆိုကြသည်မှာနေ့လည်စာစားချိန်ကျရောက်ပြီဖြစ်၍ငါတို့သည်အိမ်သို့ပြန်ကြစို့ဟု ဆိုကြ၍ပြန်သွားကြ၏။
၁၄။သို့သော် နှစ်ယောက်စလုံးသည်ပြန်လာကြသဖြင့်သူတို့ချင်းတွေ့ဆုံကြသောအခါတစ်ယောက်နှင့်တစ်ယောက် အကျိုးအကြောင်း မေးမြန်းကြလေ၏။ ထိုအခါ သူတို့သည် မိမိတို့၏ တဏှာရမ္မက်ကို အသီးသီး ၀န်ခံကြလျက် သူမကို တစ်ယောက်တည်း တွေ့နိုင်မည့်အချိန်ကို ရှာကြံရန် သဘောတူညီကြလေ၏။
၁၅။တစ်နေ့၌သူတို့သည်အခွင့်အခါကောင်းကိုစောင့်မျှော်နေစဉ်သူမသည်ထုံးစံအတိုင်းအစေခံမိန်းမနှစ်ဦးဥယျာဉ်ထဲသို့ဝင်လာလေ ၏။
၁၆။ရာသီဥတုပူပြင်းလှသောကြောင့်သူမသည်ရေချိုး ရန်ဆုံးဖြတ်လေ၏။ ထိုနေရာတွင်ပုန်းအောင်းနေရာမှ သူမကိုချောင်းမြောင်းကြည့်ရှုနေကြသောအသက်ကြီးသူနှစ်ဦးမှအပမည်သူမျှမရှိချေ။
၁၇။သူမကအစေခံမိန်းမတို့အား“ဆီအနည်းငယ်နှင့်နံ့သာအမွှေးအကြိုင်ငါထံသို့ယူလာကြ၍ငါရေချိုးနေခိုက်ဥယျာဉ်တံခါးကို ပိတ်ထားကြလော့”ဟု အမိန့်ပေးလေ၏။
၁၈။သူတို့သည် လည်း သူမအမိန့်ပေးသည့်အတိုင်း ûပကြ၍ ဥယျာဉ် တံခါးကိုပိတ်ကြပြီးမှ ဘေးတံခါးပေါက်မှ ထွက်သွား ကြပြီး သူမမှာကြားသည့် အရာများကို သွားရောက် ယူဆောင်ကြ၏။ သူတို့သည် ဥယျာဉ်အတွင်း၌ အသက်ကြီးသူ နှစ်ယောက်  ပုန်းအောင်းနေသည်ကို လုံးဝမသိကြချေ။
၁၉။အစေခံမိန်းမများ ထွက်သွားလျှင် သွားချင်း အသက်ကြီး   သူနှစ်ယောက်သည် ထ၍  သူမထံသို့အလျင်အမြန် သွားကြပြီးမှ ။
၂၀။သူမအား ပြောကြသည်မှာ ““ကြည့်လော့၊ ဥယျာဉ်တံခါးများ သည် ပိတ်ထားလျက်ရှိ၏။ မည်သူမျှ ငါတို့ကို မမြင်နိုင်သည်ဖြစ်၍ ငါတို့၏ဆန္ဒကို လိုက်လျောပြီး
၂၁။ငါတို့နှင့် လဲလျောင်းပါလော့ဟု ဆိုကြ၏။ အကယ်  ၍ သင်သည်ငါတို့ကိုငြင်းဆန်ပါကသင်သည်အစေခံ မိန်းမများကို ပြန်လွှတ်၍ လူငယ်တစ်ဦးနှင့်အတူနေ ကြောင်းကို ငါတို့ သက်သေထွက်ဆိုကြမည်ဟူ၍
၂၂။လည်း ခြိမ်းခြောက်ကြ၏။ ဆူဇားနာသည်လည်း သက်ပြင်းချလျက်ငါသည်ထောင်ချောက်တွင်မိလျက် ရှိနေလေပြီ။ငါအလျှော့ပေးလိုက်လျှင်ငါသေရပေလိမ့် မည်။
၂၃။ငါငြင်းဆန်ပါက ငါသည်သင်တို့လက်မှလွတ် နိုင်မည် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်ရှေ့မှာ အပြစ်ထဲသို့ရောက်ရ သည်ထက်ငါသည် အပြစ်ကင်းမဲ့ စွာသင်တို့၏သြဇာအာဏာအတွင်းသက်ဆင်းရသည်
၂၄။ကငါ့အတွက်ပို၍ကောင်းပေသည်ဟုဆို၏။ထို့နောက် ဆူဇားနာသည်အစွမ်းကုန်အော်ဟစ်လေ၏။
၂၅။သူတို့ ထဲမှတစ်ယောက်သည် ပြေးသွား၍ ဥယျာဉ်တံခါး များကိုဖွင့်လေ၏။
၂၆။အိမ်ထဲမှာရှိသော လူများသည် ဥယျာဉ်အတွင်းမှ အော်ဟစ်သံများကို ကြားလျှင် ဘေးတံခါးများမှပြေး ၀င်လာကြ၍ သူမ၌ မည်သို့ဖြစ်သည်ကို လာကြည့် ကြ၏။
၂၇။အသက်ကြီးသူ နှစ်ဦး၏ စွပ်စွဲပြောဆိုခြင်း များကိုကြားကြရသောအခါ အစေခံများသည် အလွန် ရှက်ကြလေ၏။ အကြောင်းမူကား ဆူဇားနာ နှင့် ပတ်သက်၍ ဤကဲ့သို့ အဖြစ်အပျက်မျိုးကို တစ်ခါမျှ သူတို့ မကြားဖူးကြသောကြောင့်ဖြစ်၏။
၂၈။ဗနာက်တစ်နေ့ တွင်သူမ၏ခင်ပွန်းဂျော်ကင်း၏အိမ်၌ လူအများ လာရောက်စုဝေးကြ၍ ကောက်ကျစ်သော အသက်ကြီးသူ နှစ်ယောက်သည်လည်း သူမကို အသေသတ်သည်အထိ လက်စားချေရန် ဆုံးဖြတ်
၂၉။ထားကြလျက်ရောက်လာကြ၏။လူအပေါင်းတို့ရှေ့မှာသူတို့သည် ဤသို့ အမိန့်ပေးကြ၏။““ဟီလ်ကိယ၏ သမီးဂျော်ကင်း၏မယားဖြစ်သူဆူဇားနာကိုဤနေရာသို့ခေါ်ဆောင်ခဲ့ကြလော့””ဟုဆိုကြသဖြင့် သူမကိုခေါ်
၃၀။ဆောင်လာသောအခါ။သူမသည်မိမိ၏မိဘများ၊သားသမီးများ၊ ဆွေမျိုးများနှင့်အတူ ရောက်လာလေ၏။ ဆူဇားနာသည် အလွန်ယဉ်ကျေးသိမ်မွေ့၍ ချောမော လှပလေရာ။
၃၁။မိမိကိုယ်ကို ဇာအ၀တ်ဖြင့် ဖုံးအုပ်ထား လျက်ရှိ၏။
၃၂။သို့သော်ကောက်ကျစ်သောသူတို့သည်သူမ၏အလှအပကိုကြည့်ရှုခံစားနိုင်ရန်သူမ၏မျက်နှာကိုဖုံးအုပ်ထားရာမှဖွင့်လှစ်စေကြ၏။
၃၃။သူမ၏ ဆွေမျိုးအားလုံးနှင့် ဘေးမှ ကြည့်နေသူ အပေါင်းတို့သည် ၀မ်းနည်းစွာ ငိုကြေးကြလေ၏။
၃၄။လူအားလုံးတို့၏အလယ်တွင် အသက်ကြီးသူ နှစ်ဦး သည်ထ၍သူတို့၏လက်များကိုသူမ၏ဦးခေါင်းပေါ်
၃၅။မှာ တင်ကြ၏။ သူမသည် မျက်ရည်စီးကျလျက် ကောင်းကင်သို့မျှော်ကြည့်လေ၏။ အကြောင်းမူကား
သူမသည် သခင်ဘုရားကို  ယုံကြည်အားထားခြင်း  ရှိသောကြောင့်ဖြစ်၏။
၃၆။အသက်ကြီးသူ နှစ်ဦးသည် သူတို့၏ စွပ်စွဲချက်ကို ဤသို့တင်ပြကြ၏။ ““ငါတို့ သည် ဥယျာဉ်ထဲတွင် နှစ်ယောက်တည်း လမ်း လျှောက်နေကြစဉ် ဤမိန်းမသည် အစေခံနှစ်ယောက် နှင့်အတူ ဥယျာဉ်အတွင်းသို့ဝင်လာ၍ ဥယျာဉ်တံခါး များကို ပိတ်စေလျက်အစေခံမိန်းမတို့အား ပြန်လွှတ်
၃၇။လိုက်၏။ ထိုနေရာမှာ ပုန်းအောင်းနေသော လူငယ် တစ်ယောက်သည်လာ၍ သူမနှင့်အတူ လဲလျောင်း
၃၈။လေ၏။ ဥယျာဉ်၏ထောင့်မှငါတို့သည် ဤပြစ်မှုကို မြင်ကြသောအခါ သူတို့ထံသို့ ပြေးလာခဲ့ကြ၏။
၃၉။သူတို့နှစ်ယောက်အတူ လဲလျောင်းနေသည်ကို ငါတို့ တွေ့ကြ၍လူငယ်ကို ဖမ်းဆီးကြသော်လည်း သူသည် ငါတို့ထက်အင်အား ကောင်းသောကြောင့် တံခါးများ
၄၀။ကို ဖွင့်၍ထွက်ပြေးသွားလေ၏။ ထိုအခါငါတို့သည်  ဤသူမကိုဖမ်း၍ ထိုလူငယ်မည်သူဖြစ်သည်ကို မေး
၄၁။မြန်းကြ၏။ သို့သော် သူမသည် ငါတို့အားဖြေကြား ရန်ငြင်းဆန်လျက်ရှိ၏။ ဤအကြောင်းအရာကိုငါတို့ သက်သေခံကြပါသည်ဟု ဆိုကြ၏။ လူအစုအဝေး သည်လည်း သူတို့ကို ယုံကြည်ကြ၏။ အဘယ် ကြောင့်ဆိုသော် သူတို့သည် သက်ကြီးဝါကြီးများ ဖြစ်ကြ၍ လူအများ၏တရားသူကြီးများလည်းဖြစ်ကြ သောကြောင့်တည်း၊ ထို့နောက် သူတို့သည်သူမအား  သေဒဏ်ပေးရန် စီရင်ဆုံးဖြတ်ကြ၏။
၄၂။သို့သော် ဆူဇားနာသည် သူမ စွမ်းအား ရှိသမျှ ကျယ်လောင်စွာ အော်ဟစ်၍ ဆိုသည်မှာ အိုထာဝရ ဘုရားသခင် ကိုယ်တော်သည် ဖုံးကွယ်နေသော လျှို့ဝှက်ချက် အားလုံးကိုလည်းကောင်း၊ အရာအား လုံးစုံတို့  မဖြစ်ပေါ်မီကပင်   ထိုအရာအားလုံးကို
၄၃။လည်းကောင်း သိတော်မူပါ၏။ သူတို့သည် တပည့် တော်မကို ဆန့်ကျင်လျက် မမှန်သော သက်သေခံ ခြင်းကို ûပခဲ့ကြကြောင်း၊ ကိုယ်တော် သိတော်မူပါ ၏။ ဤကောက်ကျစ်သော သူတို့ ဖန်တီးစွပ်စွဲသမျှ ကို တပည့်တော်မ တစ်ခုမျှ မကျူးလွန်ပါသော် လည်း ယခုမှာ တပည့်တော်မ သေရပါတော့မည်ဟု
၄၄။ငိုယိုလျက် ဆုတောင်းလေ၏။ သခင်ဘုရားသည် လည်း သူမ၏ ဆုတောင်းသံကို  နားညောင်းတော်
၄၅။မူ၏။ သူမကိုသတ်ရန် ခေါ်ဆောင် သွားကြသော အချိန်တွင်ဘုရားသခင်သည် ဒါနီအဲလ်အမည်ရှိ သောလူရွယ်တစ်ယောက် အပေါ်သို့ သန့်ရှင်းသော
ဝိညာဉ်တော်ကို ဆင်းသက်စေ၍  သူ့အား နှိုးဆော်
၄၆။လေရာ။ သူက ““ဤမိန်းမ၏သေခြင်း၌ ငါမည်သို့မျှ ပါဝင်ပတ်သက်ခြင်းမရှိ””ဟု ကျယ်လောင်စွာအော်
၄၇။ဟစ်လေ၏။ လူအားလုံးတို့သည်လည်း သူဘက်သို့ လှည့်၍မေးကြသည်မှာ ““သင်၏စကားများသည် မည်သည့်အရာကိုဆိုလိုချင်သနည်း””ဟု ဆိုကြ၏။
၄၈။သူသည်လည်း သူတို့အလယ်မှာရပ်လျက်ဆက်လက် ပြောဆိုသည်မှာအစ္စရေးလ်အမျိုးသမီးတစ်ယောက်ကိုအသေအချာ စစ်ဆေးကြားနာခြင်းလည်းမရှိ၊ထင်ရှား သောအထောက်အထားလည်းမပါဘဲသေဒဏ်စီရင်ကြသော သင်တို့သည်ဤမျှလောက် ရူးမိုက်ကြသလော၊
၄၉။အို အစ္စရေးလ်အမျိုးသားတို့ တရားစီရင်သောနေရာ သို့ပြန်သွားကြလော့။ အကြောင်းမူကား ဤသူတို့ သည် သူမအားဆန့်ကျင်၍ မမှန်သောသက်သေ ထွက်ဆိုခြင်းဖြစ်သည်ဟု ဆိုလေ၏။
၅၀။ထိုအခါ လူအားလုံးတို့သည် အလျင်အမြန်ပြန်လာ ကြ၏။ သက်ကြီးဝါကြီးရှိသမျှတို့ကလည်း ဒါနီ အဲလ်အားပြောကြသည်မှာ ငါတို့နှင့်အတူလာထိုင် ပါလော အကြောင်းမူကား ဘုရားသခင်သည်သက် ကြီးဝါကြီးတို့တွင်ရှိသော ကျေးဇူးတော်ကိုသင့်အား
၅၁။ပေးသနား တော်မူပြီဟု ဆိုကြ၏။ သို့သော်သူက ပြန်ပြောသည်မှာ ““ဤသူနှစ်ယောက်တို့ကို ဝေးကွာ သောနေရာမှာ ခွဲ၍ထားကြလော၊ ငါသည် သူတို့ကို
၅၂။မေးမြန်းလိုပါသည်ဟု ဆို၏။ ထိုသူနှစ်ယောက်ကို ခွဲထားပြီးသောအခါ သူတို့နှစ်ယောက်အနက်မှ တစ် ယောက်ကိုခေါ်၍ပြောသည်ကား““သင်သည်မကောင်း မှု၌အသက်ကြီးရင့်လာခဲ့ပြီး၊ ယခင်က သင်ûပခဲ့သော မကောင်းဒုစရိုက်များသည် ယခုသိသာ  ထင်ရှားလာ
၅၃။ကြပြီ။ သင်တို့သည် အပြစ်မဲ့သူတို့နှင့် ဖြောင့်မတ် သောသူတို့ကို သေဒဏ် မစီရင်အပ်ဟု သခင်ဘုရား မိန့်တော်မူသော်လည်း မတရားသဖြင့်စီရင်ခြင်း၊ အ ပြစ်မဲ့သူအား သေဒဏ်စီရင်ခြင်း နှင့် အပြစ်ရှိသူအား
၅၄။လွှတ်ပေးခြင်းတို့ကို သင်ûပခဲ့ကြ၏။ ယခုလည်း သင်သည် အမှန်စင်စစ် အပြစ်ကျူးလွန်ခြင်း၏ သက်သေဖြစ်လျှင် သူတို့သည် မည်သည့် သစ်ပင် အောက်တွင် လဲလျောင်းခဲ့ကြသည်ကို ငါ့အားပြော
၅၅။ကြားလော့””ဟုမေးလျှင်။ ထိုသူက ““သစ်စေးပင် အောက်မှာ””ဟုပြန်ပြောလေ၏။ဒါနီအဲလ်ကလည်း သင်၏လိမ်ညာခြင်းသည် သင်၏ဦးခေါင်းကို ပြတ် စေတော့မည်။ အကြောင်းမူကား ဘုရားသခင်၏ တမန်တော်သည် ကိုယ်တော်ထံတော်မှ သင့်အတွက် စီရင်ချက်ကို လက်ခံရရှိ၍  သင့်အား  နှစ်ပိုင်းပိုင်း
၅၆။လိမ့်မည်ဟု ပြန်ပြောလေ၏။ ထိုသူကို အခြားနေရာ တွင်ခွဲထားစေ၍ ကျန်တစ်ယောက်ကို ခေါ်လာစေ ရန် အမိန့်ပေးသည့်အတိုင်း သူ့ထံသို့ ခေါ်လာကြ ၏။ ဒါနီအဲလ်သည်လည်း သူ့အား ဆိုသည်မှာ ““ကာနန်ပြည်မှ ပေါက်ဖွား၍ ဂျုဒနှင့် မသက်ဆိုင် သောသူ၊ အလှအပသည် သင့်ကို သွေးဆောင်၍ တဏှာရာဂသည် သင်၏ အသိစိတ်ကို  ပျက်စီးစေ ပြီ။
၅၇။ ဤသို့ဖြင့် သင်တို့သည်အစ္စရေးလ်၏ သမီးပျို များနှင့် ûပမူခဲ့ကြပြီ။ သူတို့သည် ကြောက်ရွံ့သော ကြောင့် သင်တို့ကို လက်လျှော့ခဲ့ကြ၏။ သို့သော် ဂျုဒ၏သမီးပျိုတစ်ဦးသည်သင်တို့၏ မကောင်းမှုကို
၅၈။သည်းခံမည့်သူမဟုတ်။ သူတို့သည် မည်သည့် သစ်ပင် အောက်တွင် ထိုအမှုကို ကျူးလွန်ခဲ့ကြ ကြောင်းကို ငါ့အားယခုပြောလော့”” ဟုမေးလျှင် ထိုသူက ““၀က်သစ်ချပင်အောက်မှာ””ဟု ဖြေကြားလေ
၅၉။၏။ ဒါနီအဲလ်ကလည်း သင်၏မုသားပြော ခြင်းသည် သင်၏ဦးခေါင်းကိုဆုံးရှုံးစေတော့မည်၊အကြောင်းမူကား ဘုရားသခင်၏တမန်တော်သည် ဓားနှင့်စောင့်နေလျက် သင့်ကိုနှစ်ပိုင်းပိုင်းသဖြင့် သင်တို့နှစ်ဦး စလုံးကို အဆုံးသတ်စေ လိမ့်မည်ဟု ပြောလေ၏။
၆၀။လူအစုအဝေးကြီး တစ်ခုလုံးသည် ကျယ်လောင်စွာ အော်ဟစ်လျက် မိမိ၌ မျှော်လင့်အားထားသူကိုကယ် တင်တော်မူသောဘုရားသခင်အားကောင်းချီးပေးကြကုန်၏။
၆၁။သူတို့သည်ထ၍ အသက်ကြီး သူနှစ်ယောက် ဘက်သို့လှည့်ပြီး၊အပြစ်တင်ရှုတ်ချကြ၏။အကြောင်းမူ ကား သူတို့ကိုယ်တိုင်နှုတ်မှ ထွက်သောစကားများ ဖြင့်ဒါနီအဲလ်သည် သူတို့၏မုသား ထွက်ဆိုချက်ကို ၀န်ခံဖော်ထုတ်စေခဲ့သောကြောင့်ဖြစ်၏။ မိုးဇက်၏ ပညတ်ဥပဒေအရသူတို့သည်မိမိနှင့်နီးစပ်သူအပေါ်မှာ တရားစီရင်လိုသောအပြစ်ဒဏ်စီရင်ချက်နှင့်သူတို့ကိုစီရင်ရမည်ဖြစ်၏။
၆၂။ ထို့ကြောင့် သူတို့သည် ထိုသူနှစ် ယောက်ကို သေဒဏ်ကျခံစေကြခြင်းဖြင့် အပြစ်ကင်း မဲ့သော  သူတစ်ဦးသည်အသက်ချမ်းသာရာရလေ၏။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ (John 8:1-11);

၁ ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော်မူ၏။
၂ နံနက်စောစော ဗိမာန်တော်သို့ တဖန်ကြွ တော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမသြဝါဒပေးစဉ်တွင်၊
၃ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍အလယ်၌ထားပြီးမှ၊
၎ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
၅ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။
၆ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်း နှောင့်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။
၇ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ် ကင်းသော သူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊
၈ တဖန် အောက်သို့ငုံ့၍ မြေ၌ရေးသားတော် မူပြန်၏။
၉ ထိုသူတို့သည် ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဘော်ပြသဖြင့်၊ အသက်ကြီးသောသူ မှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်းကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။
၁၀ ထိုအခါ ယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမ မှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်းမိန်းမ၊ သင့်ကိုအပြစ် တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။
၁၁ ထိုမိန်းမကလည်း၊ အဘယ်သူမျှမစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်ဟု မိန့်တော်မူ၏။