Monday, 15 May 2017

15-MAY-2017 (READING -EST5-YA-C1)

Mon the 15th: Optional memorial of Isidore.
Acts 14:5-18; Ps 115:1-16; John 14:21-26
တမန်တော်ဝတ္ထု အခန်းကြီး ၁၄ (Acts 14:5-18);


၅ မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊
၆ တမန်တော်တို့သည် သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ထွက်ပြေး၍၊
၇ ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။
၈ အမိဝမ်းတွင်းကပင် ခြေမစွမ်းသဖြင့်၊ တခါမျှမသွားဘူးသောလူတယောက်သည် လုတ္တရမြို့၌ ထိုင်လျှက်၊
၉ ကောလုဟောပြောသည်ကို ကြားလေ၏ ပေါလုသည်လည်း ထိုသူကို စေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည် အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊
၁၀ ထ၍ မတ်တပ်ရပ်လော့ဟု ကြီးသောအသံနှင့်ဆိုသဖြင့်၊ ထိုသူသည် ရုတ်တရာက်ထ၍ လှမ်းသွားလေ၏။
၁၁ ပေါလုပြုသောအမှုကို မြင်သောလူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ဆိုကြ၏။
၁၂ ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍၎င်း၊ ဗာနဗကို ဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
၁၃ ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့်ပန်းကုန်းကို မြို့တံခါးနားသို့ ယူခဲ့၍ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊
၁၄ တမန်တော်ဗာနဗနှင့်ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ပြေးဝင်လျက်၊
၁၅ အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှ တို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။
၁၆ ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။
၁၇ သို့သော်လည်း၊  သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝ ပြော၍ ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည် ကို သက်သေမခံဘဲ နေတော်မမူဟု ပေါလုနှင့်ဗာနဗသည် ကြွေးကြော်လေ၏။
၁၈ ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကိုမပြုရမည်အကြောင်း မြစ်တားခဲသောအမှုကို မြစ်တားလေ၏။


ဆာလံကျမ်း အခန်းကြီး ၁၁၅ (Ps 115:1-16);


၁ အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ၊ အိုထာဝရဘုရား အကျွန်ုပ်တို့ကို ဘုန်းမရှိစေဘဲ ကိုယ်တော်၏ နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေသတည်း၊၊
၂ သူတို့၏ ဘုရားသခင်သည် အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း၊၊
၃ ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော် မူ၏၊၊ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏၊၊
၎ သူတို့၏ ရုပ်တုများမူကား ငွေလည်းဖြစ်၏၊၊ ရွှေလည်းဖြစ်၏၊၊ လူလက်ဖြင့် လုပ်သော အရာပေတည်း၊၊
၅ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကား မပြောတတ်၊၊ မျက်စိရှိ၍ မမြင်တတ်၊၊
၆ နားရှိ၍ မကြားတတ်၊၊ နှာခေါင်းရှိ၍ မနမ်းတတ်၊၊
၇ လက်ရှိ၍ မကိုင်တတ်၊၊ ခြေရှိ၍ မသွားတတ်၊၊ သူတို့ လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား၊၊
၈ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။
၉ အိုဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစားလော၊၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသောသူ ကွယ်ကာသော သူဖြစ်တော်မူ၏၊၊
၁၀ အိုအာရုန်အမျိုးအနွယ် ထာဝရဘုရားကို ကိုးစားလော့၊၊ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏၊၊ 
၁၁ ထာဝရဘုရား ကို ကြောက်ရွံ့သောသူတို့ ထိုဘုရားကို ကိုးစားကြလော့၊၊ ထာဝရဘုရားသည် ထိုသို့သောသူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
၁၂ ထာဝရဘုရားသည် ငါ့တို့ကို အောက်မေ့ တော်မူ၏၊၊ ကောင်းကြီးပေးတော်မူမည်၊၊  ဣသရေလ အမျိုးကို ကောင်းကြီးပေးတော်မူမည်၊ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်၊၊
၁၃ ထာဝရဘုရားကို ကြောက်ရွံ့ သောသူအကြီးအငယ်တို့ကို ကောင်းကြီး ပေးတော်မူမည်၊၊ 
၁၄ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့သား မြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်၊
၁၅ သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူဖြစ်ကြ၏၊၊
၁၆ ကောင်းကင်ကား ထာဝရဘုရား၏ ကောင်းကင်ဖြစ်၏၊၊ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ၊၊


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄ ( John 14:21-26);


၂၁ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သော သူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်းထိုသူကို ချစ်၍သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
၂၂ ယဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်မရှားဘဲ အကျွန်ုပ်တို့အားအဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏။
၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သော သူသည် ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။
၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကား တော်ဖြစ် ၏။
၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ် တွင် ဤစကားကိုပြောခဲ့ပြီ။
၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူမည်။