Sunday, 23 July 2017

23-JUL-2017 (READING -ORD16-YA-C1)

Sun the 23rd: Psalter IV, Ordinary Time Week 16.
(Optional memorial of Bridget, religious.)
Wis 12:13-19; Ps 86:5-16; Rom 8:26-27; Matt 11:25; Matt 13:24-43

ပညာပါရမီကျမ်း အခန်းကြီး (၁၂: ၁၃-၁၉)း
၁၃။ အကြောင်းမူကား၊ အားလုံးကို ကြည့်ရှုစောင့်ရှောက်တော်မူသော ကိုယ် တော်မှလွဲ၍ အခြားဘုရားမရှိပါ။ ကိုယ်တော်သည် မည်သူ့ကိုမျှ မတရားသဖြင့်အပြစ် မစီရင်ကြောင်းကို လည်း မည်သူအားမျှ သက်သေပြစရာမလိုပေ။
၁၄။ မည်သည့်ဘုရင်မည်သည့်အုပ်စိုးသူမျှကိုယ်တော်အပြစ်ဒဏ်ခတ်တော်မူသောသူတို့ဘက်မှရပ်တည်၍ကိုယ်တော့်ကို ရင်ဆိုင်နိုင်စွမ်း မရှိချေ။
၁၅။သို့သော်ကိုယ်တော်သည်တရားမျှတတော်မူ၍အရာခပ်သိမ်းကိုတရားမျှတစွာအုပ်ချုပ်တော်မူ၏။အပြစ်မကောင်းမှု မကျုးလွန်သောသူအား အပြစ်ဒဏ်စီရင် ခြင်းသည် ကိုယ်တော်၏ဘုန်းတန်ခိုးတော်နှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း သတ်မှတ်တော်မူ၏။
၁၆။ အကြောင်းမူကား၊ ကိုယ်တော်၏ အားတန်ခိုးတော် သည် တရားမျှတခြင်း၏ အကြောင်းရင်းဖြစ်၍ အရာ ခပ်သိမ်းကို  သနားညှာတာသော  သခင်ဖြစ်စေ၏။
၁၇။ လူတို့သည် ကိုယ်တော့်အား တန်ခိုးတော်၏ စုံလင် ခြင်းကို ယုံမှားသံသယဖြစ်ကြသောအခါ ကိုယ်တော်
၁၈။ သည် တန်ခိုးတော်ကို ထုတ်ဖော်ပြတော်မူ၏။ သို့ရာ တွင် ခွန်အားတန်ခိုး၏ အရှင်သခင်ဖြစ်တော်မူသော ကိုယ်တော်သည် သနားကြင်နာစွာ တရားစီရင်တော် မူပြီး၊သနားညှာတာစွာအုပ်ချုပ်တော်မူ၏။အကြောင်းမူကား၊ ကိုယ်တော် အလိုရှိတော်မူသည့် အချိန်တွင် အသုံြးုပရန် တန်ခိုးအာဏာတော်သည် ကိုယ်တော်၏  
၁၉။ လက်တွင်းမှာ အဆင်သင့် ရှိနေတော်မူ၏။ ဤသိြု့ပ ခြင်းဖြင့် ဖြောင့်မတ်သောသူသည် သနားကြင်နာသူ ဖြစ်ရမည့်အကြောင်း ကိုယ်တော်သည်မိမိလူမျိုးတော် အား သင်ကြား ပေးတော်မူ၏။ ကိုယ်တော်သည် သူတို့၏ အပြစ်များအတွက် နောင်တ သံဝေဂရခြင်း ကို ခွင့်ြုပတော်မူမည့်အကြောင်း ကိုယ်တော်၏ သား သမီးများအား  ကောင်းသော  မျှော်လင့်ခြင်းကို ပေး သနားတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၈၆ (Ps 86:5-16);

၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌာနာပြုသော သူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။
၆ အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော စကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။
၇ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။
၈ အိုထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့် တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်းမရှိပါ။
၉ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသော လူမျိုး အပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပြပ်ဝပ်၍၊ နာမတော်ကို မြှောက်ကြပါလိမ့်မည်။
၁၀ ကိုယ်တော်သည် ကြီးမြတ်၍ အံ့သြဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။
၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကိုအကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ အကျွန်ုပ်၏ နှလုံးကို စေ့စပ်စေတော် မူပါ။
၁၂ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံး အကြွင်းမဲ့ချီးမွမ်း၍၊ နာမတော် ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။
၁၃ အကျွန်ုပ်ခံရသော ကရုဏာတော် ကြီးလှပါ၏။ အကျွနုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။
၁၄ အိုဘုရားသခင်၊ မာနကြီးသောသူတို့သည် အကျွန်ုပ်တဘက်၌ ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။
၁၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ် သောသဘော၊ ကရုဏာနှင့် သစ္စာကြွယ်ဝသော သဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။
၁၆ အကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မသနားတော်မူပါ။ ကိုယ်တော်၏ ကျွန်အားတန်ခိုးတော်ကို ပေး၍၊ ကိုယ်တော်၏ ကျွန်မသားကို ကယ်တင်တော်မူပါ၊

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:26-27);

၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည် အတိုင်းအဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက် နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
၂၇ စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကိုသိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့ ၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:24-43);

၂၄ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည် လာ၍၊ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။
၂၆ အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်းထင်ရှားလျှင်၊
၂၇ ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲတော်မူသည်မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊
၂၈ အိမ်ရှင်က၊ ဤအမှု ကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည်သွား၍တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလော ဟု လျှောက်ကြလျှင်၊
၂၉ အိမ်ရှင်က ထိုသို့ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည်စိုးရိမ်စရာအကြောင်းရှိ၏။
၃၀ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီး ပွားပါလေစေ။ စပါးရိတ်သည်ကာလရောက်လျှင်၊ တောပင်တို့ကိုရှေ့ဦးစွာ ရွေးနှုတ်၍မီးရှို့ခြင်းငှါစည်းနှောင်ကြ လော့။ စပါးကိုကား ကျီ၌စုသိမ်းသွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည် ဟု မိန့်တော်မူ၏။
၃၁  အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ စိုက်သော မုန်ညင်းစေ့နှင့်တူ၏။
၃၂ မုန်ညင်းစေ့သည် အစေ့တကာတို့ထက်ငယ်သော်လည်း၊ ကြီးပွားသောအခါ မျက်ပင်တကာ တို့ထက်ကြီးသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍အကိုင်းအခက်တို့၌ နားနေမှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။
၃၃ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့် တူ၏၊ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေ တတ်သည် ဟု မိန့်တော်မူ၏။
၃၄ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိတ်သတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ။
၃၅ ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆို ပေအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဘော်ပြပေအံ့ဟု ဟောဘူးသောစကား သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
၃၆ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပါယ်ကို အကျွန်ုပ်တို့အား ဘော်ပြတော်မူပါဟု လျှောက်ကြလျှင်၊
၃၇ ကိုတော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။
၃၈ လယ်ကား ဤလောက ဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။
၃၉ တောမျိုးစေ့ကို ကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာဖြစ်၏။ စပါးရိတ်သောသူ ကား ကောင်းကင်တမန်ဖြစ်၏။
၄၀ တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။
၄၁ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသောအမှုကိုပြုသောသူရှိသမျှတို့ ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊
၄၂ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။
၄၃ ထိုအခါဖြောင့်မတ်သော သူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြလတံ့။ ကြားစရာနားရှိသောသူမည် သည်ကား ကြားပါစေ။