Monday, 2 May 2016

2-MAY-2016 (READING EST6-YC-C2)

Mon the 2nd: Memorial of Athanasius, bishop and doctor.
Acts 16:11-15; Ps 149:1-9; John 15:26-16:4

တမန်တော်ဝတ္ထု အခန်းကြီး ၁၆ (Acts 16:11-15);

 ၁၁ ထိုကြောင့်၊ တယောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ရောက်ကြ၏။
၁၂ ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့တည်းဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသောဖိလိပ္ပိမြို့သို့ရောက်၍ ကာလအတန်အရာနေကြ၏။
၁၃ ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသောမိန်းမတို့အား ဟောပြောကြ၏။
၁၄ ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွားတိရဲမြို့သူလုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုကိုးကွယ်သောသူ ဖြစ်၍၊တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကိုမှီဝဲဆည်းကပ်စေခြင်းငှါသူ၏ စိတ်နှလုံးကိုသခင်ဘုရားဖွင့် တော်မူ၏။
၁၅ ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကိုသင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ဝင်၍ နေကြပါဟု တောင်းပန်လျက် ငါတို့ကိုအနိုင်သွေးဆောင်လေ၏။

ဆာလံကျမ်း အခန်းကြီး ၁၄၉ (Ps 149:1-9);

၁ ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်းကို ဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့၊၊
၂ ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသောဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ၊၊ ဇိအုန် သားတို့သည် မိမိရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ၊၊
၃ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ၊၊ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာသီချင်းဆိုကြစေ၊၊
၎ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏၊၊ စိတ်နှိမ့်ချသော သူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏၊၊
၅ သန့်ရှင်း သောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ၊၊ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ၊၊
၆ တပါး အမျိုးသားတို့တွင် တရားအတိုင်းအပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏  ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍ ၊ မူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အားပြုခြင်း ငှါ ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ၊ ထာဝရဘုရား၏ သန့်ရှင်းသောသူအပေါင်းတို့သည် ထိုသို့သော ဘုန်းနှင့်ဆိုင်ကြ၏၊၊ ဟာလေလုယ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:26-16:4)

၂၆ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ငါစေလွှတ်လတံ့သော ဥပဇ္ဈယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၂၇ သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
၁ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကိုငါပြော၏။
၂ လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကိုငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။
၃ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်းမသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
၎ ထိုအချိန်ကာလ ရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှါ ယခုပင်ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။