Tuesday, 21 April 2015

21-APRIL-2015-(READING)

Tue the 21st:    Optional memorial of Anselm, bishop and doctor.
Acts 7:51-8:1; Ps 31:3-21; John 6:30-35

တမန်တော်ဝတ္ထု အခန်းကြီး ၇ (Acts 7:51-8:1);

၅၁ လည်ပင်းခိုင်မာ၍ နှလုံးဖြင့်၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့ အလေ့တူ၏။
၅၂ သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲနေသနည်း။ ဖြောင့်မတ်သောသူ ကြွလာတော်မူမည်အကြောင်းအရာကို ဟောပြောပြညွှန်သောသူတို့ကို ကွပ်မျက်ကြ၏။ ထိုဖြောင့်မတ်သောသူကိုပင် ယခုလည်း သင်တို့သည်အပ်နှံ၍ အသေသတ်ကြပြီ။
၅၃ သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကိုခံရသော်လည်း မစောင့်မရှောက်ကြဟု သတေဖန် မြွက်ဆို၏။
၅၄ ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။
၅၅ သူသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ကောင်းကင်သို့စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊
၅၆ ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း ငါမြင် သည်ဟုဆို၏။
၅၇ ထိုသူတို့သည် ပြင်းစွာသောအသံနှင့်ဟစ်ကြော်၍ နားကိုပိတ်ဆို့လျက် သူ့ဆီသို့ ညီညွတ်စွာ တဟုန်တည်းပြေး၍၊
၅၈ မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ် ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။
၅၉ ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။
၆၀ ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကိုကွပ်မျက်သော အမှုကိုရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။
၁ ထိုအခါ ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန် တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။ 

ဆာလံကျမ်း အခန်းကြီး ၃၁ (Ps 31:3-21);

၃ အကယ်စင်စစ် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကိုလမ်းပြ၍ သွန်သင်ပဲ့ ပြင် တော်မူပါ။
၎ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ဖြစ်တော်မူ၏။ ထို့ကြောင့် အကျွန်ုပ် အဘို့ဝှက်ထား သောကျော့ကွင်းထဲက အကျွန်ုပ်ကိုနှုတ်ယူ တော်မူပါ။
၅ သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏၊၊
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏၊၊
၇ ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်း ခြင်းရှိပါလိမ့်မည်၊၊ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကို သိမှတ်တော်မူ၏၊၊
၈ အကျွန်ုပ်ကို ရန်သူလက်သို့ မအပ်ဘဲ ကျယ်ဝန်းသော အရပ်၌ နေရာချတော်မူ၏၊၊
၉ အိုထာဝရဘုရား အကျွန်ုပ်၌ အမှုရောက်ပါပြီ၊၊ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ၊၊ ပူပန်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ၊၊
၁၀ အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍ အသက်ကာလကို လွန်စေရပါ၏၊ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏၊ ကိုယ့်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍ ရန်သူများသောကြောင့် အရိုး တို့သည် ဆွေးမြေ့ကြပါ၏၊၊
၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ကဲ့ရဲ့ကြပါ၏၊၊ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံ့ကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် ရှောင်၍ ပြေးကြပါ၏၊၊
၁၂ မ အောက်မေ့သော အသေကောင်ကဲ့သို့ အကျွန်ုပ်ကို မေ့လျော့ကြပါ၏၊၊ အိုးခြမ်းကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏၊၊
၁၃ လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏၊၊ ပတ်ဝန်းကျင်အရပ်တို့ ၌ ကြောက်မက်ဘွယ်သော အကြောင်းရှိပါ၏။ လူများ တို့သည် အချင်းချင်း သင်းဖွဲ့လျက် အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ၏၊၊
၁၄ သို့သော်လည်း ထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏၊၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏၊၊
၁၅ အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင် ပိုင်တော်မူ၏၊၊ ရန်သူတို့နှင့် ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၆ မျက်နှာတော်၏ အလင်းကို ကိုယ်တော်၏ ကျွန်အပေါ်၌ ထွန်းလင်းစေတော်မူပါ၊၊ ကရုဏာတော်ကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူ ပါ၊၊
၁၇ အို ထာဝရဘုရား အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍ ရှက်ကြောက်ခြင်း မရှိပါစေ နှင့်၊၊ လူဆိုးတို့မူကား အရှက်ကွဲလျက် မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၈ မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့်တကွ၊ ဖြောင့်မတ်သော သူတဘက်၌ စော်ကားသော စကားကို ပြော၍ မုသာ၌ ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာ နေကြပါစေသော၊၊
၁၉ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍ လူသားတို့ ရှေ့မှာ ကိုယ်တော်ကို ခိုလှုံသော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော်သည် အလွန်ကြီးလှပါ၏၊၊
၂၀ လူတို့ပြုတတ်သော ပရိ ယာယ် နှင့် ကင်းလွတ်စေခြင်းငှါ ကျိန်းဝပ်တော်မူရာအတွင်း အရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူပါ၊၊ ရန်တွေ့ခြင်း အသံကို ကွယ်ကာလျက် တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏၊၊
၂၁ ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း၊၊ အကြောင်းမူကား၊ ခိုင်ခံ့သော မြို့၌ အံ့ဘွယ်သော မေတ္တာကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ၊၊ 

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:30-35);

၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့် မြင်၍ ကိုယ်တော်ကို ယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူ သနည်း။
၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည် တော၌မန္နကိုစားကြသည်ဟု လျှောက် ကြ၏။
၃၂ ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး။ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အားပေးတော်မူ၏။
၃၃ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင် မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊
၃၄ သခင်၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။
၃၅ ယေရှုကလည်း၊ ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ်မခံရ။ ငါ့ကိုယုံကြည်သောသူသည် နောက်တဖန် ရေငတ် မခံရ။