Tue the 4th: Optional memorial of Elizabeth of Portugal.
Gen 19:15-29; Ps 26:1-12; Ps 130:5; Matt 8:23-27
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၉ (Gen 19:15-29);
၁၅ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
၁၆ လောတကလည်း၊ အကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်။
၁၇ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက် ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကိုစိုးရိပ်ပါ၏။
၁၈ ကြည့်ပါ။ ထိုမြို့နီးပါ၏၊ ပြေးသာပါ၏၊ ငယ်သောမြို့လည်းဖြစ် ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာ ရပါမည်ဟု လျှောက်ဆို၏။
၁၉ ထိုသူကလည်း၊ ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏ စကားကိုနားထောင်စေခြင်းငှါ၊ ထိုမြို့အတွက် တောင်းပန် သောကြောင့် ငါမဖျက်ဆီး။
၂၀ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မှီ၊ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကိုဇောရမြို့ဟု သမုတ်ကြ၏။
၂၁ လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
၂၂ ထိုအခါ ထာဝရဘုရား သည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ကန့်နှင့် မီးမိုဃ်းကိုရွာစေတော်မူ၏။
၂၃ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံး၎င်း၊ မြေ၌ပေါက်သမျှကို၎င်း မှောက်လှဲတော်မူ၏။
၂၄ လောတ၏ မယားမူ ကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
၂၅ နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသောအရပ်သို့ သွားပြီလျှင်၊
၂၆ သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကိုကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံး အခိုးတက် သည်ကို မြင်လေ၏။
၂၇ ထိုသို့ ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့တို့ကိုဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ၊ မောက်လှဲရာ ထဲကလောတကို လွှတ်လိုက် တော်မူ၏။
၂၈ လောတသည် ဇောရမြို့မှ ထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာ နေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့် တကွဥမှင်၌ နေ၏။
၂၉ သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှမြေပေါ်မှာ မရှိ။
ဆာလံကျမ်း အခန်းကြီး ၂၆ (Ps 26:1-12);
၁ အိုထာဝရဘုရား အကျွန်ုပ်သည်ဖြောင့်မတ်ခြင်း လမ်းသို့လိုက်သောကြောင့် အကျွန်ုပ်ဘက်၌ တရားစီရင် တော်မူပါ၊၊ အကျွန်ုပ်သည် ထာဝရဘုရားကိုခိုလှုံ၍ ရွေ့လျော့ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်၊၊
၂ အိုထာဝရဘုရား အကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကိုဆေးကြောတော်မူပါ၊၊
၃ အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏၊၊
၎ လျှပ်ပေါ်သောလူတို့နှင့် အတူ မထိုင်ပါ၊၊
၅ လျှို့ဝှက်သော လူစုထဲသို့ မဝင်ပါ၊၊ မတရားသော သူတို့၏ စည်းဝေးခြင်းကိုမုန်းပါ၏၊၊ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ၊
၆ ကျေးဇူးတော်ကို ချီးမြ‡င့်သောအသံနှင့် မြွက်ဆို၍၊
၇ အံ့သြဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြားပြောခြင်းငှါ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက်နေပါသည် ထာဝရဘုရား။
၈ အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော်တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာန ကို၎င်း အကျွန်ုပ်နှစ်သက်ပါ၏၊၊
၉ ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ်ကို၎င်း လူ့အသက်ကို သတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်၊၊
၁၀ သူတို့လက်သည် မကောင်းသော အကြံအစည်၌ ကျင်လည်၍ သူတို့ လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏၊၊
၁၁ အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်ပါ၏၊၊ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မ သနားတော်မူပါ၊၊
၁၂ အကျွန်ုပ်သည် ညီညွတ်သော အရပ်၌ နေရာကျ၍ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီးပေးပါမည်၊၊
ဆာလံကျမ်း အခန်းကြီး ၁၃၀ (Ps 130:5);
၅ ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:23-27);
၂၃ ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
၂၄ ကိုယ်တော်သည်ကျိန်းစက်၍နေတော်မူ၏။
၂၅ တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်တော်မူပါဟု လျှောက်ကြသော်၊
၂၆ ကိုယ်တော်က၊ ယုံကြည်အားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်တတ် သနည်းဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ် ပယ်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
၂၇ ထိုသူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကို နားထောင်ပါသည်တကားဟုအံ့သြကြ၏။