Sun the 21st: Psalter II, Easter Week 6.
(Optional memorial of Christopher Magallanes, priest, and Companions, martyrs.)
Acts 8:5-17; Ps 66:1-20; 1 Pet 3:15-18; John 14:15-21
တမန်တော်ဝတ္ထု အခန်းကြီး ၈ (Acts 8:5-17);
၅ ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။
၆ လူအစုအဝေးတို့ သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကိုမြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင် ကြ၏။
၇ အကြောင်းမူကား၊ နတ်ဆိုးစွဲသောသူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အောဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိ အဖြစ်သို့ရောက်ကြ၏။
၈ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏။
၉ ရှိမုန်အမည်ရှိသာသူတယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့်ပြုပြင်၍၊ ငါသည် ထူးဆန်းသော သူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှါပြု၏။
၁၀ လူကြီးလူငယ်ရှိသမျှ တို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟုဆိုလျက် ထိုသူ၌ဆည်းကပ်ကြ၏။
၁၁ ဆည်းကပ်သည် အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှာ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာပြု လျက်နေ၏။
၁၂ ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့်၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိတရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံ ကိုခံကြ၏။
၁၃ ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံ ကိုခံပြီးမှ ဖိလိပ္ပုထံ၌ မှီဝဲဆည်းကပ် သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကိုမြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။
၁၄ ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသောတမန်တော်တို့သည် သိတင်းကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။
၁၅ ထိုမြို့သူ မြို့သားတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံရုံမျှသာရှိသဖြင့်၊
၁၆ တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော်မမူသေးသည်ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့အဘို့ ဆုတောင်း၍၊
၁၇ ထိုသူတို့အပေါ်၌ လက်ကို တင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။
ဆာလံကျမ်း အခန်းကြီး ၆၆ (Ps 66:1-20);
၁ မြေကြီးသားအပေါင်းတို့ ဘုရားသခင်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊
၂ နာမတော်၏ဂုဏ်ကို သီချင်း ဆိုကြလော့၊၊ ချီးမွမ်းခြင်း၏ ဂုဏ်အသရေကို ပြကြလော့၊၊
၃ ကိုယ်တော်စီရင်သောအမူတို့သည် အလွန်အံ့သြဘွယ် ဖြစ်ကြ ပါ၏၊၊ တန်ခိုးတော်ကြီးသောကြောင့် ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြလိမ့်မည်။
၎ မြေကြီးသားအပေါင်း တို့သည် ကိုယ်တော်ကို ကိုးကွယ်၍၊ သီချင်းဆိုကြပါစေသော။ နာမတော်အား သီချင်းဆိုကြ ပါစေသောဟု ဘုရားသခင်အား လျှောက်ထားကြလော့၊၊
၅ ဘုရားသခင် စီရင်တော်မူသော အမှုတော်ကို လာ၍ ကြည့်ကြ လော့၊ လူသားတို့တွင် စီရင်တော်မူသောအမှုတို့သည် အံ့သြဘွယ် ဖြစ်ကြ၏၊၊
၆ ပင်လယ်ကို ကုန်းဖြစ်စေတော်မူ၏။ သူတို့သည် ရေစီးရာ အရပ်ကို ခြေဖြင့် ရှောက်သွားကြသည်ဖြစ်၍ ငါတို့သည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
၇ တန်ခိုးတော်အားဖြင့် အစဉ်အမြဲ အုပ်စိုးတော်မူ၏၊၊ မျက်စိတော်သည် လူအမျိုးမျိုးတို့ကို ကြည့်ရှုသည်ဖြစ်၍ ငြင်းဆန်သော သူတို့သည် မဝါကြွားကြစေနှင့်၊၊
၈ အချင်းလူစုတို့ ငါတို့ဘုရား သခင်ကို ကောင်းကြီးပေးကြလော့၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသောစကားသံနှင့် ကြွေးကြော်ကြလော့၊၊
၉ ငါတို့အသက်ကို မသေစေမည် အကြောင်းနှင့် ခြေကိုလည်း မချော်စေမည့်အကြောင်း စောင့်မတော်မူ၏၊၊
၁၀ အိုဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ၊၊ ငွေကိုစစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ၊၊
၁၁ ကျော့ကွင်းထဲမှာ ကျော့မိစေ၍ ကျောက်ကုန်းပေါ်မှာ လေးသောဝန်ကို တင်တော်မူပြီ၊၊
၁၂ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ၊၊ မီး၌၎င်း၊ ရေ၌၎င်းသွားရသော်လည်း ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏၊၊
၁၃ မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်၊၊
၁၄ ဆင်းရဲခံရစဉ်အခါ အကျွန်ုပ် သည် နှုတ်ကို ဖွင့်၍ မြွက်ဆိုသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်၊၊
၁၅ ဆူဖြိုးသော သိုးတို့ကို နံ့သာပေါင်းနှင့်တကွ မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ပါမည်၊၊ နွားနှင့်ဆိတ်တို့ကိုလည်း စီရင်ပါမည်၊၊
၁၆ ဘုရားသခင်ကို ကြောက်ရွံ့သောလူအပေါင်းတို့ လာ၍ နားထောင်ကြလော့၊၊ ငါ့ဝိညာဉ်အဘို့ အဘယ်သို့ ကျေးဇူးပြုတော်မူသည်ကို ငါကြားပြောမည်၊၊
၁၇ ငါသည်ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ၊၊
၁၈ ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။
၁၉ ယခုမူကား၊ ဘုရားသခင်လည်း နားထောင်၍ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ၊၊
၂၀ ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၃ (1 Pet 3:15-18);
၁၅ စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရား သခင်ကို ရိုသေခြင်းရှိကြလော့၊ သင်တို့မြော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သော သဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။
၁၆ ခရစ်တော်၌ သင်တို့ကျင့်သောအကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင်ရှက်ကြောက်ခြင်း ရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်လျက် နေကြလော့။
၁၇ ဘုရားသခင့်အလို တော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက်သာ၍ကောင်း၏။
၁၈ ခရစ်တော်သည် ကိုယ်ခန္ဓွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော် မူ၏။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:15-21);
၁၅ ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊
၁၆ ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
၁၇ ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
၁၈ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်။
၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြ လိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
၂၀ ငါသည်ခမည်း တော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ထိုနေ့၌သင်တို့သည် သိရကြလိမ့်မည်။
၂၁ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။