Wednesday, 12 July 2017

12-JUL-2017 (READING -ORD14-YA-C1)

Wed the 12th: Gen 41:55-42:24; Ps 33:1-19; Mark 1:15; Matt 10:1-7

ကမ္ဘာဦးကျမ်း အခန်းကြီး ၄၁ (Gen 41:55-42:24);

၅၅ နောက်တဖန် အဲဂုတ္တုပြည်သူပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ စားစရာကို ရပါမည်အကြောင်း ဖါရောမင်းထံ၌ ကြွေးကြော်ကြ၏။ ဖါရောမင်းကလည်း၊ ယောသပ်ထံသို့ သွားကြ၊ သူစီရင်သည် အတိုင်း ပြုကြဟု အဲဂုတ္တုပြည်သူပြည်သားအပေါင်းတို့ကို မိန့်တော်မူ၏။
၅၆ မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသော အခါ၊ ယောသပ်သည် စပါးကျီရှိသမျှတို့ကို ဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏။ ထိုအခါ အဲဂုတ္တုပြည်၌ အစဉ်အတိုင်း အစာခေါင်းပါးသတည်း။
၅၇ ခပ်သိမ်း သောပြည်တို့၌လည်း အလွန်အစာခေါင်းပါးသောကြောင့်၊ အသီးအသီးသော ပြည်သားတို့သည် စပါးကိုဝယ်ခြင်းငှါ အဲဂုတ္တုပြည် ယောသပ်ထံသို့လာရောက်ကြ၏။
အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည်  အဘယ်ကြောင့် တယောက်ကို တယောက်ကြည့်ရှု၍ နေကြသနည်း။
အဲဂုတ္တုပြည်စပါးရှိကြောင်းကို ငါကြားသိရပြီ။ ငါတို့သည် မသေအသက်ရှင် မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့သွားကြ၏။
ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့ နှင့်အတူ ယောကုပ်သည် မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သ တည်း။
ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလ သားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသော အမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည် လာ၍ သူ့ရှေ့မှာ ဦးညွတ်ချကြ၏။
ယောသပ်သည် အစ်ကိုတို့ကို မြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောဆိုလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။
ယောသပ်သည် အစ်ကိုတို့ကို သိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။
ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိမ်မက်တို့ကို အောက်မေလျက်၊ သင်တို့သည် သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသော အရပ်ကို ကြည်ရှုခြင်းငှါ လာကြပြီဟု ဆိုလျှင်၊
၁၀ သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ ကျွန်တို့သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။
၁၁ ကျွန်တော်တို့သည် တယောက်တည်းသောသူ၏သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်းဖြစ်ကြ ပါ၏။ ကိုယ်တော်၏ ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။
၁၂ ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။
၁၃ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တယောက်တည်းသော သူ၏သား၊ ညီအစ်ကိုတကျိပ်နှစ်ယောက်ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တယောက် ကားမရှိပါဟု လျှောက်ပြန်လျှင်၊
၁၄ ယောသပ်က၊ သင်တို့သည် သူလျှိုဖြစ် ကြ၏ဟု ငါဆိုသည်အရာမှာ၊
၁၅ သင်တို့ကို အဘယ်သို့စုံးစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသော ညီမလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
၁၆ သင်တို့စကား၊ မှန်သည် မမှန်သည်ကို စုံးစမ်း၍သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသော သူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖါရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ဆိုပြီးလျှင်၊
၁၇ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
၁၈ သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည်ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှါ ပြုရသောအမှုဟူမူကား၊
၁၉ သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကို တို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက် နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကားသွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍ သွားကြလော့။
၂၀ အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကား မှန်လိမ်မည်။ သင်တို့အသက်လည်း ချမ်းသာရလိမ့်မည်ဟု ဆိုသည် အတိုင်း သူတို့သည်ပြုကြ၏။
၂၁ ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည်ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲ နေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ  ယခုရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
၂၂ ရှဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော့။ သင်တို့သည် နားမထောင်ဘဲနေကြသော ကြောင့် သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
၂၃ ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ် သောကြောင့်တည်း။
၂၄ ထိုအခါ ယောသပ်သည် သူတို့ထံမှ ခဏခွါ၍ငိုလေ၏။ တဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။

ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:1-19);

ဖြောင့်မတ်သောသူတို့ ထာဝရဘုရားကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြလော့၊၊ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏၊၊
စောင်းတီး၍ ထာဝရဘုရားကို ချီမွမ်းကြလော့၊၊ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်းဆိုကြလော့၊၊
ရှေ့တော်၌အသစ်သော သီချင်းကို ဆိုကြလော့၊၊ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာတီးကြလော့၊၊
အကြောင်းမူကား ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ်ပေ၏၊၊ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏၊၊
ဖြောင့်မတ်စွာ ကျင့်ခြင်း တရားသဖြင့်စီရင်ခြင်းကို နှစ်သက်တော်မူ၏၊၊ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏၊၊
ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း နှုတ်တော်အသက်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆားများကို၎င်း ဖန်ဆင်းတော်မူ၏၊၊
သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏၊၊ နက်နဲသောသမုဒ္ဒရာ ကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော်မူ၏၊၊
ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ၊၊ လောကီနိုင်ငံ သား အပေါင်းတို့သည် ရိုသလေးမြတ်ကြစေ၊၊
အကြောင်းမူကား ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏၊၊ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏၊၊
၁၀ ထာဝရဘုရားသည် တပါးအမျိုသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏၊၊ လူစုတို့၏ကြံစည်ခြင်း ကိုလည်း ဖျက်ဆီးတော်မူ၏၊၊
၁၁ ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍ စိတ်နှလုံးတော်၏ အကြံ အစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင် တည်ကြလိမ့်မည်၊၊
၁၂ ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရားဖြစ်၍ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက်တော်မူ၏၊၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏၊၊
၁၃ ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည့်ရှု၍ လူသားအပေါင်းတို့ကိုမြင်တော်မူ၏၊၊  
၁၄ ကျိန်းဝပ် တော်မူ ရာအရပ်ကကြည့်ရှု၍ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ်တော်မူ၏၊၊
၁၅ သူတို့၏စိတ်နှလုံး ရှိသမျှ တို့ကိုဖန်ဆင်း၍ သူတို့ကျင့်သမျှသောအကျင့်တို့ကိုလည်း ဆင်ခြင်တော်မူ၏၊၊
၁၆ ရှင်ဘုရင်မည်သည်ကား များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ၊၊ သူရဲသည်လည်း ခွန်အားကြီးခြင်းအားဖြင့် ကယ်လွှတ်ခြင်းမရောက်၊
၁၇ မြင်းသော် လည်း ဘေးလွှတ်ခြင်းအမှုကို မတတ်နိုင်၊၊ ကြီးစွာသော ခွန်အားဗလနှင့် မကယ်မယူနိုင်၊၊
၁၈ ထာဝရဘုရားကို ကြောက် ရွံ့သောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊
၁၉ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း အစာခေါင်းပါး သည့်ကာလ၌ အသက်ရှင်မည်အကြောင်း သူတို့ကိုကြည့်ရှု့လျက် ရှိတော်မူ၏၊၊

ရှင်မာကုခရစ်ဝင် အခန်းကြီး (Mark 1:15);

၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၀(Matt 10:1-7);

တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှာ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာ၎င်း အခွင့်ပေးတော်မူ၏။
တစ်ကျိတ်နှစ်ပါးသောတပည့်တော်တို့၏ အမည်ကား၊ ပဌမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊
ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ့ညီ ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒဲဟုအမည်သစ်ကိုရသော လေဗဲ၊
ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။
ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါး အမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိ မြို့ရွာထဲသို့ မဝင်ကြနှင့်။
ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အရင်သွားကြလော့။
သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီဟု သိတင်းကြားပြောကြလော့။