Thursday, 14 December 2017

14-DEC-2017 (READING -ADV2-YB-C2)

Thu the 14th: (Memorial of John of the Cross, priest and doctor.)
Isa 41:13-20; Ps 145:1-13; Matt 11:11-15

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၄၁ (Isa 41:13-20);

၁၃ အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားက၊ မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျှက်၊ သင်၏လက်ျာလက်ကိုကိုင်မည်။
၁၄ အိုတီကောင်ယာကုပ်၊ အမျိုးငယ်ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည်သင့်ကိုမစသောသူဖြစ်၏၊၊ သင့်ကိုရွေးနှုတ်သော သူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၅ ငါသည်သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ်ဖြစ်စေရမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲသကဲ့သို့ဖြစ်စေမည်။
၁၆ သူတို့ကိုလှေ့၍၊ လေသည်သူတို့ကို တိုက်သွားလိမ့်မည်၊၊ မုန်တိုင်း လွှင့်လိမ့်မည်၊၊ သင်မူကားထာဝရဘုရား၌ ဝမ်းမြောက်လိမ့်မည်၊၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၌ ဝါကြွား လိမ့်မည်၊၊
၁၇ ဆင်းရဲသော သူနှင့်ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်၊၊ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။
၁၈ မြင့်သောအရပ်တို့၌ မြစ်ကိုင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များ ကိုင်း၊ သွေ့ခြောက်သော အရပ်၌ စမ်းရေတွင်းများကိုင်း ငါဖြစ်စေမည်။
၁၉ တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတု ပင်၊ သံလွင်ပင်များကိုင်း၊ လွင်ပြင်၌ ထင်ရှုးပင်၊ တဒေရပင်၊ တာရှုရပင်များကိုင်း ရောနှောလျက်စိုက်မည်။
၂၀ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားဖန်ဆင်းတော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-13);

အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
၁၃ ကိုယ်တော်၏ နိုင်ငံသည် နိစ္စထာဝရနိုင်ငံဖြစ်၍ အာဏာတော်သည် ကာလအစဉ်အဆက် တည်ရပါ၏၊၊ ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို  ထောက်မတော်မူ၏၊၊

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:11-15);

၁၁ ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာရောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မပေါ် ထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။
၁၂ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံ တော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။
၁၃ ယောဟန်မရောက်မှီ တိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း ရှိသမျှတို့သည် ဆုံးမသြဝါဒပေးကြ၏။
၁၄ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတ္တံသော ဧလိယဖြစ်သတည်း။
၁၅ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။