Sunday, 28 May 2017

28-MAY-2017 (READING -EST7-YA-C1)

Sun the 28th: Psalter III, Easter Week 7.
Acts 1:12-14; Ps 27:1-8; 1 Pet 4:13-16; John 17:1-11

တမန်တော်ဝတ္ထု အခန်းကြီး ၁ (Acts 1:12-14);

၁၂ ထိုအခါ ယေရုရှင်လင်မြို့နှင့် ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။
၁၃ ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အနြေ္ဒ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သား ယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီယုဒတို့သည် တည်း နေရာအိမ်အထက်ခန်းသို့ တက်ကြ၏။
၁၄ ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော် မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း တညီတညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။

ဆာလံကျမ်း အခန်းကြီး ၂၇ (Ps 27:1-8);

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 Pet 4:13-16);

၁၃ သင်တို့သည် ခရစ်တော်၏ ဆင်းရဲကိုဆက်ဆံကြ သည်ဖြစ်၍ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင်ဝမ်းမြောက် ကြလော့။
၁၄ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။
၁၅ လူအသက်ကိုသတ်သောအပြစ်၊ သူ့ဥစ္စာကိုခိုးသောအပြစ်၊ ဒုစရိုက်ကို ပြုသောအပြစ်၊ သူတပါးအမှု၌ ရောနှော သောအပြစ်ရှိ၍၊ သင်တို့တွင် အဘယ်သူမျှမခံစေနှင့်။
၁၆ ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက် ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇ (John 17:1-11);

၁ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန် ရောက်ပါပြီ။
၂ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အားပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေ တော်မူပါ။
၃ ထာဝရအသက် ဟူမူကား၊ မှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း သိကျွမ်းခြင်းတည်း။
၎ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌အပ်ပေးတော်မူသောအမှုကို  အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။
၅ အိုအဘ၊ ဤကမ္ဘာ မတည်မရှိမီ အထံတော်၌အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။
၆ ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင်တော်မူသဖြင့် အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ် တရားကို သူတို့သည် စောင့်ကြပါ၏။
၇ အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှ ဖြစ်ကြောင်းကို သူတို့သည်ယခုသိကြပါ၏။
၈ အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသော အရာတို့ကို သူတို့အား အကျွန်ုပ်ပေး၍ သူတို့သည်ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတတ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။
၉ သူတို့အဘို့ အလိုငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလိုငှါ ဆုတောင်းသည်မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလိုငှါ ဆုတောင်းပါ၏။
၁၀ အကျွန်ုပ်နှင့်စပ်ဆိုင်သောအရာ ရှိသမျှတို့သည် ကိုယ်တော်နှင့်စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သော အရာ ရှိသမျှတို့သည်လည်း အကျွန်ုပ်နှင့်စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည်ဘုန်းထင်ရှားပါ၏။
၁၁ ယခုမှစ၍ အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အားပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေတော်မူပါ။