Friday, 10 April 2015

10-APRIL-2015-(READING)

Fri the 10th:    Acts 4:1-12; Ps 118:1-27; Ps 118:24; John 21:1-14

တမန်တော်ဝတ္ထု အခန်းကြီး ၄(Acts 4:1-12);

၁ ထိုသို့ တမန်တော်တို့သည် လူများတို့အား ဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရော ဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့်၊
၂ တမန်တော်တို့သည် လူများတို့အား ဆုံးမသြဝါဒပေး၍ ယေရှုကို အကြောင်းပြုလျက် သေခြင်းမှထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်း ရှိသည်နှင့်၊
၃ တမန်တော်တို့ကို ဘမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့် နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။
၎ တရားနာသောသူများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါး ထောင်မျှလောက်ရှိကြ၏။
၅ နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာတို့နှင့်၊
၆ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊
၇ တမန်တော်တို့ကို အလယ်၌ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်းဟု မေးမြန်းကြ၏။
၈ ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့၊
၉ အင်္ဂါချို့တဲ့သောသူတို့ ကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်းဟု ငါတို့သည် ယနေ့အစစ်ခံရလျှင်၊
၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင် သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျမ်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလူအပေါင်းတို့ သိမှတ်ကြလော့။
၁၁ ထိုသခင်ကား၊ သင်တို့သည် တိုက်ကိုတည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။
၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-27);

၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊ 
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊ 
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
၂၅ အိုထာဝရ ဘုရား ကယ်တင်တော်မူပါဟု တောင်းပန်ပါ၏၊၊ အိုထာဝရဘုရား ကောင်းကြီးမင်္ဂလာကို ပေးတော်မူပါဟု တောင်းပန် ပါ၏၊၊
၂၆ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း၊၊ ထာဝရဘုရား၏ အိမ်တော်ထဲက အကျွန်ုပ်တို့သည် ကိုယ်တော်ကို ကောင်းကြီးပေးပါ၏၊၊
၂၇ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍ ငါတို့၌ ရောင်ခြည် တော် ကို လွှတ်တော်မူ၏၊၊ ယဇ်တင်ရန်အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့်ချည်ကြလော့၊၊

ဆာလံကျမ်း အခန်းကြီး ၁၁၈ ( Ps 118:24);

၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊




ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၁ (John 21:1-14);

၁ တဖန် ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော်မူသည် အကြောင်းအရာဟူမူကား၊
၂ ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိကြ၏။
၃ ရှိမုန်ပေတရုက အကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်း လိုက်မည်ဟုပြောဆိုသည်နှင့် ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဥ့်တွင် တကောင်ကိုမျှမရကြ။
၎ နံနက်ရောက်သောအခါ ယေရှုသည် ကမ်းနားမှာရပ်တော်မူ၏။ သို့ရာတွင် ယေရှုဖြစ်တော်မူသည်ကို တပည့်တော်တို့သည်မသိကြ။
၅ ယေရှုကလည်း ချစ်သားတို့၊ စားစရာတစုံတခုရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြောကြ၏။
၆ တဖန်ယေရှုက၊ လှေလက်ျာ ဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍ များစွာသောငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကိုစွဲ၍ မရနိုင်။
၇ ထိုအခါ ယေရှုချစ်တော်မူသော တပည့်တော်က၊ ငါတို့သခင်ပေတည်းဟု ပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည်ကြားလျှင်၊ အဝတ်ကိုမခြုံဘဲရှိလျှက် အပေါ်အင်္ကျီကိုသာ ဝတ်စည်း၍ အိုင်ထဲသို့ဆင်းလေ၏။
၈ အခြားသေတပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေး အလံငါးဆယ် လောက်ကွာ သည်ဖြစ်၍ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင်လျက် လှေစီး၍လာကြ၏။
၉ ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်း တွေ့မြင်ကြ၏။
၁၀ ယေရှုကလည်း ယခုရသော ငါးအချို့ ကိုယူခဲ့ကြဟု မိန့်တော်မူ၏။
၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ငါးကြီးတရာငါးဆယ့် သုံးကောင်နှင့် ပြည့်လျက်ရှိသောပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည် မဆုတ်ပြတ်ရှိ၏။
၁၂ ယေရှုကလည်း၊ လာ၍နံနက် စာကိုစားကြလော့ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော် မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ကိုယ်တော်သည် အဘယ်သူနည်း ဟူ၍ တစုံတယောက်မျှ မမေးမလျှောက်ဝံ့ကြ။
၁၃ ယေရှုသည်လာ၍ မုန့်နှင့်ငါးကို ယူပြီးလျှင် သူတို့အားပေး တော်မူ၏။
၁၄ ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှထမြောက်တော်မူသည်နောက်၊ တပည့်တော်တို့ အား ကိုယ်ကိုသုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။