Friday, 1 December 2017

01-DEC-2017 (READING -ORD34-YA-C1)

Fri the 1st: Dan 7:1-14; Dan 3:75-81; Luke 21:28; Luke 21:29-33


ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 7:1-14;

သတ္တဝါကြီးလေးကောင်ကို အိပ်မက်တွင် မြင်မက်ခြင်း
၁။ ဘာဘီလွန်ဘုရင် ဘယ်လ်ရှာဇာနန်းစံ ပထမနှစ်တွင် ဒါနီအဲလ်သည် အိပ်ပျော်နေစဉ်အိပ်မက်ကိုမြင်မက် ၍၊ မိမိစိတ်ထဲမှာမြင်ရသောရူပါရုံများကို အာရြုံပ
၂။ လျက်ရေးထားလေ၏။ ဒါနီအဲလ်က ငါသည်ညအ ချိန်၌ ရူပါရုံတစ်ခုကိုမြင်၏။ ရုတ်တရက် ကောင်း ကင်လေး မျက်နှာမှလေပြင်းတို့သည် ကြီးမားသော ပင်လယ်ပြင်ကို လှုပ်ရှားထြွကစေပြီး။ ထိုနေရာမှ
၃။ ကြီးမားသော သတ္တဝါကြီး လေးကောင် ထွက်ပေါ် လာကြ၏။ ゞင်းတို့သည် တစ်ကောင်နှင့် တစ်ကောင်
၎။ ပုံပန်းသဏ္ဍာန် မတူညီကြချေ။ ပထမ သတ္တဝါသည် ခြင်္သေ့နှင့်တူသော်လည်း လင်းယုန်ငှက်၏ အတောင် များရှိ၏။ ငါသည်ကြည့်ရှု့၍နေစဉ် ゞင်း၏အတောင် များသည် နှုတ်ပစ်ခြင်းခံကြရ၏။ မြေပြင်မှ ပင့် မြှောက်ခြင်းခံရပြီး၊ လူကဲ့သို့ ခြေနှစ်ချောင်းပေါ်မှာ
၅။ ရပ်နေ၍ လူ၏စိတ်နှလုံးကိုလည်းရထား၏။ ဒုတိယ သားရဲသတ္တဝါသည် ဝက်ဝံနှင့်တူ၍ ကိုယ်တစ်ဘက် ကို ချြွီကထား၏။ ゞင်း၏ပါးစပ်ထဲမှသွားများ၏
အလယ်တွင် အစွယ်သုံးချောင်းရှိ၏။ ထ၍အသား
၆။ များကို ကိုက်စားလော့ဟု ゞင်းအား အမိန့်ပေးခြင်းခံ ရပြီး ငါသည် ကြည့်ရှုနေစဉ်နောက်ထပ် သားရဲသတ္တ ဝါတစ်ကောင်ကို မြင်ရ၏။ ゞင်းသည်  ကျားသစ်နှင့် တူ၍  နောက်ကျောတွင် ငှက်အတောင်လေးခုရှိပြီး၊
၇။ ဦးခေါင်းလေးခုလည်း ပါရှိ၏။ ထို့နောက် ညအချိန် တွင်မြင်ရသော ရူပါရုံများ၌ ငါသည် စတုတ္ထသားရဲ သတ္တဝါကို မြင်ရပြန်၏။ ゞင်းသည် အခြားသတ္တဝါ တို့နှင့်မတူ၊ အလွန်ကြောက် မက်ဖွယ်ကောင်းပြီး၊ စိတ်ချောက်ချားစရာလည်းဖြစ်၍ ထူးခြားသောခွန် အားနှင့်ပြည့်စုံ၏။ ゞင်း၌ကြီးမားသော သံသွားလည်း ရှိသဖြင့် ယင်းနှင့်ကိုက်ဝါးချိုးဖဲ့ပြီး  ကျန်သောအရာ
၈။ ကို ခြေဖြင့်နင်းချေ၏။ ゞင်းတွင် ချိုဆယ်ချောင်းရှိ သည်ကိုငါကြည့်ရှု၍နေစဉ် ချိုများအလယ်၌ ချိုငယ် တစ်ချောင်းပေါက်လာပြန်၏။ ထိုချိုငယ်ကိုနေရာပေး ရန်အတွက်ရှိပြီးဖြစ်သောချိုသုံးချောင်းကိုအမြစ်မှ ဆွဲ နှုတ်ပစ်လေ၏။  ဤချိုငယ်၌ လူကဲ့သို့မျက်စိများပါ လျက်မောက်မြွာကားဝါသော စကားများပြောတတ် သည့် ပါးစပ်လည်းရှိ၏။
၉။ ငါသည် ကြည့်ရှု၍နေစဉ် ရာဇပလ္လင်များတည်ခင်း ထားသည်ကို တွေ့ရပြီး  အသက်ကြီးသူ လူတစ်ဦး သည် သူ၏ပလ္လင်မှာ ထိုင်လေ၏။ သူ၏ဝတ်ရုံ သည်နှင်းပွင့်ကဲ့သို့ဖြူ၍သူ၏ ဦးခေါင်းထက်မှဆံပင် သည်လည်း သိုးမွှေးကဲ့သို့ ဖြူဖွေးနေ၏။သူ၏ပလ္လင် မီးလျှံဖြစ်၍ တောက်လောင်နေသောမီးစင်္ကြာများနှင့်
၁၀။ အတူရှိ၏။သူထိုင်နေသောနေရာအောက်မှမီးတောက်မီးလျှံများအဆက်မပြတ် ထွက်ပေါ်လျက်ရှိ၏။ထောင် သောင်းမကသောသူတို့သည်သူ့ရှေ့မှာခစား၍နေကြ၏။တရားစီရင်ခြင်းအတွက်ပြင်ဆင်၍စာအုပ်များကိုလည်း ဖွင့်ထားကြလေ၏။
၁၁။ ထို့နောက် ငါသည် ကြည့်ရှုနေစဉ်ချိုငယ်မှပြောသည့် ခက်ထန်သော စကားကြောင့် ထိုသားရဲသတ္တဝါကို သတ်ပြီးလျှင်ゞင်း၏ခန္ဓာကိုယ်ကိုဖျက်ဆီး၍မီးထဲသို့
၁၂။ ပစ်ချ၍ကြ၏။ အခြားသော သတ္တဝါများသည်လည်း အုပ်စိုးရသော အာဏာကို ဆုံးရှုံး၍ သတ်မှတ်သည့် အချိန်ကာလတိုင်အောင် အသက်ရှင်ခွင့်ကို ရကြ၏။
၁၃။ ညအချိန်ရူပါရုံများ၌ ဆက်လက်၍ ငါတွေ့ရသည်မှာ လူသားနှင့်တူသောသူတစ်ဦးသည်ကောင်းကင်မှတိမ်ကိုစီးလျက်ရောက်လာ၏။သူသည်အသက်ကြီးသူထံသို့ ရောက်သောအခါထိုသူကိုအထံတော်သို့သွင်းကြ
၁၄။ ၏။ နိုင်ငံတော် ဘုန်းတန်ခိုးနှင့် ဘုရင်အဖြစ်ကို သူ့အား အပ်နှင်း၍ ဘာသာစကားအမျိုးမျိုးကိုပြော သော တိုင်းနိုင်ငံများနှင့်လူမျိုးများတို့သည်သူ့အားအ စေခံကြလိမ့်မည်။ သူ၏နိုင်ငံတော်သည်အစဉ်ထာဝရ တည်နေမည့်နိုင်ငံတော်ဖြစ်၍မည်သို့မျှပျောက်ကွယ်သွားခြင်းလည်းမရှိရ။ ပျက်စီးခြင်းသို့လည်းမရောက် နိုင်ရာဟူ၍ဖြစ်၏။


ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၃) (ီညေ ၃ါ်၇၅-၈၁)း

၇၅။ တောင်ကြီးနှင့် တောင်ငယ်များတို့ သခင် ဘုရားကို ကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။
၇၆။မြေကြီးပေါ်မှာ ပေါက်ရောက်သောအရာအားလုံးတို့ သခင်ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်
၇၇။ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။စမ်းရေတွင်းများတို့သခင်ဘုရားကိုကောင်းချီးပေးကြလော့၊ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့ ။
၇၈။ပင်လယ်များနှင့် မြစ်များတို့ သခင်ဘုရားကိုကောင်း ချီးပေးကြလော့။   ကိုယ်တော်ကို ဂုဏ်ြုပ၍  အစဉ် ထာဝရချီးမွမ်းကြလော့။
၇၉။လင်းပိုင်များနှင့် ရေသတ္တဝါ များတို့ သခင်ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ လော့။၈၀။လေထဲမှငှက်များတို့ သခင်ဘုရားကိုကောင်း ချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍အစဉ်ထာဝရ ချီးမွမ်းကြလော့။၈၁။ သားရဲ နှင့် သားယဉ်တိရိစ္ဆာန် များတို့ သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ် တော်ကို ဂုဏ်ြုပ၍  အစဉ်ထာဝရ  ချီးမွမ်းကြလော့။


ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:29-33);

၂၉ တဖန် ထပ်၍ မိန့်တော်မူသောဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။
၃၀ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။
၃၁ ထိုနည်းတူ ထိုအကြောင်း အရာများဖြစ်သည်ကို မြင်ရလျှင်၊ သခင်၏နိုင်ငံတော်တည်လုနီးသည်ကို သိမှတ်ကြလော့။
၃၂ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
၃၃ ကောင်းကင်နှင့်မြေကြီး မတည်သော် လည်း ငါ့စကားတည်လိမ့်မည်။