Sun the 22nd: Psalter I, Lent Week 5.
Jer 31:31-34; Ps 51:3-15; Heb 5:7-9; John 12:20-33
Optional readings for any daily Mass this week: 2 Kgs 4:18-37; Ps 17:1-15; John 11:1-45
ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၃၁ (Jer 31:31-34);
၃၁-၃၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကိုရွံရှာ၏။
၃၃ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံး ပေါ်မှာ ရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။
၃၄ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမသြဝါဒမပေး ရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည်သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:3-15);
၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊
ဟေဗြဲသြဝါဒစာ အခန်းကြီး ၅ (Heb 5:7-9);
၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာ သောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊
၈ ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။
၉ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊
၁၀ မေလခိဇေဒက်ကဲ့သို့သောယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ် တော်မူခြင်းကိုခံရ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ (John 12:20-33);
၂၀ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။
၂၁ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကိုမြင်ချင်ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။
၂၂ ဖိလိပ္ပုသည်သွား၍ အနြေ္ဒကိုကြားပြောပြီးမှ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။
၂၃ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်လာပြီ။
၂၄ ငါအမှန်အကန် ဆိုသည်ကား၊ မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီး ကိုသီးတတ်၏။
၂၅ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။
၂၆ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင် သည်လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက် သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက်တော်မူလတံ့။
၂၇ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဘုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
၂၈ အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှစကားသံကား၊ ငါချီး မြှောက်ခဲ့ပြီ၊ တဖန်မြှောက်ဦးမည်ဟုလာ၏။
၂၉ ၀န်းရံလျက်ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်း သည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။
၃၀ ယေရှုက ထိုစကားသံသည် ငါ့အဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလိုငှါလာ၏။
၃၁ ယခုတွင်ဤ လောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်း ကို ခံရလိမ့်မည်။
၃၂ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ငါဆွဲမည်ဟု မိန့်တော်မူ၏။
၃၃ ထိုသို့မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
Optional readings for any daily Mass this week:
ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၄ (2 Kgs 4:18-37);
၁၈ ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ်သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊
၁၉ ငါသည် ခေါင်း နာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။
၂၀ လုလင်သည် အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍ မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
၂၁ အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့်လူ၏ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကိုပိတ်ခဲ့၍ သွားလေ၏။
၂၂ ခင်ပွန်းကိုလည်း ခေါ်၍၊ ကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ ပြေး၍ တဖန် ပြန်လာဦးမည်။ လုလင် တယောက်နှင့် မြည်းတစီးကို ထည့်လိုက်ပါဟု ဆိုလျင်၊
၂၃ ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင်သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
၂၄ မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့် အသွားမနှေးစေနှင့်ဟု ကျွန်အားမှာထား သဖြင့်၊
၂၅ ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလတောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန်ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမလာ၏။
၂၆ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်း မာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမက မာပါ၏ဟုဆို၏။
၂၇ ဘုရားသခင်၏ လူရှိရာ တောင်ပေါ်သို့ ရောက်သောအခါ၊ သူ၏ခြေတို့ကိုဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်။ ဘုရားသခင်၏လူက သူ့ကိုမဆီးတားနှင့်။ သူသည် စိတ်ညိ‡ုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထားတော်မူပြီဟု ဆို၏။
၂၈ မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကိုတောင်းပါ သလော။ ကျွန်မကို မုသာမသုံးပါနှင့်ဟု လျှောက်ဆိုသည်မဟုတ်သလောဟု ဆို၏။
၂၉ ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍ သင်၏ ခါးကိုစည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍သွားလော့။ လမ်းမှာ သူတပါးကိုတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
၃၀ အမိကလည်း၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော်နှင့် ကွာ၍ မသွားနိုင်ပါဟုဆိုလျှင်၊ ဧလိရှဲသည် ထ၍လိုက်လေ၏။
၃၁ ဂေဟာဇိသည် အရင်သွား၍၊ တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်သော်လည်း၊ သူငယ်သည် အသံမပြု အမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟုပြန်ပြော၏။
၃၂ ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိ ခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
၃၃ အထဲသို့ဝင်၍ နှစ်ယောက်တည်း ရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
၃၄ သူငယ်၏ အနီးအပါးသို့ ချဉ်း၍ သူတို့အပေါ်မှာ အိပ်လျက်နှုတ်ခြင်း၊ မျက်စိ ချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။
၃၅ တဖန်ဆင်း၍ အခန်းထဲမှ စင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆက်၍ မျက်စိကိုဖွင့်၏။
၃၆ ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမကို ခေါ်လိုက်ဟု ဆိုသည်အတိုင်း သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူလော့ဟုဆို၏။
၃၇ မိန်းမသည် အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ်ဦးချပြီးလျှင် သားကိုချီယူ၍ ထွက်သွား၏။
ဆာလံကျမ်း အခန်းကြီး ၁၇ (Ps 17:1-15);
၁ အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊
၂ ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊
၃ အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊
၎ လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
၅ လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊
၆ အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
၇ ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊
၈-၉ အကျွန်ုပ်ကို ည‡င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊
၁၀ သူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊
၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊
၁၂ ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊
၁၃ အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊
၁၄ အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁ (John 11:1-45);
၁ ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသောသူတယောက်သည် နာလျက်နေလေ၏။
၂ နာလျက်နေသော လာဇရု၏နှမ မာရိကား၊ သခင်ဘုရားကိုဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့်သုတ်သောမာရိဖြစ်သတည်း။
၃ ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော် မူသောသူသည် နာလျက်နေပါသည်ဟု လျှောက်ကြ၏။
၎ ထိုစကားကို ယေရှုသည်ကြား တော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းထင်ရှားခြင်းရှိလိမ့်မည်ဟု မိန့်တော်မူ၏။
၅ ယေရှုသည် မာသကို၎င်း၊ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။
၆ လာဇရုနာသည်ကို ကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။
၇ ထိုနောက်မှ တပည့်တော်တို့အား၊ ယုဒပြည်သို့တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
၈ တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက်ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။
၉ ယေရှုကလည်း၊ တနေ့တွင် တဆယ်နှစ်နာရီ ရှိသည်မဟုတ်လော။ လူသည်နေ့အချိန်၌သွားလာလျှင်၊ နေရောင်အလင်းကိုမြင်ရသောကြောင့် ထိမိ၍ မလဲတတ်။
၁၀ ညဥ့်အချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော် မူပြီးမှ၊
၁၁ ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
၁၂ တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။
၁၃ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍ မိန့်တော် မူသော်လည်း၊ ပကတိ အိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
၁၄ ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊
၁၅ ထိုအရပ်၌ငါမရှိသည်ကို ထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ယခုသွားကြကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။
၁၆ ဒိဒုမု အမည်ရှိသော သောမက၊ အကျွန်ုပ် တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်း တို့အားပြောဆို၏။
၁၇ ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကိုသင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌လေးရက်လွန်လေပြီ။
၁၈ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာသည်ဖြစ်၍၊
၁၉ မာသနှင့်မာရိတို့၏မောင် သေသောကြောင့်၊ သူတို့ကိုနှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည်လာကြ၏။
၂၀ ယေရှုကြွလာတော် မူကြောင်းကို မာသသည် ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါ သွား၏။ မာရိမူကား အိမ်၌ထိုင် လျက်နေရစ်၏။
၂၁ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ။
၂၂ ယခုသေလျက်ရှိ သော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။
၂၃ ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၂၄ မာသကလည်း၊ နောက်ဆုံးသောနေ့ တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။
၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။
၂၇ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏ သားတော်ဖြစ် တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။
၂၈ ထိုသို့လျှောက်ပြီးမှ မာသသည် သွား၍ မိမိညီမမာရိအား၊ အရှင်ဘုရားရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။
၂၉ မာရိသည် ထိုစကားကိုကြားလျှင် အလျင်တဆော ထ၍ အထံ တော်သို့သွားလေ၏။
၃၀ ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။
၃၁ ထိုကြောင့် နှစ်သိမ့်စေသောစကားကို ပြောလျက် မာရိနှင့်အတူအိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင်တဆော ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့ သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။
၃၂ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကို မြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါဟု လျှောက်၏။
၃၃ မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည် ကို ယေရှုသည်မြင်တော်မူသော အခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
၃၄ အလောင်းကို အဘယ်မှာထားကြ သနည်းဟု မေးတော် မူလျှင်၊ သခင်ကြွ၍ကြည့်တော်မူပါဟု လျှောက်ကြ၏။
၃၅ ယေရှုသည် မျက်ရည်ကျတော်မူ၏။
၃၆ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကိုအလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။
၃၇ အချို့တို့က၊ မျက်စိကန်းသော သူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်သလောဟု ဆိုကြ၏။
၃၈ တဖန် ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
၃၉ ကျောက်ကိုရွေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။
၄၀ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လောဟု မိန့်တော်မူ၏။
၄၁ ထိုအခါ သေလွန်သောသူ၏ အင်္ချိုင်းမှ ကျောက်ကိုရွေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော်ကြီးလှပါ၏။
၄၂ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ။
၄၃ လာဇရု ထွက်၍ လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။
၄၄ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့်စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
၄၅ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများ တို့သည် ယေရှုပြုတော် မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။