Friday, 21 July 2017

21-JUL-2017 (READING -ORD15-YA-C1)

Fri the 21st:    Optional memorial of Apolinaris, bishop and martyr.
Optional memorial of Lawrence of Brindisi, priest and doctor.
Exod 11:10-12:14; Ps 116:12-18; John 10:27; Matt 12:1-8

ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၁ (Exod 11:10-12:14);

၁၀ မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရ ဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွား ရသောအခွင့်ကို မပေးဘဲနေသတည်း။
ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်ကား၊
ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။
သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်း တို့ကို မှာထားရသော စကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီး အတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။
အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် အတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့်စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများ ကိုထောက်၍ သိုးသငယ်တကောင်ကိုယူရမည်။
သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။
ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက် တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုးအစည်းအဝေး ပရိသတ်အပေါင်း တို့သည် သတ်ရကြမည်။
သိုးသငယ်၏ အသားကိုစားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကိုယူ၍ ထိုးရမည်။
အသားကိုမီးနှင့်ကင်းပြီးမှ၊ ထိုညဥ့်ခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။
အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေမစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံးစသည်တို့နှင့်တကွ မီးကင်ပြီးမှ စားရမည်။
၁၀ နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့် ရှို့ရမည်။
၁၁ အဘယ်သို့ စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝေးကိုကိုင်လျက်၊ အလျှင်အမြန် စားရ မည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
၁၂ အကြောင်းမူကား၊ ယနေ့ညဥ့်တွင် အဲဂုတ္တုပြည်ကိုငါသည် ထုတ်ချင်း ခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင် မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
၁၃ သိုးသငယ်၏ အသွေးသည် သင်တို့ နေရာအိမ်၌ သင်တို့၏ လက္ခဏာ သက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်းဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။
၁၄ ဤနေ့ ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုးအစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရား အား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲခံရကြမည်။

 ဆာလံကျမ်း အခန်းကြီး ၁၁၆ (Ps 116:12-18);

၁၂ ငါ၌ ထာဝရဘုရား ပြုတော်မူသော ကျေးဇူးအလုံးစုံ တို့ကို အဘယ်သို့ ဆပ်ရမည်နည်း၊၊
၁၃ ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုမည်၊၊
၁၄ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်၊
၁၅ ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသောသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏၊၊
၁၆ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏၊၊ ကိုယ်တော်၏ ကျွန်မတွင်မြင်သောသားလည်း မှန်ပါ၏၊၊ အကျွန်ုပ်၌ ချည်အနှောင်ကို လွှတ်တော်မူပြီ၊၊
၁၇ ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍ ထာဝရ ဘုရား၏ နာမတော်ကို  ပဌနာပြုမည်၊၊
၁၈ ထာဝရဘုရားအား သစ္စာကတိထားသည်အတိုင်း အိုယေရုရှလင်မြို့ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင် ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေပါမည်၊၊ ဟာလေလုယ၊၊

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၀ (John 10:27);

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၂ (Matt 12:1-8);

ထိုကာလအခါယေရှုသည် ဥပုသ်နေ့၌ ဂျုံ၊ စပါး၊ လယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကိုဆွတ်၍စားကြ၏။
ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုကြပါသည်တကား ဟု လျှောက်ကြသော်၊
ကိုယ်တော်က၊ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊
ဘုရားသခင်၏အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော် မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာစားအပ်သော ရှေ့တော် မုန့်ကိုစားသည် အကြောင်းကိုသင်တို့သည်မဘတ်ဘူး သလော။
ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်၊ အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသဘော။
ငါဆိုသည်ကား၊ ဤအရပ်၌ဗိမာန်တော်ထက်သာ၍ကြီးမြတ်သောအရာ ရှိ၏။
ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသောကျမ်းစကားကို သင်တို့ သည်နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကိုအပြစ်မတင်မစီရင်ကြပြီ။
လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။