Sat the 2nd: Dan 7:15-27; Dan 3:82-87; Luke 21:36; Luke 21:34-36
ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 7:15-27;
၁၅။ ငါဒါနီအဲလ်သည်စိတ်သောက ရောက်၍ ငါ၏စိတ်အာရုံမှ မြင်ရသော ရူပါရုံများ
၁၆။ ကြောင့်ကြောက်ရွံ့တုန်လှုပ်နေ၏။ငါသည်အနားမှာရှိသော သူတစ်ယောက်ထံ ချဉ်းကပ်၍ ဤအကြောင်း အရာအားလုံးသည် မည်သို့ ဆိုလိုသနည်းဟုမေးလေ သော်သူကဤအကြောင်းအရာတို့၏အဓိပ္ပါယ်ကိုငါ့
၁၇။ အား ဖော်ပြလေ၏။ ဤကြီးမားသော သားရဲသတ္တဝါ လေးကောင်တို့သည် ကမ္ဘာပေါ်တွင် ပေါ်ထွန်းမည့်
၁၈။ နိုင်ငံလေးခု ဖြစ်ကြ၏။ သို့သော် အမြင့်ဆုံးသော အရှင်သခင်၏ သန့်ရှင်းသူတို့သည် နိုင်ငံတော်ကို သိမ်းယူ၍ အစဉ်ထာဝရ ပိုင်ဆိုင်ကြလိမ့်မည်။
၁၉။ သို့သော် ကြောက်မက်ဖွယ်ကောင်း၍ အခြားသားရဲ တို့ထက် ထူးခြားသော၊ သံသွားနှင့်ကြေးဝါ လက် သည်းတို့ဖြင့် ကိုက်ဖြတ်ချိုးဖဲ့ပြီး၊ ကျန်သောအရာ ကို ခြေဖြင့်နင်းခြေသော စတုတ္ထသတ္တဝါအကြောင်း
၂၀။ ကိုလည်းကောင်း၊ သူ၏ဦးခေါင်းမှာရှိသော ချိုဆယ် ချောင်းနှင့်နောက်မှပေါက်လာပြီး သူ့ကိုနေရာပေးရန် ရှိပြီးသော ချိုသုံးချောင်းကိုနုတ်၍ မျက်လုံးနှင့်မောက် မာ ဝြွါကားစကားဆိုတတ်သည့် ပါးစပ်ပါလျက် မိမိ အဖော်ချိုများထက် အရေးပါ ကြီးမားပုံရသောချိုအ ကြောင်းကိုလည်းကောင်း၊ အဘယ်သို့ ဆိုလိုသည်ကို အသေအချာသိခြင်းငှါ ငါအလိုရှိ၏။
၂၁။ ငါကြည့်ရှု့နေသည့်အခိုက်တွင်ထိုချိုသည်သန့်ရှင်းသူတို့နှင့် စစ်တိုက်ခိုက်ရာတွင် အောင်မြင်လျက်ရှိရာ။
၂၂။ အသက်ကြီးသော သူရောက်လာ၍ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့ဘက်မှတရားစီရင်ရ သော အခွင့်ကိုပေးလျက် သန့်ရှင်းသူတို့သည် နိုင်ငံ တော်ကိုသိမ်းယူပိုင်ဆိုင်သောအချိန်တိုင်အောင်ဖြစ်၏
၂၃။ ထိုသူကလည်းငါ့အားဖြေကြားသည်မှာစတုတ္ထသားရဲသတ္တဝါသည် ကမ္ဘာပေါ်တွင် အခြားသော နိုင်ငံများ ထက် ထူးခြားသောစတုတ္ထနိုင်ငံဖြစ်၏။ထိုနိုင်ငံသည် မြေတစ်ပြင်လုံးကိုကိုက်ဖြတ်ချိုးဖဲ့နင်းချေလိမ့်မည်။
၂၄။ ချိုဆယ်ချောင်းသည်ကား ထိုနိုင်ငံ၌ ပေါ်ပေါက်သော ဘုရင်ဆယ်ပါးဖြစ်၍ သူတို့နောက်မှာ ပေါ်ထွန်းသော နောက်တစ်ပါးသည် သူ့ရှေ့မှ ဘုရင်များထက်ပိုမိုထူး ခြား၍ဘုရင်သုံးပါးကိုလည်းနိမ့်ကျစေလိမ့်မည်။
၂၅။ သူသည်အမြင့်ဆုံးသောဘုရားကိုဆန့်ကျင်ပြောဆိုပြီး၊ အမြင့်ဆုံးသော အရှင်သခင်၏ သန့်ရှင်းသူတို့ကို ဖိနှိပ်ညှင်းဆဲလျက် ပွဲနေ့ကာလများနှင့်ပညတ်ဥပဒေ ကိုပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ သန့်ရှင်း သူတို့သည်လည်း သူ၏လက်တွင်တစ်ကြိမ်နှစ်ကြိမ်၊ အကြိမ်တစ်ဝက်အပ်နှံခြင်းခံကြရလိမ့်မည်။
၂၆။ ထို့နောက် တရားစီရင်ရန် ပြင်ဆင်သောအခါ သူ၏ တန်ခိုးအာဏာသည် ထုတ်နှုတ်ခြင်းခံရ၍အပြီးအပိုင်
၂၇။ နောက်ဆုံး ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ထိုအခါ ကောင်းကင်အောက်မှာ ရှိသမျှ နိုင်ငံတို့၏ တန်ခိုး အာဏာ၊ အုပ်ချုပ်ရေးနှင့် ဘုန်းဂုဏ်တော်ရှိသမျှတို့ သည် အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့အား ပေးအပ်ခြင်း ခံရလိမ့်မည်။ အမြင့်ဆုံးသော သခင်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်နေမည်၊ တန်ခိုး အာဏာအသီးသီးတို့သည် အစေခံ၍ နားထောင်ကြ လိမ့်မည်။
ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၃) (ီညေ ၃ါ်၈၂-၈၇)း
၈၂။ အသင်လူသားများတို့သခင်ဘုရားကိုကောင်းချီးပေး ကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်း
၈၃။ကြလော့။အိုအစ္စရေးလ်သခင်ဘုရားကိုကောင်းချီးပေးလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြ
၈၄။ လော့။ သခင်ဘုရား၏ရဟန်းများတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ် ထာဝရ ချီးမွမ်းကြလော့။
၈၅။ သခင်ဘုရား၏ကျွန်များတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရ ချီး မွမ်းကြလော့။
၈၆။ဖြောင့်မတ်သောသူတို့၏စိတ်ဝိညာဉ်နှင့်နာမ်ဝိညာဉ်များတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီး မွမ်းကြလော့။
၈၇။ နှိမ့်ချသောနှလုံးသားရှိသည့်သန့်ရှင်းသူတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ် တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:36);
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:34-36);
၃၄ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစား အသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။
၃၅ ထိုနေ့ရက် သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မ်ည်။
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။