Sun the 29th: Psalter I, Ordinary Time Week 9.
1 Kgs 8:41-43; Ps 117:1-2; Gal 1:1-10; John 3:16; Luke 7:1-10
ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၈ (1 Kgs 8:41-43);
၄၁ ကိုယ်တော်၏ လူဣသရေလအမျိုးမဟုတ်၊
၄၂ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့် တန်းခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော်၏ သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက်သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျင်၊
၄၃ ကျိန်းဝပ်တောမူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏ လူဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ‹သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှာင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေခြင်းငှာင်း၊ ထိုတပါး အမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်းကျေးဇူးပြုတော်မူပါ။
ဆာလံကျမ်း အခန်းကြီး ၁၁၇ (Ps 117:1-2);
၁ လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊၊ လူအနွယ်အပေါင်းတို့ အလွန်ချီးမွမ်းကြလော့၊၊
၂ အကြောင်းမူကား ၊ ငါတို့၌ ကရုဏာတော်ကြီးလှ၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစဉ်အမြဲတည်၏။ ဟာလေလုယ။
ဂလာတိသြဝါဒစာ အခန်းကြီး ၁ (Gal 1:1-10);
၁ လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ခမည်းတော်ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သော ငါပေါလုမှစ၍၊
၂ ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။
၃ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
၎ ထိုသခင်သည် ငါတို့ အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သောပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ်အပ်ပေးတော်မူ၏။
၅ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူ စေသတည်း။ အာမင်။
၆ ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကိုခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့သြခြင်းရှိ၏။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိ တရားမဟုတ်။ သင်တို့ကိုနှောင့်ရှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၈ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။
၉ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလတရားကို တစုံတယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခု ငါထပ်၍ဆိုသေး၏။
၁၀ အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော။ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16);
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၇(Luke 7:1-10)
၁ ထိုဒေသနာတော်ကို ယေရှုသည် ပရိသတ်တို့အား အကုန်အစင်ဟောတော်မူပြီးမှ ကပေရနောင် မြို့သို့ကြွဝင်တော်မူ၏။
၂ ထိုမြို့၌ တပ်မှူး၏ကျွန်တယောက်သည် နာ၍ သေခါနီးရှိ၏။ သူ၏သခင်သည် သူ့ကိုချစ်၍၊
၃ ယေရှု၏ သိတင်းတော်ကိုကြားလျှင်၊ ယုဒအမျိုးအကြီးအကဲတို့ကို အထံတော်သို့စေ လွှတ်သဖြင့်၊ ကိုယ်တော်သည် ကြွ၍ ထိုကျွန်ကို ချမ်းသာပေးတော်မူမည်အကြောင်း တောင်းပန်လေ၏။
၎ ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင်၊ ကျေးဇူးတော်ကိုခံမည့်သူသည် ခံထိုက်သောသူဖြစ်ပါ၏။
၅ သူသည် အကျွန်ုပ်တို့အမျိုးကိုနှစ်သက်၍ အကျွန်ုပ်တို့အဘို့ တရားစရပ်ကိုဆောက်ပါပြီဟူ၍ ကျပ်ကျပ်တောင်းပန်ကြ၏။
၆ ယေရှုသည် သူတို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့်အနီးမဝေး ရောက်တော်မူသောအခါ၊ တပ်မှူးသည် မိမိအဆွေတို့ကိုစေလွှတ်၍၊ သခင်၊ ကိုယ်ကိုပင်ပန်းစေတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို အကျွန်ုပ်မခံ ထိုက်ပါ။
၇ ထိုအတူ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ရောက်ထိုက်သောသူ မဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့်တော် တခွန်းရှိလျှင် အကျွန်ုပ်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
၈ ဥပမာကား၊ အကျွန်ုပ်သည် မင်းအောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင်သွားပါ၏။ တဦးကိုလာခဲ့ ဟုခေါ်လျှင် လာပါ၏။ ကျွန်ကိုလည်း ဤအမှုကိုလုပ်တော့ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်စေ၏။
၉ ထိုစကားကို ယေရှုသည် ကြားတော်မူလျှင် အံ့သြခြင်းရှိ၍ နောက်တော်၌ လိုက်သောလူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူး သေးဟု မိန့်တော်မူ၏။
၁၀ တပ်မှူးစေလွှတ် သောသူတို့သည် အိမ်သို့ပြန်ရောက်လျှင်၊ အနာရောဂါစွဲသော ကျွန်သည် ကျန်းမာလျက်ရှိသည်ကိုတွေ့ကြ၏။