Sunday, 22 May 2016

22-MAY-2016 (READING ORD8 -YC-C2)

Sun the 22nd: Psalter IV, Ordinary Time Week 8.
                       Solemnity of The Holy Trinity.
(Optional memorial of Rita of Cascia, religious.)
Exod 34:4-9; Dan 3:52-55; 2 Cor 13:11-13; John 3:16-18

ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၄ (Exod 34:4-9);

၎ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။
၅ ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာ ရပ်လျက်၊ ထာဝရဘုရား၏ နာမတော် ကို ကြွေးကြော်တော်မူ၏။
၆ ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊  ချစ်ခြင်းသနား မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
၇ အထောင်အသောင်း များသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း လွန်ကျူးခြင်း၊ ဖြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
၈ မောရှေသည် အလျင်အမြန်ဦးညွတ်ချ၍ ကိုးကွယ်လျက်၊
၉ အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုအရှင်သည် အကျွန်ုပ်တို့နှင့် အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဘို့ သိမ်းယူတော် မူပါဟု လျှောက်လျှင်၊
၁၀ ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါ့ပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာလူမျိုး၌ မပြုစဖူးသော အံ့ဖွယ်သောအမှုတို့ကို သင်တို့၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သော အမှုဖြစ်ကြောင်းကို၊ သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။

'geDtJvftem*wdåusrf;tcef;BuD; (3) (Dan 3:52-55);

52/ aw;oDusL;MuonfrSm ]]tdk ocif? wynfhawmf wdkY bdk;ab;rsm;\bk&m; udk,fawmftm; aumif; csD;r*Fvm &Sdawmfrlí umvtqufquf  csD;rGrf;
53/ axmyem &Sdygapaomf/ udk,fawmf\ oefY&Sif;í bkef;awmf *kPfawmf&Sdaom Adrmefawmfü udk,f awmftm; aumif;csD; r*Fvm&Sdygapaomf/ umv tqufqufcsD;rGrf;axmyem&Sdygapaomf/
54/ udk,fawmf\ EdkifiHawmfwnf&Sd&m &mZyv’ifawmf tay:ü udk,fawmftm; aumif;csD; r*Fvm&Sdyg apaomf/ umvtqufquf csD;rGrf;axmyem&Sd
55/ ygapaomf/ ac&kbifwrefwdkY tay:rSm pHjref; awmfrlí euf&Idif;&mwdkYudk Munfh&IYawmfrlaom udk,fawmftm; aumif;csD;r*Fvm &Sdygapaomf/  umvtqufqufcsD;rGrf;axmyem&Sdygapaomf/



ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၁၃ (2 Cor 13:11-13);

၁၁ ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာခြင်းကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။
၁၂ အချင်းချင်း တယောက်ကိုတယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
၁၃ သန့်ရှင်း သူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:16-18)

၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။