Fri the 3rd: Good Friday.
Isa 52:13-53:12; Ps 31:1-25; Heb 4:14-16, 5:7-9; John 18:1-19:42
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၂ ( Isa 52:13-53:12);
၁၃ ကြည့်ရှုလော့၊၊ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်၊၊ မြှောက် ချီးမြ‡င့်ခြင်းသို့ရောက်၍၊ အထွဋိအမြတ်ဖြစ်လိမ့်မည်၊၊
၁၄ သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်း အသရေပျက်ခြင်းရှိသည်ကို၊ အများသော သူတို့သည် အံ့သြမိန်းမောကြသည်ဖြစ်၍၊
၁၅ ထိုအတူသူသည်အများ သော လူမျိုးတို့ကို၊ သန့်ရှင်းစေလိမ့်မည်၊၊ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကို ပိတ်၍ နေရကြလိမ့်မည်၊၊ သူတပါး မပြဘူးသောအရာကို သူတို့သည် မြင်ကြလိမ့်မည်၊၊ မကြားဘူးသောအရာကိုလည်း နားလည်ကြ လိမ့်မည်၊၊
၁ ငါတို့ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း၊၊ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း၊၊
၂ ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့င်း ၊ သွေ့ခြောက်သောမြေ၌ ပေါက်သော အတတ်ကဲ့သို့င်း၊ ရှေ့တော်၌ ကြီးပွား၏၊၊ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ၊၊ ချစ်လိုဘွယ်သော မျက်နှာ လက္ခဏာနှင့် မပြည့်စုံ၊၊
၃ မထီမဲ့မြင် ပြခြင်းကိုခံ၍၊ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏၊၊ ငြိုငြင်သောသူ၊ နာကြည်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူဖြစ်၏၊၊ သူတပါးမျက်နှာ လွှဲခြင်းကို ခံရသော သူကဲ့သို့ဖြစ်၏၊၊ မထီမဲ့မြင် ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ၊၊
၎ သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင် ဆောင်ရွက်လေ၏၊၊ ဒဏ်ခတ်တော်မူခြင်းကိုင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုင်း ခံရသောသူ ဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ၊၊
၅ ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊
၆ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီးလိုက်သွား ကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ် တင်တော်မူ၏၊၊
၇ ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊
၈ မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြသည်၊၊အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကို အဘယ်သူပြညွှန်မည်နည်း၊၊ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။
၉ ပြစ်မှားခြင်းကိုမပြု၊၊ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြ‡ုပ်ခြင်းငှါ စီရင်ကြ၏၊၊ သို့ရာတွင် သေပြီးမှသူဌေး၌ရှိ၏၊၊
၁၀ ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူသည်၊၊ သူသည်အပြစဖြေသော ယဇ် ကို ပူဇော်ပြီးမှ အမျိုးအနွှယ်တော်ကို မြင်ရလိမ့်မည်၊၊ အသက်တော်လည်း ရှည်လိမ့်မည်၊၊ ထာဝရဘုရား ၏ အကြံတော်သည်လည်း သူ၏ လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်၊၊
၁၁ မိမိစိတ်ဝိညာဉ် ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်၍ အားရလိမ့်မည်၊၊ ထိုဖြောင့်မတ်သောငါ၏ ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည်အများသော သူတို့ ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်၊၊ သူတို့၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏၊၊
၁၂ ထိုသို့ မိမိအသက်ကို သေခြင်း ၌ သွန်း၍ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့်၊ လူများတို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူတို့အဘို့ ဖြစ်စေခြင်းငှါငါခွဲမည်၊၊ အစွမ်း သတ္တိရှိသော သူတို့ကို သူ၏ လက်ဥစ္စာကဲ့သို့ ကိုယ်တိုင်ဝေဖန်ရသော အခွင့်ရှိလိမ့်မည်။
ဆာလံကျမ်း အခန်းကြီး ၃၁ (Ps 31:1-25);
၁ အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ် ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော။ တရားတော် နှင့်အညီ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
၂ အကျွန်ုပ်ဘက်သို့ နားတော်ကိုလှည့်၍ အလျင်အမြန် ကယ်နှုတ်တော်မူ ပါ။ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ကျောက်၊ အကျွန်ုပ်လုံခြုံရာ ရဲတိုက် ဖြစ်တော်မူပါ။
၃ အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။
၎ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။
၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊
၁၄ သို့သော်လည်း ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏၊၊
၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင် ပိုင်တော်မူ၏၊၊ ရန်သူတို့နှင့် ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ၊၊ ကရုဏာတော်ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူ ပါ၊၊
၁၇ အို ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍ ရှက်ကြောက်ခြင်း မရှိပါစေ နှင့်၊၊ လူဆိုးတို့မူကား အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်တကွ၊ ဖြောင့်မတ်သော သူတဘက်၌ စော်ကားသော စကားကို ပြော၍ မုသာ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၉ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍ လူသားတို့ ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏၊၊
၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊
၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊
၂၂ အကျွန်ုပ်သည် ကိုယ်တော်၏ မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက် ဆိုမိသော်လည်း ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကို ကိုယ်တော်နားထောင်တော်မူသတည်း။
၂၃ ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့ ထာဝရဘုရားကိုချစ်ကြလော့၊၊ ထာဝရဘုရားသည် သစ္စာရှိ သောသူတို့ကို စောင့်မတော်မူ၏၊၊ မာနထောင်လွှား သူတို့ကိုကား၊ အပြစ်များစွာပေးဆပ် တော်မူသတည်း၊၊
၂၄ ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့ အားယူ၍ရဲရင့်သော စိတ်နှလုံးရှိကြလော့၊၊
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:14-16, 5:7-9);
၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို့၌ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီး သောအရာ၌ တည်ကြည်ကြကုန်အံ့။
၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။
၁၆ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြေင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။
၇ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်နိုင်တော်မူသောသူကို၊ ကြီးစွာ သောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့်၊ ကြောက်ရွံ့ရာအမှု၌ ချမ်းသာရသည်ဖြစ်၍၊
၈ ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။
၉ ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင် ခြင်း ကျေးဇူးကို ပြုသောသူဖြစ်တော်မူ၍၊
၁၀ မေလခိဇေဒက်ကဲ့သို့သောယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ် တော်မူခြင်းကိုခံရ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၈ (John 18:1-19:42);
၁ ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသောဥယျာဉ်သို့ ဝင်တော်မူ၏။
၂ ထိုအရပ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိ သောကြောင့်၊ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊
၃ စစ်သူရဲ တတပ်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကို၎င်း ခေါ် ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက် တို့ကိုလက်စွဲလျက်လာကြ၏။
၎ ယေရှုသည် ကိုယ်၌ဖြစ်လတံ့သမျှသော အမှုအရာ တို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။
၅ နာဇရက်မြို့ သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။
၆ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌ လဲကြ၏။
၇ အဘယ်သူကိုရှာကြသနည်းဟု တဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကိုရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။
၈ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေဟု မိန့်တော်မူ၏။
၉ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသောသူတို့တွင် အဘယ်သူမျှ ပျက်ဆီးခြင်းသို့ မရောက်ပါဟူသော အထက်စကား တော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။
၁၀ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ပါသော ထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက် ကိုခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလခုဖြစ်သတည်း။
၁၁ ယေရှုကလည်း ထားကို အိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။
၁၂ ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်း လုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျင် အန္နက်မင်းထံသို့ ရှေ့ဦးစွာယူသွားကြ၏။
၁၃ အန္နက်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ ယောက္ခမဖြစ်သတည်း။
၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်ဆီးသော် သာ၍ကောင်းသည်ဟု ယုဒလူတို့ နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
၁၅ ရှိမုန်ပေတရုနှင့် အခြေားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ဝင်လေ၏။
၁၆ ပေတရုမူကား၊ ပြင်၌တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ်မင်းနှင့် အကျွမ်းဝင်သော တပည့်တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။
၁၇ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည်မဟုတ်လော ဟုဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွ ရပ်၍မီးလှုံလျက်နေ၏။
၁၉ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကိုမေးမြန်းစစ်ကြော၏။
၁ ထိုအခါပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊
၂ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်၍၊ နီမောင်းသောဝတ်လုံနှင့် ခြုံစေပြီးလျှင်၊
၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေ သတည်းဟု ဆို၍ ရိုက်ပုတ်ကြ၏။
၎ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကိုသင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟုဆို၏။
၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသောဝတ်လုံကို ဝတ်လျက်ပြင်သို့ ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း၊ သူ့ကိုကြည့်ကြလော့ ဟုဆို၏။
၆ ယဇ်ပုရောဟိတ်အကြီး တို့နှင့် လုလင်များတို့က ထိုသူကိုလက်ဝါးကပ်တိုင်မှာရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကိုမတွေ့ဟုဆိုလျှင်၊
၇ ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်ယောင် ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသာ ဓမ္မသတ်အတိုင်း သေထိုက်ပါသည် ဟုလျှောက်ကြ၏။
၈ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် သာ၍ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊
၉ ယေရှုအား၊ သင်သည်အဘယ်ကဖြစ်သနည်းဟု မေးလျှင်တခွန်းကိုမျှ ပြန်တော်မမူ။
၁၀ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင် သည်ကို၎င်း သင်မသိလောဟုဆိုသော်၊
၁၁ အထက်အရပ်မှအခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့ မျှမပြုပိုင်။ ထိုကြောင့် ငါ့ကိုမင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ကြီးသော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။
၁၂ ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ။ ရှင်ဘုရင်လုပ် သောသူမည်သည်ကား၊ ကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟု လျှောက်ကြ၏။
၁၃ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကို ပြင်သို့ထုတ်ပြီးမှ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်း ဟုခေါ်ဝေါ်သောအရပ်၍ တရားပလ္လင်ပေါ်မှာထိုင်လေ၏။
၁၄ ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြ လော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊
၁၅ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ်မင်း ကလည်း သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည် လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ်အကြီး တို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင် မှမျှရှိပါဟု ပြန်ပြောကြ၏။
၁၆ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။
၁၇ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။
၁၈ ထိုအရပ်၌ ကိုယ်တော်ကို အခြား သောသူနှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ်မှာ ယေရှုသည် နေရာ ကျသတည်း။
၁၉ ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက် ဟူမူကား၊ ရုဒရှင်ဘုရင် နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း။
၂၀ ယေရှုကို လက်ဝါးကပ်တိုင်မှာရိုက်ထားသော အရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။
၂၁ ထိုကြောင့် ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်း ထံသို့ဝင်၍၊ ယုဒရှင်ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင်ဖြစ်သည်ဟု သူဆိုကြောင်းကို ရေးတော်မူပါဟု လျှောက်ကြလျှင်၊
၂၂ ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟုပြန်ဆို၏။
၂၃ စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီယူကြလေ၏။ အတွင်းအင်္ကျီတော်ကား မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင် အောင်ယက်သော အင်္ကျီဖြစ်သောကြောင့်၊
၂၄ ထိုသူတို့က အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည် ကို စာရေးတံ ချကြကုန်အံ့ဟု အချင်းချင်းဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ ဟူသောအချက်စကားကို ပြည့်စုံစေ၍ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
၂၅ ယေရှု၏လက်ဝါးကပ်တိုင်တော်နားမှာ မယ်တော်နှင့်မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယား မာရိနှင့်မာဂဒလမာရိတို့သည် ရပ်နေကြ၏။
၂၆ ထိုအခါ မယ်တော်နှင့်ချစ်တော်မူသော တပည့်တော်သည် အနားမှာ ရပ်နေသည်ကို ယေရှုသည်မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ ဟူ၍၎င်း၊
၂၇ တပည့်တော် အားလည်း၊ သင်၏အမိကိုကြည့်ပါဟူ၍၄င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ အိမ်၌သိမ်းထား၏။
၂၈ ထိုနောက် ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။
၂၉ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင်အကိုင်းဖျား၌ တပ်၍ခံတွင်းတော်သို့ ကပ်ထားကြ၏။
၃၀ ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟုမိန့်တော်မူလျက်၊ ခေါင်းတော်ကိုငိုက်စိုက်ညွှတ်၍ အသက်တော် ကိုစွန့်တော်မူ၏။
၃၁ ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာမရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်း ကြ၏။
၃၂ ထိုအခါ စစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာရိုက်ထားသော သူနှစ်ယောက်တို့၏ခြေကို ချိုးလေ၏။
၃၃ ယေရှုထံ သို့ရောက်၍ အသက်မရှိကြောင်းကို မြင်လျှင် ခြေကိုမချိုး ဘဲ၊
၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လာ၏။
၃၅ ထိုအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသောစကားမှန်သည်ကို သူသိ၏။
၃၆ ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟုကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။
၃၇ တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်ဟု လာ၏။
၃၈ ထိုနောက်မှ အရိမသဲမြို့သား ယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော် ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏အလောင်းတော်ကိုယူလေ၏။
၃၉ အထက်က ညဥ့်အခါ ယေရှုထံတော်သို့လာသော နိကောဒင်သည်လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့် အကျော်ကို ရောနှောသောနံ့သာပျောင်းကို ဆောင်လျက်လာ၏။
၄၀ ထိုသူတို့သည် ယေရှု၏ အလောင်း တော်ကိုယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်းထုံးစံရှိသည်အတိုင်း နံ့သာမျိုး နှင့်တကွ ပိတ်ပုဆိုးဖြင့်အလောင်းတော်ကို ပတ်ရစ်ကြ၏။
၄၁ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။
၄၂ ယုဒလူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။