Sun the 14th: Psalter I, Easter Week 5.
(Feast of Matthias, apostle.)
Acts 6:1-7; Ps 33:1-19; 1 Pet 2:4-9; John 14:1-12
တမန်တော်ဝတ္ထု အခန်းကြီး ၆ (Acts 6:1-7);
၁ ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက်အစဉ်အတိုင်း လုပ်ကြွေးသောအခါ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကြွေးဟု ထိုအမျိုးအသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ် တင်ကြ၏။
၂ ထိုအခါ တကျိပ်နှစ်ပါးသောတမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့ သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။
၃ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့ တွင်ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။
၎ ငါတို့မူကား ဆုတောင်းပဌနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍နေမည်ဟုဆိုကြ၏။
၅ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်င်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊
၆ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည် လည်းဆုတောင်းပြီးလျှင် ထိုသူတို့၏ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။
၇ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန် ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-19);
၁ ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
၂ စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
၃ ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
၎ အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
၅ ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
၇ သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
၉ အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Pet 2:4-9);
၎ လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက် ကျောက်မြတ်တည်း ဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊
၅ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်းဖြစ်ကြ၏။
၆ ထိုသို့နှင့် အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သောတိုက်ထောင့်အမြစ် ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟုလာသတည်း။
၇ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကို တည်လုပ် သော သူများပယ်ထားသောကျောက်သည် နောက်တဖန် တိုက်ထောင်အထွဋ်အဖျားသို့ ရောက်ပြန်၏။
၈ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည် ထိမိ၍လဲစရာ ကျောက်၊ မှားယွင်း စရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့်တွေ့စေခြင်းငှါ ထိုသူတို့ကိုခန့်ထား တော်မူသတည်း။
၉ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများ ကိုဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:1-12);
၁ တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။
၂ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
၃ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။
၎ ငါသည်အဘယ် အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ ဟုမိန့်တော်မူသည်။
၅ သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
၇ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။
၈ ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကိုအကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊
၉ ယေရှုက၊ ဖိလိပ္ပု ဤမျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကိုအကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ဆိုရသနည်း။
၁၀ ငါသည် ခမည်း တော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော် မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသော စကားကိုကိုယ်အလိုအလျှောက်ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့အား ငါ၌တည်နေတော်မူသော ခမည်းတော်သည်ပြုတော်မူ၏။
၁၁ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် ကို၎င်း ယုံကြလော့။ ငါ့စကားကိုမယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၌ ယုံကြလော့။
၁၂ ငါအမှန်အကန် ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်းပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွား၍၊
၁၃ သင်တို့သည် ငါ၏ နာမကို အမှီပြုလျက်ဆုတောင်းသမျှအတိုင်းငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း။