Thu the 16th: Optional memorial of Margaret of Scotland.
Optional memorial of Gertrude, virgin.
Wis 7:22-8:1; Ps 119:89-175; John 15:5; Luke 17:20-25
ပညာပါရမီကျမ်း Wis 7:22-8:1;
၂၂။အကြောင်းမူကား၊ အရာခပ်သိမ်းတို့ကို ကျွမ်းကျင်စွာ ပုံဖော်သူတည်း ဟူသော Óဏ်ပညာအားဖြင့် သွန်သင်ခြင်းခံရသော ကြောင့်ဖြစ်၏။ Óဏ်ပညာ၌ နားလည်တတ်ခြင်း၏ ဝိညာဉ်သည်တည်နေ၏ သူမ၌သန့်ရှင်းမွန်မြတ်ခြင်း၊ တစ်ခုတည်းဖြစ်ခြင်း၊ အမျိုးမျိုးထူးခြားခြင်း၊ သိမ်မွေ့ ခြင်း၊ ထင်ရှားပေါ်လွင်ခြင်း၊ အပြစ်အနာအဆာမရှိ ခြင်း၊ သေချာခြင်း၊ ဘေးဒုက္ခ မရောက်စေခြင်း၊ ကောင်းရာကို ချစ်မြတ်နိုးတတ်ခြင်း၊ နိုးကြားထက် မြက်ခြင်း၊ အနှောင့်အယှက် ကင်းခြင်း၊ ကျေးဇူြးုပ
၂၃။တတ်ခြင်း၊သနားကြင်နာခြင်း၊ခိုင်မြဲခြင်း၊လုံခြုံခြင်း၊ငြိမ်သက်ခြင်း၊ဘုန်းတန်ခိုးနှင့်ပြည်စုံခြင်းနှင့်အားလုံးစုံကိုမြင်နိုင်ခြင်း ထို့အပြင်အခြားပို၍နားလည်တတ်ကျွမ်းပြီး၊စင်ကြယ်၊ပါးနပ်လိမ္မာသောဝိညာဉ်များကိုပင်ထိုးဖောက်လွှမ်းမိုးနိုင်စွမ်းရှိ၏။
၂၄။အကြောင်း မူကား Óဏ်ပညာသည် လှုပ်ရှားခြင်း ထက်ပို၍ လှုပ်ရှားနိုင်ပြီးအရာရာကိုထိုးဖောက်ပျံ့နှံ့စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုမျှသန့်ရှင်း စင်ကြယ်သောကြောင့်တည်း။
၂၅။သူမသည်ဘုရားသခင် ဘုန်းတန်ခိုးတော်၏အခိုးအငွေ့ဖြစ်ပြီး၊ အားလုံးစုံကို တတ်နိုင်တော်မူသော အရှင်၏ ဘုန်းတန်ခိုးတော် ဖြာထွက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ညစ်ညမ်း သော မည်သည့်အရာမျှသူမထံသို့မဝင်ရောက်နိုင်ပေ။
၂၆။သူမသည်ထာဝရအလင်းတော်၏ ရောင်ပြန်တောက်ပ ခြင်းဖြစ်၍ ဘုရားသခင်တန်ခိုးတော်၏အစွန်းအထင်း မရှိသော ကြေးမုံလည်းဖြစ်သောကြောင့် ကိုယ်တော် ၏ ကောင်းမြတ်တော်မူခြင်း ပုံသဏ္ဍာန်တော်ပင်ဖြစ် သည်။
၂၇။တစ်ဦးတည်း ဖြစ်သော်လည်းသူမသည်အရာ ရာကိုြုပလုပ်နိုင်စွမ်းရှိ၏။သူမကိုယ်တိုင်ကပြောင်းလဲ ခြင်းကင်းသော်လည်းအရာရာတိုင်းကိုသစ်လွင်အောင် ဖန်တီးနိုင်၏။ခေတ်အဆက်ဆက်တွင် သန့်ရှင်းသော ဝိညာဉ်များ အတွင်းသို့ ဆင်းသက်လျက် သူတို့ကို ဘုရားသခင်၏ မိတ်ဆွေများဖြစ်စေ၏။
၂၈။အကြောင်းမူကား၊ ဘုရားသခင်သည် မည်သူ့ကိုမျှ လက်မခံဘဲ Óဏ်ပညာနှင့်အတူ နေထိုင် သူကိုသာ လက်ခံ၏။
၂၉။သူမသည်နေမင်းထက်ပို၍တောက်ပြောင် လျက် ကြယ်နက္ခတ်တာရာ အဖွဲ့အစည်းအားလုံးကို
ကျော်လွှားပြီး၊ အလင်းရောင်နှင့် ယှဉ်လျှင်လည်းသူမ က သာလွန်ပေ၏။
၃၀။အကြောင်းမူကား၊နေ့အလင်းသည် ညအမှောင်ကိုနေရာပေးသော်လည်းမကောင်းဒုစရိုက်သည် Óဏ်ပညာကို အနိုင်မယူနိုင်ချေ။
၁။ အမှန်စင်စစ်ကား၊ Óဏ်ပညာသည် ကမ္ဘာမြေကြီး တစ်ဘက်စွန်းမှ အခြားတဘက်စွန်းတိုင်အောင် စွမ်း အားအပြည့်ဖြင့် ဖုံးလွှမ်းကာအရာအားလုံးကိုကောင်း ၂။ မွန်စွာ စီစဉ်လေ၏။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:89-175);
၈၉ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။
၉၀ သစ္စာတော်သည် လူမျိုးအဆက်ဆက် မြဲမြံပါ၏။ မြေကြီးကိုတည်စေတော်မူသဖြင့်၊ သူသည် အမြဲနေပါ၏။
၉၁ ခပ်သိမ်းသော အရာတို့ သည် ကိုယ်တော်၏ ကျွန်ဖြစ်၍ စီရင်တော်မူသည်နှင့်အညီ၊ ယနေ့တိုင်အောင် အမြဲနေကြပါ၏။
၉၂ အကျွန်ုပ်သည် ကိုယ်တော်၏ တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ်ပျက်စီးပါပြီ။
၉၃ ကိုယ်တော်၏ ဥပဒေများကို အစဉ်မမေ့လျော့နိုင်ပါ။ အကြောင်းမူကား၊ ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။
၉၄ အကျွန်ုပ်သည်ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ ဥပဒေများကို ရှာဖွေလိုက်စစ်သောကြောင့်အကျွန်ုပ်ကို ကယ်တင်တော်မူပါ။
၉၅ အကျွန်ုပ်ကို ဖျက်ဆီးခြင်းငှါ၊ မတရားသော သူတို့သည် စောင့်လျက်နေကြပါ၏။ သို့သော်လည်း၊ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။
၉၆ ခပ်သိမ်းသော စုံလင်ခြင်း၏ အဆုံးကို အကျွန်ုပ်မြင်ပါပြီ၊၊ ပညတ်တရား တော်မူ ကား အလွန်ကျယ်ဝန်းပါ၏၊၊
၉၇ ကိုယ်တော်၏ တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏၊၊ တနေ့လုံး ဆင်ခြင်အောက်မ့ လျက်နေပါ၏၊
၉၈ ပညတ်တရားတော်သည် အကျွန်ုပ်ရန်သူတို့ထက် အကျွန်ုပ်ကိုသာ၍ ပညာရှိစေပါ၏၊၊ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏၊၊
၉၉ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ ဆရာအပေါင်းတို့ ထက်သာ၍ နားလည်ပါ၏၊၊
၁၀၀ ဝကိုယ်တော်၏ ဥပဒေသများကို စောင့်သောကြောင့် အသက် ကြီးသူတို့ထက် သာ၍ ဥာဏ်ကောင်းပါ၏၊၊
၁၀၁ နှုတ်ကပတ်တော်ကို စောင့်လိုသောငှါ မကောင်းသောလမ်း ရှိသမျှတို့ကို လွှဲရှောင်ပါ၏၊၊
၁၀၂ ကိုယ်တော်သည် သွန်သင်တော်မူသောကြောင့် စီရင်တော်မူချက်တို့မှ အကျွန်ုပ်လွှဲ၍ မသွားပါ၊၊
၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချိုကြပါ၏၊၊ ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ ချိုကြပါ၏၊၊
၁၀၄ ကိုယ်တော်၏ ဥပဒေသများအားဖြင့် အကျွန်ုပ် သည် ဥာဏ်တိုးပွား၍ မိစ္ဆြွာလမ်းရှိသမျှ တို့ကို မုန်းပါ၏၊၊
၁၀၅ နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ် ၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏၊၊
၁၀၆ ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည်အတိုင်း ပြုပါမည်၊၊
၁၀၇ အိုထာဝရဘုရား အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းကို ခံရပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက် ရှင်စေတော်မူပါ၊၊
၁၀၈ အိုထာဝရဘုရား အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၊၊ စီရင်တော် မူချက်တို့ကိုလည်း အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏၊၊
၁၀၉ အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိပါ၏၊၊ သို့သော်လည်း တရားတော်ကို မမေ့မလျော့ပါ၊၊
၁၁၀ မတရားသောသူတို့သည် အကျွန်ုပ်ဘို့ ကျော့ကွင်းကို ထောင်ထားကြပါ၏၊ သို့ သော်လည်း ကိုယ်တော်၏ ဥပဒေသများမှလွဲ၍ မသွားပါ၊၊
၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ်နှလုံး ရွှင်လန်းရာဖြစ်၍ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲခံယူပါ၏၊၊
၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံးတိုင်အောင် အစဉ်လိုက်ခြင်းအလိုငှါ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏၊၊
၁၁၃ အကျွန်ုပ်သည် အဓမ္မလူတိုကိုမုန်း၍ ကိုယ်တော်၏တရားကိုနှစ်သက်ပါ၏။
၁၁၄ ကိုယ်တော်သည် အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်၏ ဒိုင်းလွှားဖြစ်တော်မူ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊
၁၁၅ ဒုစရိုက်ကိုပြုသော သူတို့ ငါ့ထံမှ ဖယ်သွားကြ၊၊ ငါသည် ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်စောင့်မည်၊၊
၁၁၆ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း၊ မိန့်တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ်မြော်လင့်ခြင်း အကြောင်းမှ မရှက်မကြောက်ပါစေနှင့်။
၁၁၇ အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ်အမြဲ ထောက်ရှုပါမည်။
၁၁၈ အထုံးအဖွဲ့တော်တို့မှ လွှဲသွားသမျှသော သူတို့ကို ပယ်တော် မူ၏။သူတို့ပရိယာယ်သည် မုသာ ဖြစ်ပါ၏။
၁၁၉ မတရားသော မြေသားအပေါင်းတို့ကိုချော်ကဲ့သို့ မှတ်တော်မူ၏။ ထို့ကြောင့် သက်သေခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက်ပါ၏။
၁၂၀ ကိုယ်တော်ကို ထိန့်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ၍၊ စီရင်တော်မူချက်တို့မှ ကြောက်ပါ၏။
၁၂၁ အကျွန်ုပ်သည် တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာစီရင်ခြင်းကို ပြုပါပြီ၊၊ ညှဉ်းဆဲသော သူတို့လက်၌ အကျွန်ုပ်ကို ပစ်ထားတော်မမူပါနှင့်၊၊
၁၂၂ ကိုယ်တော်၏ ကျွန်အဖို့ငှါ အာမခံတော်မူပါ၊၊ မာနကြီးသောသူတို့သည် အကျွန်ုပ်ကို မနှိပ်စက်ကြပါစေနှင့်၊၊
၁၂၃ ကယ်တင်တော်မူခြင်းကျေးဇူးကို၎င်း၊ ဖြောင့်မတ်ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ်တော်ကို၎င်း၊ အကျွန်ုပ်မျက်စိသည် မျှော်၍ အားကုန်ပါပြီ၊၊
၁၂၄ ကရုဏာတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်၌ ပြု၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ၊၊
၁၂၅ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်ဖြစ်ပါ၏၊၊ သက်သေခံ တော်မူချက် တို့ကို နားလည်နိုင်သော ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၂၆ အို ထာဝရဘုရား စီရင်တော်မူချိန်ရောက်ပါ ပြီ။ သူတပါး များတို့သည် တရားတော်ကို ပယ်ကြပါ၏၊၊
၁၂၇ အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏၊၊
၁၂၈ သို့ဖြစ်လျှင် ကိုယ်တော်၏ ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ထင်မှတ် လျက် မိစ္ဆြွာလမ်း ရှိသမျှ တို့ကို မုန်းပါ၏၊
၁၂၉ သက်သေခံတော်မူချက်တို့သည် အံ့သြဘွယ် ဖြစ်၍ အကျွန်ုပ်ဝိညာဉ်သည် စောင့်ရှောက်တတ် ပါ၏၊
၁၃၀ နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏၊၊
၁၃၁ ပညတ်တော်တို့ကို အကျွန်ုပ်တောင့်တအားကြီးသဖြင့် နှုတ်ကို ဖွင့်၍ ပန်းတိုက်ပါ၏၊၊
၁၃၂ နာမတော်ကို ချစ်သောသူတို့၌ ပြုတော်မူတတ်သည်အတိုင်း အကျွန်ုပ်ကို ကြည့်ရှု၍ ကယ်မသနားတော်မူပါ၊၊
၁၃၃ မိန့်တ်ာမူချက်အစဉ်အတိုင်း အကျွန်ုပ်ခြေလှမ်း တို့ကို ဖြောင့်စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်၊၊
၁၃၄ လူတို့၏ ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ။ ကိုယ်တော်၏ ဥပဒေသများကို စောင့်ပါမည်။
၁၃၅ မျက်နှာ တော်၏အလင်း ကို ကိုယ်တော်၏ ကျွန်ပေါ်မှာ ထွန်းလင်းစေ၍ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
၁၃၆ သူတပါးများတို့သည် တရားတော်ကို မစောင့်သောကြောင့် အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေကဲ့သို့ စီးပါ၏။
၁၃၇ အိုထာဝရဘုရား ကိုယ်တော်ဖြောင့်မတ်တော်မူ၏၊၊ စီရင်တော်မူချက်တို့သည် ဖြောင့်မတ်ကြပါ၏၊၊
၁၃၈ ထားတော်မူသောသက်သေခံတော်မူချက်တို့သည်လည်း တရားနှင့်ညီ၍ သစ္စာမြဲကြပါ၏၊၊
၁၃၉ ရန်သူတို့သည် စကား တော်တို့ကို မေ့လျော့သောကြောင့် စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်ကို ညှဉ်းဆဲပါ၏၊၊
၁၄၀ နှုတ်ကပတ် တော်သည် အလွန်စင်ကြယ်သည်ဖြစ်၍ ကိုယ်တော်၏ ကျွန်သည် နှစ်သက်ပါ၏၊၊
၁၄၁ အကျွန်ုပ်သည် ငယ်သောသူ မထီမဲ့မြင် ပြုခြင်းကို ခံရသောသူဖြစ်ပါ၏၊၊ သို့သော်လည်း ကိုယ်တော်၏ ဥပဒေသများကို မမေ့မလျော့ပါ၊
၁၄၂ ဖြောင့်မတ် တော်မူ ခြင်းသည် နိစ္စထာဝရဖြောင့်မတ်ခြင်း ဖြစ်ပါ၏၊၊ ကိုယ်တော်၏ တရားသည် သစ္စာတရား ဖြစ်ပါ၏၊၊
၁၄၃ ဆင်းရဲည‡ိုး ငယ်ခြင်းသို့ ရောက်သော်လည်း ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၄၄ သက်သေခံတော်မူချက်တို့ သည် အစဉ်အမြဲ ဖြောင့်ကြပါ၏၊၊ အကျွန်ုပ်သည် အသက်ရှင်ပါမည်အကြောင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၄၅ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ်ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ၊၊ အထုံးအဖွဲ့ တော်တို့ကို စောင့်ပါမည်၊၊
၁၄၆ ကိုယ်တော်ကို အော်ဟစ်ပါ၏၊ ကယ်တင်တော်မူပါ၊ သက်သေခံတော် မူချက်တို့ကို စောင့်ပါမည်၊၊
၁၄၇ မိုဃ်းမလင်းမှီ အကျွန်ုပ်အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊
၁၄၈ ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှါ ညဥ့်ယံမလွန်မှီ အကျွန်ုပ်နိုး တတ်ပါ၏၊၊
၁၄၉ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၁၅၀ မကောင်းသော အကြံအစည်၌ ကျင်လည်သောသူတို့သည် အနီးသို့ ချဉ်းကပ်ကြပါ။၊ သူတို့သည် ကိုယ်တော်၏ တရားနှင့် ဝေးကြပါ၏၊၊
၁၅၁ အိုထာဝရဘုရား ကိုယ်တော်သည် နီးတော်မူ၏၊၊ အလုံးစုံသော ပညတ်တော်တို့သည် သစ္စာဖြစ်ကြပါ၏၊၊
၁၅၂ သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲ ထားတော်မူကြောင်းကို ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
၁၅၃ အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍ ကယ်နှုတ်တော်မူပါ၊၊ ကိုယ်တော်၏ တရားကို မမေ့မလျော့ ပါ၊၊
၁၅၄ အကျွန်ုပ်အမှုကို စောင့်၍ အကျွန်ုပ်ကို ရွေးနှုတ်တော်မူပါ၊၊ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော်မူပါ၊၊
၁၅၅ မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့် ကယ်တင်ခြင်းနှင့် ဝေးကြပါ၏၊၊
၁၅၆ အိုထာ ဝရဘုရား သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေ တော်မူပါ၊၊
၁၅၇ အကျွန်ုပ်ကို ညှင်းဆဲသောသူနှင့် ရန်ဘက်ပြုသော သူတို့သည် များကြပါ၏၊၊ သို့သော်လည်း အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှလွှဲ၍ မသွားပါ၊၊
၁၅၈ သစ္စာမရှိသော သူတို့ကို အကျွန်ုပ်သည် မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား သူတို့သည် ဗျာဒိတ်တော်စကားကို နားမထောင်ဘဲ နေကြပါ၏၊၊
၁၅၉ ကိုယ်တော်၏ ဥပဒေသများ ကို အကျွန်ုပ်နှစ်သက်ကြောင်းကို မှတ်တော်မူပါ၊၊ အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊
၁၆၀ နူတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ၏၊၊ တရားသဖြင့် စီရင်တော်မူချက်ရှိ သမျှတို့သည် အစဉ်အမြဲတည်ကြပါ၏၊၊
၁၆၁ အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှင်းဆဲကြသော်လည်း အကျွန်ုပ်စိတ်နှလုံးသည် စကားတော်ကို ကြောက်ရွံ့ပါ၏၊၊
၁၆၂ လက်ရဥစ္စာများကိုတွေ့ရသကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်း မြောက်ပါ၏၊၊
၁၆၃ မုသာစကားကို ကြားပျင်းရွံ့ရှာပါ၏၊၊ တရားတော်ကိုကား နှစ်သက်ပါ၏၊၊
၁၆၄ ဖြောင့်မတ်စွာ စီရင်တော် မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနှစ်ကြိမ် ချီးမွမ်းတတ်ပါ၏၊၊
၁၆၅ တရားတော်ကို နှစ်သက်သော သူတို့ ၌ ကြီးစွာသော ငြိမ်ဝပ်ခြင်း ရှိပါ၏၊၊ သူတို့စိတ်ပျက်စရာ အကြောင်းမရှိပါ၊၊
၁၆၆ အိုထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်မြော်လင့်၍ ပညတ်တော်တို့ကို ကျင့်ပါ၏၊၊
၁၆၇ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ် သည် စောင့်ပါ၏၊၊ အလွန်နှစ်သက်ပါ၏၊
၁၆၈ ကိုယ်တော်၏ ဥပဒေတို့နှင့် သက်သေခံတ်ာမူချက်တို့ကို စောင့်ပါ၏၊ အကျွန်ုပ်အကျင့်ရှိသမျှတို့သည် ရှေ့တော်၌ ရှိကြပါ၏၊၊
၁၆၉ အိုထာဝရဘုရား အကျွန်ုပ်အော်ဟစ်သံသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ နှုတ်ကပတ်တော် အတိုင်း ဥာဏ်ကို ပေးသနားတော်မူပါ၊၊
၁၇၀ အသနားခံသော စကားသည် ရှေ့တော်သို့ ရောက်ပါစေသော၊၊ ဗျာဒိတ်တော် အတိုင်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၇၁ အထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူသော အခါ အကျွန်ုပ်၏ နှုတ်သည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်၊၊
၁၇၂ အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ပါသည်ဖြစ်၍ အကျွန်ုပ်လျှာသည် ဗျာဒိတ်တော်ကို သီချင်းဆိုပါမည်၊၊
၁၇၃ ကိုယ်တော်၏ ဥပဒေသများကို နှစ်သက်သည်ဖြစ်၍ လက်တော်သည် အကျွန်ုပ်ကို မစပါစေသော်၊၊
၁၇၄ အို ထာဝရဘုရား ကယ်တင်တော်မူခြင်း ကျေးဇူးကို အကျွန်ုပ်တောင့်တပါ၏၊၊ တရား တော်သည်လည်ူး အကျွန်ုပ်မွေ့လျော်ရာ ဖြစ်ပါ၏၊၊
၁၇၅ အကျွန်ုပ်သည် အသက်ရှင်၍ ကိုယ်တော်ကို ချီးမွမ်းပါစေသော၊ စီရင်တော်မူချက်တို့သည် အကျွန်ုပ်ကို မစကြပါစေသော၊၊
၁၇၆ ပျောက်သောသိုးကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲပါပြီင်္၊ ကိုယ်တော်၏ ကျွန်ကိုရှာတော်မူပါ၊၊ အကျွန်ုပ်သည် ပညတ်တော်တို့ကို မမေ့မလျော့ပါ။
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ (John 15:5);
၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၇ (Luke 17:20-25);
၂၀ ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင် ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။
၂၁ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ ဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်ဟု မိန့်တော်မူ၏။
၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏ နေ့ရက်တရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့် မည်။
၂၃ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။
၂၄ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
၂၅ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုင်း ခံရမည်။