Fri the 10th: Memorial of Leo the Great, pope and doctor.
Rom 15:14-21; Ps 98:1-4; 1 John 2:5; Luke 16:1-8
ရောမသြဝါဒစာ အခန်းကြီး ၁၅ (Rom 15:14-21);
၁၅-၁၆ သို့သော်လည်း သန့်ရှင်းသောဝိညာဉ်တော် သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည်ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကိုသတိပေးလျက် သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။
၁၇ ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင် သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်းရှိ၏။
၁၈-၁၉ တပါးအမျိုးသားတို့သည် စကားအားဖြင့်၎င်း၊ အကျင့် အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကိုပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။
၂၀ ထိုသို့အခြား သူတည်သော တိုက်မြင့် အပေါ်မှာ ငါထပ်၍မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသောအရပ်၌ ဧဝံဂေလိတရား ကို ဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။
၂၁ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ထိုသူ၏အကြောင်းကို အဘယ်သူမျှ မပြဘူးသော်လည်း၊ သူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသော သူတို့သည် နားလည်ကြလိမ့် မည်ဟု လာသတည်း။
ဆာလံကျမ်း အခန်းကြီး ၉၈ (Ps 98:1-4);
၁ ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့၊၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ၊၊ လက်ျာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်းအမှုကို ပြုလေပြီ၊၊
၂ ထာဝရ ဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကိုထင်းရှားစေ၍ ဖြောင့်မတ်တော်မူခြင်းတရားကိုလည်း တပါးအမျိုးသား တို့ အားဘော်ပြတော်မူပြီ၊၊
၃ ဣသရေလအမျိုးသား တို့၌ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ၊၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးကိုမြေကြီးစွန်း အပေါင်းတို့သည် မြင်ကြရပြီ။
၎ မြေကြီးသား အပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့။
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 John 2:5);
၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် ထိုသခင်ရှိ ကြောင်းကို ထိုသို့အားဖြင့် သိရကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၆ (Luke 16:1-8);
၁ တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကိုဖျက်ဆီးသည် အကြောင်းကိုသူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊
၂ သခင်သည်ဘဏ္ဍာစိုးကိုခေါ်၍၊ သင်၏အမှုအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသောစာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။
၃ ထိုအခါဘဏ္ဍာစိုးက၊ ငါသည်အဘယ် သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကိုနှုတ်လေပြီ။ လယ်လုပ်ခြင်းငှါမစွမ်းနိုင်။ သူတောင်းစားလုပ်ခြင်း ငှါရှက်ကြောက်၏။
၎ ဘဏ္ဍာစိုးအရာမှ ကျသည် နောက်သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ငါပြုရမည်ကိုငါသိ၏ ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊
၅ သခင်၏ ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင် ကိုဆပ်ပေးရန်သင်၌ အဘယ်မျှ လောက်ရှိသနည်းဟု တယောက်ကိုမေးလျှင်၊
၆ ထိုသူက၊ ဆီအခွက်တထောင်ပေးရန်ရှိ ပါသည် ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကိုရေးမှတ် လော့ဟု ဆို၏။
၇ ထိုနောက်အခြားသောသူကိုခေါ်၍၊ ငါ၏သခင်ကိုဆပ်ပေးရန်သင်၌ အဘယ်မျှလောက်ရှိသနည်းဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာ ကိုရေးမှတ်လော့ဟုဆို၏။
၈ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည်ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍လိမ္မာကြ၏။