Sun the 12th: Psalter II, Octave of Easter.
Feast of Divine Mercy.
Last Day of Octave.
Acts 4:32-35; Ps 118:1-24; 1 John 5:1-6; John 20:19-31
တမန်တော်ဝတ္ထု အခန်းကြီး ၄ (Acts 4:32-35);
၃၂ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်း ရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို ငါ့ဥစ္စာဟု၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။
၃၃ ဘုရားသခင် ယေရှုထမြောက်တော်မူခြင်းအကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူ အပေါင်းတို့သည် ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြ၏။
၃၄ ထိုသူတို့တွင် ဆင်းရဲသောသူ တယောက်မျှမရှိ၊ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကိုပိုင်သောသူ ရှိသမျှတို့သည်ရောင်းပြီးလျှင် ရသောအဘိုးကိုယူဆောင်ခဲ့၍၊
၃၅ တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၈ (Ps 118:1-24);
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူး တ်ာကို ချီးမွမ်းကြလော့၊၊
၂ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ဣသရေလအမျိုးဝန်ခံစေ၊၊
၃ ကရုဏာတော်အစဉ် အမြဲတည်စေဟု အာရုန်အနွယ် ဝန်ခံစေ၊၊
၎ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဝန်ခံကြစေ။
၅ ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကိုခေါ်၍ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏၊၊
၆ ထာဝရဘုရားသည် ငါ့ဘက်၌ ရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ၊၊ လူသည် ငါ၌ အဘယ်သို့ပြုနိုင် သနည်း၊
၇ ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါအလိုကို ပြည့်စုံလိမ့်မည်၊၊
၈ ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက်သာ၌ ကောင်း၏၊၊
၉ ထာဝရဘုရားကို ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက်သာ၍ကောင်း၏၊၊
၁၀ လူအမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းကြသော်လည်း၊ ထာဝရဘုရား၏ နာမတော် အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၁ ငါ့ကို ဝိုင်းကြ၏၊၊ ဝိုင်းသော်လည်း ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏၊၊
၁၂ ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော် လည်း ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏၊၊ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပြယ်ဖြတ်ရ၏၊၊
၁၃ သင်သည်ငါကိုလှဲသောအခါ ပြင်းထန်စွာတွန်းသော် လည်း ထာဝရဘုရားသည် ငါကို မစတော်မူ၏၊၊
၁၄ ထာဝရဘုရား သည် ငါ၏အစွမ်းသတ္တိ၊ ငါသီချင်းဆိုရာအကြောင်း ငါ့ကိုကယ်တင်ခြင်းအကြောင်း ဖြစ်တော်မူ၏၊၊
၁၅ ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏၊၊ ထာဝရဘုရား၏ လက်ျာတော်သည် ကြီးသော အမှုကိုပြု၏၊၊
၁၆ ထာဝရဘုရား၏ လက်ျာ လက်တော်သည် ချီးမြ‡င့်လျက် ရှိ၏၊၊ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကို ပြု၏၊၊
၁၇ ငါမသေရ သေး၊၊ အသက်ရှင်၍ ထာဝရဘုရား၏ အမှုတော်ကို ကြားပြောရဦးမည်၊၊
၁၈ ထာဝရဘုရားသည် ငါ့ကို ကျပ်တည်းစွာ ဆုံးမသော်လည်း သေခြင်း၌ အပ်တော်မမူသေး၊၊
၁၉ ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါအားဖွင့်ကြ၊၊ ငါဝင်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရမည်၊၊
၂၀ ဤတံ ခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏၊၊ ဖြောင့်မတ်သောသူတို့သည် ဝင်ရကြ၏၊၊
၂၁ ကိုယ်တော်ကို အကျွန်ုပ်ချီးမွမ်းပါ မည်၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ စကားကိုနားထောင်၍ အကျွန်ုပ်ကို ကယ်တင်တော်မူ၏၊၊
၂၂ တိုက်ကို တည်လုပ်သောသူများကိုပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏၊၊
၂၃ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏၊ ငါတို့မျက်မှောက်၌လည်း အံ့ဘွယ်ဖြစ်၏၊၊
၂၄ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊၊
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 John 5:1-6);
၁ ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည်သားကိုလည်း ချစ်တတ်သည် နှင့်အညီ၊
၂ ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။
၃ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။
၎ ဘုရားသခင်၏ သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။
၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှ တပါး၊ အဘယ်သူသည်လောကကို အောင်နိုင်သနည်း။
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့် သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂၀ (John 20:19-31);
၁၉ ခုနစ်ရက်တွင် ပထမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း ဟုမိန့်တော်မူ၏။
၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။
၂၁ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိလေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ သည်နည်းတူ၊ သင်တို့ကိုငါစေလွှတ် သည်ဟု မိန့်တော်မူပြီးလျှင်၊
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည်အပြစ် လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည်အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။
၂၄ ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။
၂၅ ထိုသူတို့ ကလည်း၊ အကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာ ချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ ဟုဆို၏။
၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်း ပါ၏။ တံခါးများကိုပိတ်ထားစဉ်အခါ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။
၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကိုစမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။
၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍လျှောက် ကြ၏။
၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
၃၀ ဤကျမ်းစာ၌ရေး၍ မထားသောအခြားနိမိတ်လက္ခဏာများတို့ကိုလည်း ယေရှုသည် တပည့်တော် တို့ မျက်မှောက်၌ပြတော်မူ၏။
၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။