Saturday, 14 March 2015

14-MARCH-2015-(READING)

Sat the 14th:    Hos 6:1-6; Ps 51:3-21; Luke 18:9-14

ဟောရှေအနာဂတ္တိကျမ်း အခန်းကြီး ၆(Hos 6:1-6);

၁ လာကြ။ ထာဝရဘုရားထံသို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိဖြစ်စေ တော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။
၂ နှစ်ရက်လွန်ပြီးမှ ငါတို့ကိုအသက်ရှင်စေ၍၊ သုံးရက် မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
၃ ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ရွာသောနောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
၎ အိုဧဖရိမ်၊ သင်၌အဘယ်သို့ ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ကြည်ညို သောစိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့င်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့င်း ဖြစ်၏။
၅ ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည်အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည် လည်း ထွန်းလင်းသောအလင်းကဲ့သို့ ဖြစ်ကြပြီ။
၆ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့်ကျွမ်းဝင် ခြင်းကိုင်း ငါနှစ်သက်၏။

ဆာလံကျမ်း အခန်းကြီး ၅၁ (Ps 51:3-21);

၃ အကျွန်ုပ်လွန်ကျုးပါပြီ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏၊၊
၎ ကိုယ်တော်ကိုပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရားစီရင်တော် မူချက်သည် အပြစ်လွတ်ပါ၏၊၊
၅ အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓြေွယူစဉ်ပင် အပြစ်စွဲပါ၏၊၊
၆ ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာ ကိုသွန်သင်တော်မူပါ၊၊
၇ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊
၈ စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အား ကြားစေတော်မူသည်၊၊
၉ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့် မည်၊၊ အကျွန်ုပ်လွန်ကြူးခြင်း ဒုစရိုက်တို့မှမျက်နှာတော်ကို လွှဲ၍အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလည်း ဖြေတော်မူပါ၊၊
၁၀ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊
၁၁ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊
၁၂ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊
၁၃ အကျွန်ုပ်သည်လည်း မတရားသောသူ တို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
၁၄ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊
၁၅ အိုထာဝရ ဘုရား အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊
၁၇ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ၊၊
၁၈ စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။
၁၉ ထိုအခါ တရားသဖြင့် ပူဇော်သောယဇ် ၊ မီးရှို့သောယဇ် ၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်၊၊

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၈ (Luke 18:9-14);

၉ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကိုမထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊
၁၀ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲ ဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။
၁၁ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည် သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
၁၂ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟု ဆုတောင်းပဌနာပြု၏။
၁၃ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို ခက်လျက်၊  အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏။
၁၄ ငါဆိုသည်ကား၊ ထိုသူသည်အပြစ်ပြေလျက် မိမိအိမ် သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ်မြှောက်သော သူမည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား၊ မြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။