Fri the 20th: Optional memorial of Bernardine of Siena, priest.
Jas 5:9-12; Ps 103:1-12; John 17:17; Mark 10:1-12
ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၅ (Jas 5:9-12);
၉ ညီအစ်ကိုတို့၊ စစ်ကြောစီရင် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါး နားမှာရှိတော်မူ၏။
၁၀ ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဆင်းဒုက္ခတွြေ့ခင်း၊ သည်းခံခြင်း၏ ပုံသက်သေကိုပြကြပြီဟု မှတ်ကြလော့။
၁၁ သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရား သည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။
၁၂ ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကိုသာ၍ ရှောင်ကြလော့။ ကောင်းကင်ဘုံ ကိုတိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန် ကြနှင့်။ အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၀၃ (Ps 103:1-12);
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။
၂ အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။
၃ သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။
၎ သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။
၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
၆ ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
၇ ဘာသာဓလေ့တော်တို့ကိုမောရှေ၌၎င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၎င်း ပြတော်မူပြီ။
၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
၁၀ ငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။
၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊
၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇ (John 17:17);
၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၀(Mark 10:1-12)
၁ ထိုအရပ်မှ ကိုယ်တော်သည်ထ၍ ယော်ဒန်မြစ်တဘက်ကို ရှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌ စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တဖန် ဆုံးမသြဝါဒ ပေးတော်မူ၏။
၂ ဖာရိရှဲတို့သည် အထံတော်သို့လာ၍၊ လူသည် မိမိမယားနှင့်ကွာအပ်သလောဟု စုံစမ်းနှောင့် ရှက်ခြင်းငှါ မေးလျှောက်ကြသော်၊
၃ ယေရှုက၊ မောရှေသည် သင်တို့အား အဘယ်သို့စီရင်သနည်းဟု လှန်၍ မေးတော်မူလျှင်၊
၎ သူတို့က၊ ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှါ မောရှေစီရင်ပါသည်ဟု လျှောက်ကြ၏။
၅ ယေရှုကလည်း၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မောရှေသည် ထိုပညတ်ကိုရေးထားသတည်း။
၆ ဘုရားသခင် ဖန်ဆင်းတော်မူစက ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
၇ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊
၈ ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။
၉ ဘုရားသခင်တွဲဘက်၍ ထမ်းဘိုး တင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
၁၀ နောက်တဖန် တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။
၁၁ ကိုယ်တော် ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ် မှား၏။
၁၂ မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့် စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။