Thursday, 30 November 2017

30-NOV-2017 (READING -ORD34-YA-C1)

Thu the 30th:    Feast of Andrew, apostle.
Dan 6:12-28; Dan 3:68-74; Luke 21:28; Luke 21:20-28

ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 6:12-28;

ထိုသို့ဒါနီအဲလ်သည်မိမိဘုရားသ ခင်ရှေ့မှာ ဆုတောင်းပဌာနြာုပလျက်နေသည်ကို
ချောင်းမြောင်းကြည့်နေကြသော မှူးမတ်များတို့တွေ့
၁၂။ သော အခါသူတို့သည် ဘုရင်မင်းမြတ်ထံသို့သွားကြ ၍တားမြစ်ထားသောအမိန့်တော်အကြောင်းကို အသိ
ပေးကြ၏။ အို ဘုရင်မင်းမြတ်၊ အရှင်မင်းကြီးမှ တစ်ပါးမည်သည့်ဘုရားကိုဖြစ်စေ၊ လူကိုဖြစ်စေ ရက် ပေါင်းသုံးဆယ်အတွင်း မည်သူမျှ ဆုတောင်းပဌာနာ မြုပရ။ြုပသောသူကို ခြင်္သေ့သားရဲတွင်းသို့ ပစ်ချစေ ရမည်ဟူသောအမိန့်တော်ကို ထုတ်ပြန်ခဲ့သည်မဟုတ် ပါလော့ဟု မေးကြလျှင် ဘုရင်က ဤအမိန့်သည် မပြောင်းလဲ မရုပ်သိမ်းနိုင်သော မေဒိနှင့်ပါရှားဥပဒေ
၁၃။ ဖြစ်သည်ဟု ပြန်ပြောလေ၏။ ထိုအခါသူတို့က အို ဘုရင်မင်းမြတ် ပြည်နှင်ဒဏ်ခံရသူဂျုဒလူမျိုး ဒါနီ အဲလ်သည်အရှင်မင်းကြီးကိုလည်းကောင်း၊ အရှင် မင်းကြီး ထုတ်ပြန်သော အမိန့်ကိုလည်းကောင်း၊ မထီလေးစာြးုပ၍တစ်နေ့လျှင် သုံးကြိမ် သူ၏ဆု တောင်းမေတ္တာများကိုြုပလုပ်လျက် ရှိပါသည်ဟု
၁၄။ လျှောက်ထားကြ၏။ ဘုရင်သည်လည်း ထိုစကားကို ကြားလျှင် စိတ်မကောင်းဖြစ်လျက် ဒါနီအဲလ်ကို ကယ်ဆယ်ရန် စိတ်ဆုံးဖြတ်ထားလေ၏။ သူသည် နေဝင်သည်တိုင်အောင်  သူ့ကို ကယ်တင်ရန် ကြိုး
၁၅။ ပမ်း အားထုတ်ခဲ့၏။ သို့သော်ထိုသူတို့ကအကြိမ် ကြိမ်တောင်းဆိုလျက်အိုဘုရင်မင်းမြတ်မေဒိနှင့်ပါရှားဥပဒေအရဘုရင်၏အမိန့်တော်ထုတ်ပြန်ပြီးသမျှသည်ပြန်လည်၍ရုပ်သိမ်းရန်၊ ပျက်ပြယ်ရန် မဖြစ်နိုင်ဟု
၁၆။ လျှောက်တင်ကြ၏။ ထို့ကြောင့် ဘုရင်သည်လည်း ဒါနီအဲလ်အားခေါ်ဆောင်စေပြီးကာ၊ ခြင်္သေ့သားရဲ တွင်းထဲသို့ပစ်ချရန် အမိန့်ကိုထုတ်ပြန်ရပြီး၊ ဒါနီ အဲလ်အား မိန့်တော်မူသည်မှာ သင်သစ္စာရှိစွာ ကိုး ကွယ်အစေခံသော ဘုရားသခင်သည်သင့်ကို ကယ်
၁၇။ တင်ပါစေဟုဆို၏။ သားရဲတွင်းဝကို ပို၍သေချာစေ ရန် ပိတ်ဆို့ခြင်းငှါ ကျောက်တုံးဖြင့် ပိတ်ဆို့၍ ဘုရင်၏ လက်စွပ်တံဆိပ်တော်နှင့်လည်းကောင်း၊ မှူးမတ်များ၏ လက်စွပ်တံဆိပ်များနှင့်လည်းကောင်း
၁၈။ ခတ်နှိပ်ကြ၏။ ထို့နောက် ဘုရင်သည် နန်းတော်သို့ ညအချိန် ပြန်လာသောအခါ ညစာကိုလည်း မသုံး ဆောင်ဘဲ၊ မောင်းမမိဿံ တို့ကိုလည်းပြန်လွှတ် လိုက်လေ၏။ ဘုရင်သည်တစ်ညလုံးအိပ်၍ မပျော်
၁၉။ သောကြောင့်။ နောက်တစ်နေ့တွင် နံနက်စောစော ထပြီး၊ ခြင်္သေ့သား ရဲတွင်းရှိရာသို့ အလျင်အမြန်သွား လေ၏။
၂၀။ ထိုနေရာသို့ ရောက်လုနီးသော် သူသည် ဝမ်းနည်း ကြေကွဲသော အသံဖြင့်ဒါနီအဲလ်ကို အော်ဟစ်ခေါ် လျက် အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်၊ ဒါနီအဲလ်၊ သင်သစ္စာရှိစွာ ကိုးကွယ် အစေခံသော ဘုရားသခင်သည် သင့်ကိုခြင်္သေ့များရန်မှကယ်လွှတ်
၂၁။ နိုင်သလောဟု မေးလေ၏။ ဒါနီအဲလ်ကလည်း ဘုရင်အား အို ဘုရင်မင်းမြတ် အစဉ်အမြဲအသက်ရှင်
၂၂။ ပါစေ။ ကျွန်ုပ်၏ ဘုရားသခင်သည် မိမိ၏တမန် တော်ကိုစေလွှတ်၍ ခြင်္သေ့တို့၏ ပါးစပ်ကို ပိတ်ထား တော်မူသဖြင့် ゞင်းတို့သည် ကျွန်ုပ်ကိုအန္တရာယ်မပေး နိုင်ခဲ့ကြပါ။ အကြောင်းမူကား ကျွန်ုပ်သည် ဘုရား သခင်၏ ရှေ့မျက်မှောက်တော်မှာ အပြစ်ကင်းစင် ပါ၏။ အရှင် မင်းကြီးကိုလည်း ကျွန်ုပ်သည်မည် သည့်မကောင်းမှုကိုမျှ မြုပပါဟု ပြန်ဖြေလေ၏။
၂၃။ ထိုအခါ ဘုရင်သည် အလွန်ဝမ်းမြောက်သဖြင့် ဒါနီ အဲလ်ကို သားရဲတွင်းထဲမှ ထုတ်ယူစေရန်မိန့်တော် မူလေ၏။ သူသည် ဘုရားသခင်ကို ယုံကြည်အား ကိုးသောကြောင့်သူ၌ ထိခိုက်အနာတရတစ်ခုမျှမရှိချေ။
၂၄။ ဘုရင်သည်လည်းဒါနီအဲလ်အား စွပ်စွဲ အပြစ်တင် ကြသော သူတို့ကို သူတို့ သားမယားတို့နှင့်တကွ ခြင်္သေ့တွင်းထဲသို့ ပစ်ချစေလျှင် သူတို့သည် သားရဲ တွင်း၏ အောက်ခြေသို့ မရောက်မီပင် ခြင်္သေ့တို့ သည် ကိုက်ဖြတ်စားသောက်ကြသဖြင့် သူတို့အရိုးရှိ
၂၅။ သမျှတို့ကို ချိုးဖဲ့ကြလေ၏။ ဤသို့ဖြင့် ဒါရီဦးဘုရင် သည်ကမ္ဘာပေါ်ရှိအရပ်ရပ်၌နေထိုင်ကြသည့်ဘာသာစကား အမျိုးမျိုးကို ပြောကြသောတိုင်းနိုင်ငံများနှင့်လူ မျိုးအပေါင်းတို့ထံသို့ အမိန့် စာချွန်တော်ရေးလိုက်
သည်မှာငြိမ်းချမ်းသာယာခြင်းသည်သင်တို့အားလုံး၌  
၂၆။ ပြည့်စုံပါစေသော်။ ငါ၏ နိုင်ငံတော် တစ်ဝှမ်းလုံး၌ သင်တို့သည် ဒါနီအဲလ်၏ဘုရားသခင်ကိုကြောက် ရွံ့ရို သေရှိခိုးကြရမည်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား ကိုယ်တော်သည် အသက်ရှင်တော် မူသော ဘုရား ဖြစ်၍ အစဉ်ထာဝရလည်း တည်တော်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သည်ပျက် စီးခြင်းသို့ မရောက်နိုင်ဘဲ ဘုန်းအာဏာတော်သည်
၂၇။ စဉ်အဆက်တည်နေလိမ့်မည်။ ကိုယ်တော်သည်လွတ် မြောက်ခြင်းနှင့် ကယ်တင်ခြင်းကိုပေးသော အရှင် သခင်ဖြစ်တော်မူ၍ ကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဩဖွယ်ရာ လက္ခဏာတို့ကိုြုပတော်မူ၏။ ကိုယ် တော်သည် ဒါနီအဲလ်ကိုခြင်္သေ့၏ရန်မှ ကယ်တင် တော်မူ၏။
၂၈။ ဤသို့ဖြင့် ဒါနီအဲလ်သည်ဒါရီဦးဘုရင်နှင့် ပါရှား ဘုရင်ဆိုင်းရုလက်ထက်တွင် ကြီးပွားအောင်မြင်စွာ အမှုထမ်းခဲ့၏။

ဒါနီအဲလ်အနာဂတ္တိကျမ်း အခန်းကြီး (၃) (ီညေ ၃ါ်၆၈-၇၄)း

၆၈။ လော့။နှင်းရည်နှင့်နှင်းခဲတို့သခင်ဘုရားကိုကောင်းချီး ပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီး
၆၉။ မွမ်းကြလော့။ ဆီးနှင်းခဲနှင့် အအေးဓာတ်တို့ သခင် ဘုရားကိုကောင်းချီးပေးကြလော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။
၇၀။ ရေခဲနှင့် နှင်းခဲတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကိုဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်း
၇၁။ ကြလော့။ ညနှင့်နေ့များတို့ သခင်ဘုရားကို ကောင်း ချီးပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာ
၇၂။ ဝရချီးမွမ်းကြလော့။ အလင်းနှင့်အမှောင်ထုတို့သခင် ဘုရားကို ကောင်းချီး ပေးကြလော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရ ချီးမွမ်းကြလော့။ လျှပ်စီးနှင့်
၇၃။ တိမ်တိုက်များတို့ သခင်ဘုရားကို ကောင်းချီးပေးကြ လော့။ ကိုယ်တော်ကို ဂုဏ်ြုပ၍ အစဉ်ထာဝရချီးမွမ်း
၇၄။ ကြလော့။မြေကြီးသည်သခင်ဘုရားအားကောင်းချီးပေးပါစေ။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်း ကြလော့။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:28);

၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:20-28);

၂၀ ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။
၂၁ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။
၂၂ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။
၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့် မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသောဆင်းရဲဒုက္ခဖြစ်၍ ယုဒလူမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။
၂၄ သူတို့သည် ထားဘေးဖြင့်ပျက်ဆီးခြင်း သို့ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင် ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။
၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊
၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။