Thu the 25th: Solemnity of Ascension of the Lord.
Optional memorial of Venerable Bede, priest and doctor; Gregory VII, pope; Mary Magdalene de Pazzi, virgin.
Acts 1:1-11; Ps 47:1-9; Eph 1:17-23; Matt 28:16-20
Acts 18:1-8; Ps 98:1-4; John 14:18; John 16:16-20
တမန်တော်ဝတ္ထု အခန်းကြီး ၁ (Acts 1:1-11);
၁ အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊
၂ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မှီကာလတွင်၊ ပြုမူသွန်သင် တော်မူသမျှတို့ကို ထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။
၃ အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများအားဖြင့် ပြတော်မူ၏။
၎ ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ဂတိကို ငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။
၅ ဂတိတော်အချက် ဟူမူကား ယောဟန်သည် ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၆ ထိုတမန်တော်တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုး သားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊
၇ သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။
၈ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
၉ တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ ဘုရားသခင်သည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။
၁၀ ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာ ပေါ်လာ၍၊
၁၁ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေ ကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။
ဆာလံကျမ်း အခန်းကြီး ၄၇ (Ps 47:1-9);
၁ လူများအပေါင်းတို့၊လက်ခုပ်တီးကြလော့။ ဘုရားသခင်ထံသို့ အောင်သံကိုလွှင့်၍ ကြွေးကြော်ကြ လော့။
၂ အကြောင်းမူကား၊ အမြင့်ဆုံးသောထာဝရဘုရားသည် ကြောက်မက်ဘွယ်သော ဘုရား၊ မြေကြီးတပြင်လုံးကို အစိုးရ သော မဟာမင်းကြီးဖြစ်တော်မူ၏။
၃ လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း၊ နှိမ့်ချတော်မူ၏။
၎ ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါ့တို့အမွေကို ငါတို့အဘို့ရွေးပေးတော်မူ၏။
၅ ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင်တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရားတက် တော်မူ၏။
၆ ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ ရှင်ဘုရင်ကိုချီးမွမ်း၍ သီချင်းဆိုကြလော့။
၇ အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို အစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်းထောမနာသီချင်းကို ဆိုကြလော့။
၈ ဘုရားသခင်သည် လူမျိုးတို့တွင်စိုးစံ တော်မူ၏။ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
၉ လူမျိုးတို့၏ အကြီးအကဲတို့ သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏ လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီး တန်ခိုးများကို ဘုရားသခင် ပိုင်တော်မူ၏။ အထူးသဖြင့် မြှောက်ခြင်း ရှိတော်မူ၏။
ဧဖက်သြဝါဒစာ အခန်းကြီး ၁ (Eph 1:17-23);
၁၇ ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီး လှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုင်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ဥာဏ် မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
၁၈ ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ ဖြစ်၏။
၁၉ ခပ်သိမ်းသော အထွဋိအမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရ ခြင်းမှစ၍၊ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့ နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အား ပေးတော်မူ၍၊
၂၀ ခြေဘဝါးတော်အောက်သို့ အလုံးစုံ တို့ကို ချထားသဖြင့်၊ အသင်းတော်အဘို့ အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြားဦးခေါင်းဖြစ်စေတော်မူ၏။
၂၁ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သတည်း။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈ (Matt 28:16-20);
၁၆ တကျိပ်တပါးသောတပည့်တော်တို့သည် ဂါလိလဲပြည်သို့သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ် သို့တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပြပ်ဝပ်ကိုးကွယ်ကြ၏။
၁၇ အချို့တို့သည် ယုံမှားခြင်းရှိကြ၏။
၁၈ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။
၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
၂၀ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
တမန်တော်ဝတ္ထု အခန်းကြီး ၁၈(Acts 18:1-8);
၁ ထိုနောက်ပေါလုသည် အာသင်မြို့မှထွက်သွား၍ ကောရိသုမြို့သို့ရောက်လေ၏။
၂ ထိုအခါ ယုဒလူ အပေါင်းတို့သည် ယောမမြို့မှထွက်သွားရမည်အကြောင်း၊ ကလောဒိမင်းအမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသာ ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယားပြစ်ကိလနှင့်တကွ မကြာမမြင့်မှီရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ဆီသို့ဝင်၍၊
၃ အလုပ်ချင်းတူသောကြောင့် သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တပ်သော အချုပ်သမားဖြစ်ကြ၏။
၎ ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေး ဆောင်လေ၏။
၅ သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လောသောအခါ၊ ပေါလုသည် သူတို့ နှင့်တကွ တရားဟောခြင်းအမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏အကြောင်းကို ယုဒလူတို့အားကြိုးစား၍ သက်သေခံလေ၏။
၆ ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကိုခါလိုက်လျက်၊ သင်တို့၏အသွေးသည် သင်တို့၏ခေါင်းပေါ်၌တည်စေ။ ငါမူကားကင်းလွတ်၏။ ယခုမှစ၍ တပါးအမျိုး သားတို့ဆီသို့ သွားမည်ဟုဆိုပြီးလျှင်၊
၇ ထိုအရပ်မှထွက်၍ ဘုရားသခင်ကိုကိုးကွယ်သော ယုတ္တုအမည်ရှိသော သူ၏အိမ်သို့သွား၏။ ထိုအိမ်သည် တရားစရပ်နှင့်စပ်လျက်ရှိသတည်း။
၈ ကရိပ္ပုအမည်ရှိသော တရားစရပ် မှူးသည် မိမိအိမ်သူအိမ်သားအပေါင်း တို့နှင့်တကွ သခင်ဘုရားကိုယုံကြည်လေ၏။ ကေရိသုပြည်သားအများတို့ သည်လည်း ယုံကြည်၍ ဗတ္တိဇံ ကိုခံကြ၏။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-4);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ (John 14:18);
၁၈ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၆ (John 16:16-20);
၁၆ ခဏကြာပြီးမှသင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့သွားမည်ဟု မိန့်တော်မူ၏။
၁၇ တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့သွားမည်ဟူ၍၎င်း၊ မိန့်တော်မူသောစကားသည် အဘယ် သို့နည်း။
၁၈ ခဏဟူ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့ သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။
၁၉ တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင် တော်မူလျှေင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော။
၂၀ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။