Wednesday, 22 November 2017

22-NOV-2017 (READING -ORD33-YA-C1)

Wed the 22nd:    Memorial of Cecilia, virgin and martyr.
2 Macc 7:1, 20-31; Ps 17:1-15; John 15:16; Luke 19:11-28

မက္ကဘေဦးသမိုင်း (ဒုတိယစောင်)2 Macc 7:1, 20-31;

၁။ညီအစ်ကိုခုနစ်ဦးတို့သည် မိမိတို့၏ မိခင်နှင့်အတူ ဖမ်းဆီးခြင်းခံရ၍ ပညတ်ဥပဒေတော်နှင့် မကိုက်ညီ သော ဝက်သားကိုစားရန် ဘုရင်က အတင်းအဓမ္မ တိုက်တွန်းလျက်ကြာပွတ်များ၊ ကြိုးများနှင့် ရိုက်နှက်နှိပ်စက်စေ၏။
၂၀။အားလုံးထက်လေးစားဂုဏ်ယူဖွယ်ကောင်း၍နောင်အစဉ်အဆက်သတိရမှတ်သားဖွယ်ကောင်းသောသူကား သူတို့၏ မိခင်ဖြစ်၏။ တစ်ရက်တည်းတွင်သားခုနှစ် ယောက်လုံး သေဆုံးကြသည်ကိုမြင်ရသော်လည်း ရဲ စွမ်းသတ္တိ အပြည့်နှင့်ခံထမ်းခဲ့၏။ အဘယ်ကြောင့်ဆို သော် သူမသည် သခင်ဘုရား၌မျှော်လင့်ကိုးစားသော
၂၁။ကြောင့်ဖြစ်၏။ သူမသည် မိမိသားတစ်ဦးစီကိုသူတို့ ဘိုးဘေးများ၏ဘာသာစကားဖြင့် အားပေးနှစ်သိမ့်ခဲ့ ၏။သူမသည်မြင့်မြတ်သော စိတ်ထားဖြင့်ပြည့်လျက် မိန်းမကဲ့သို့ ဆင်ခြင်တွေးခေါ်ခြင်းနှင့်ယောကျာ်းတစ် ဦး၏ရဲစွမ်း သတ္တိသည် သူမ၌နိုးကြားလာသောအခါ မိမိသား တို့အားဆိုသည်ကား။
၂၂။ သင်တို့သည်ငါ၏ဝမ်း ခေါင်းအတွင်း၌မည်သို့ဖြစ်ပေါ်လာကြသည်ကိုငါမသိ သင်တို့အား အသက်နှင့် အသက်ရှုခြင်းကို ပေးသည် မှာငါမဟုတ်။
၂၃။ သင်တို့တစ်ဦးစီတွင်ရှိသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို တည်ဆောက်သူမှာလည်း ငါ မဟုတ်။ ထို့ကြောင့် လူ့ဘဝအစကိုပုံဖော်၍အရာအားလုံး၏မူလအစကိုဖန်းတီးတော်မူသောကမ္ဘာလောက၏ဖန်ဆင်းရှင်သည်မိမိ၏သနားကရုဏာတော်၌သင်တို့ကိုအသက်နှင့်အသက်ရှုခြင်းပြန်လည်ပေးသနားတော်မူလိမ့်မည်။အဘယ်ကြောင့်ဆိုသော်သင်တို့သည်ကိုယ်တော်၏ပညတ်ဥပဒေများအတွက်သင်တို့၏ခန္ဒာကိုယ်ကိုလျစ်လျူရှုခဲ့ကြောင်းသိတော်မူ သောကြောင့်တည်း။
၂၄။ သူမ၏စကားများသည် မိမိကို ကဲ့ရဲ့သရော်သည်ဟု အန္တီယော့ ထင်မြင်လေ၏။ ထို့ကြောင့်ဘုရင်သည်အသက်ရှင်လျက်ကျန်နေသောအငယ်ဆုံးသားအား သူကသာ မိမိဘိုးဘေး၏လမ်း စဉ်ကိုစွန့် လွှတ်မည်ဆိုပါလျှင် သူ့ကိုဘုရင်၏ မိတ်ဆွေအဖြစ်လက်ခံ၍ချမ်းသြွာကယ်ဝခြင်းနှင့်ပျော်ရွှင်မှုပေးလျက် နိုင်ငံတော်၏ အုပ်ချုပ်မှုကိုပါအပ်နှံ မည်ဖြစ်ကြောင်း ကတိများပေးလေ၏။
၂၅။ သူငယ် သည် ဘုရင်၏ စကားကိုနားမထောင်သောကြောင့် ဘုရင်သည် မိခင်ဖြစ်သူကိုခေါ်၍ သူငယ်သည် မိမိအသက်ကို ကယ်ဆယ်ရန် အကြံပေးခြင်းငှာ သူမကို  တိုက်တွန်းလေ၏။
၂၆။ဘုရင်က အကြိမ်ကြိမ် တိုက်တွန်းသောကြောင့် သူမ သည်မိမိသားငယ်ကို အကြုံပရန် သဘောတူညီလိုက် လေ၏။
၂၇။ သို့သော် သူမသည် မိမိသား အနားသို့ ကပ်လျက်ရက်စက်သောဘုရင်ကိုလှည့်ဖြားကာသူတို့ဘိုးဘေးများ၏ ဘာသာစကားဖြင့်ပြောဆိုသည်ကားငါ့သား၊ငါ့အားသနားပါလော့၊ငါသည်ငါ၏ဝမ်းထဲ၌သင့်ကိုကိုးလတိုင်လွယ်ခဲ့ရ၍သုံးနှစ်တိုင်နို့တိုက်ကျွေးမွေးခဲ့ရ၏။ ဤအသက်အရွယ်သို့ ရောက်သည့်တိုင် အောင် ပညာပေး၍ သင့်ဘဝကြိုပစုပျိုးထောင်ခဲ့ရ၏။
၂၈။ငါ့သားသင်သည် ကောင်းကင်မြေကြီးနှင့်ゞင်းတို့တွင် ရှိ သမျှတို့ကို ကြည့်ရှုရန် ငါတောင်းပန်ပါ၏။ဘုရား သခင်သည် ရှိပြီးသား အရာများထဲမှ ゞင်းတို့ကိုဖန် ဆင်းတော်မူခဲ့သည်မဟုတ်ကြောင်းကိုသတိရပါလော့၊  
၂၉။ထိုနည်းတူလူသည်လည်းဖြစ်ပေါ်လာခဲ့၏။ဤလူသတ်သမားကိုမကြောက်နှင့်။သင့်အစ်ကိုများ၏ထိုက်တန်သောညီငယ်ပီသအောင်သက်သေပြလော့။အစ်ကိုများနှင့်အတူဘုရားသခင်၏သနားကရုဏာတော်၌ငါသည်သင့်ကိုပြန်လည်ပိုင်ဆိုင်နိုင်ရန်သေခြင်းကိုလက် ခံပါလော့ဟုဆို၏။
၃၀။ သူသည်ထိုစကားများကိုဟေဘရူး အမျိုးသားတို့ကို ဆန့်ကျင်၍ မကောင်းဒုစရိုက်အမျိုး မျိုးကို ဖန်တီးသော သင်သည်ကားဧကန်မုချဘုရား သခင်၏လက်တော်မှလွတ်မြောက်လိမ့်မည်မဟုတ်။
၃၁။အကြောင်းမူကား ငါတို့သည်ငါတို့အပြစ်များအတွက် ဝေဒနာ ခံစားနေကြရ၏။

ဆာလံကျမ်း အခန်းကြီး ၁၇(Ps 17:1-15);

အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊
ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊
အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊
လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊
လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊
အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊
- အကျွန်ုပ်ကို င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊
၁၀ သူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊
၁၁ အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊
၁၂ ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊
၁၃ အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊
၁၄ အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
၁၅ အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:16);

၁၆ သင်တို့သည် ငါ့ကိုရွေး ကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကိုရွေးကောက်သဖြင့်၊ သင်တို့သည်သွား၍ တည်ကြည်သော အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ (Luke 19:11-28);

၁၁ ထိုအခါ ယေရှုရှလင်မြို့အနီးသို့ရောက်တော်မူ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်း ပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ထပ်၍ မိန့်တော်မူသော ဥပမာကား၊
၁၂ အမတ်တယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟု အကြံရှိလျက် ဝေးသော ပြည်သို့သွား၏။
၁၃ မသွားမှီ မိမိငယ်သား တကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီအပ်ပေးလျက် ငါပြန်၍မလာ မှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထားလေ၏။
၁၄ ပြည်သားအချို့တို့သည် ထိုအမတ် ကိုမနာလို၍၊ ထိုသူ၏အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကိုသူ့နောက်သို့ စေလွှတ်ကြ၏။
၁၅ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီးအဘယ်မျှလောက် အမြတ်ရသည်ကိုသိခြင်းငှါ၊ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
၁၆ ပထမသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ် အမြတ်ရပါ ပြီဟု လျှောက်လျှင်၊
၁၇ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။
၁၈ ဒုတိယသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသောငွေတပိဿာအားဖြင့် ငါးပိဿာ အမြတ်ရပါပြီဟု လျှောက်လျှင်၊
၁၉ သခင်က၊ သင်သည် မြို့ငါးမြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။
၂၀ အခြားသော သူသည်လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ ထုတ်ထားသောကိုယ်တော်၏ငွေ တပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊
၂၁ ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်တတ် သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကိုကြောက်ပါသည်ဟု လျှောက်လျှင်၊
၂၂ သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏စကားကိုသာလိုက်၍ သင်၏အမှုကိုငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြင်လျက် ကိုယ်မသိုမထား သော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊
၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုး ကိုရနိုင်သည်ဟု မိန့်တော်မူ ပြီးသော်၊
၂၄ အခြွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။
၂၅ အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏ ဟုလျှောက်ကြလျှင်၊
၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
၂၇ ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသောငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
၂၈ ထိုသို့မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ခရီး သွားတော်မူ၏။