Tuesday, 28 November 2017

28-NOV-2017 (READING -ORD34-YA-C1)

Tue the 28th: Dan 2:31-45; Dan 3:57-61; Rev 2:10; Luke 21:5-11

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၂ (Dan 2:31-45);

၃၁ အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုတ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သောအရောင်အဝါနှင့် ပြည့်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဘွယ်သော ပုံသဏ္ဌာန်ကို ဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။
၃၂ သူ၏ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့်လက်နှစ်ဘက်သည် ငွေဖြစ်၏။
၃၃ ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့်ဖမိုးသည် သံတပိုင်းသရွတ် တပိုင်းဖြစ်၏။
၃၄ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ် ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊
၃၅ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေစရာမရှိ၊ပျောက်လေ၏။ ရုပ်တုကိုထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။
၃၆ ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။
၃၇ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။
၃၈ လူနေရာရှိသမျှတို့နှင့် မြေကြီးသားတိရ စ္ဆာန်၊ မိုဃ်းကောင်း ကင်ငှက်များတို့ကို ကိုယ်တော်လက်၌အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။
၃၉ ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက် မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသောကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။
၄၀ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။
၄၁ ရုပ်တု၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ်တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြား သော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။
၄၂ ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာ ခြင်းနှင့်င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်း ဆက်ဆံလိမ့်မည်။
၄၃ ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသောလူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံမရောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်းပေါင်းဘော်၍ မသင့်နိုင်ကြ။       
၄၆ ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကိုရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာ ပြုခြင်းငှါ၎င်း၊  နံ့သာမျိုး ကို မီ့းရှို၍ ဆက်ကပ်ခြင်းငှါ၎င်း စီရင်တော်မူလျက်၊
၄၄-၄၅ သင်နှင့်မထုမလုပ်ဘဲ ကျောက်တလုံး သည် တောင်ပေါ်ကအလိုလိုပဲ့ကွာ၍၊ သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်ဆီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ၄၇ ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ဘုရားသခင်သည် ဘုရား တို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသောအရာကို ဖွင့်ပြတော်မူသော သခင်ဖြစ်တော်မူ၏ဟု မိန့်တော်မူ၍၊
၄၈ ဒံယေလကို မြှောက်လျက်၊ များစွာသော ဆုလပ် သပ်ပကာတို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌၎င်း၊ ဗာဗုလုန် ပညာရှိတို့ကို အုပ်စိုးသောဝန်အရာ၌၎င်း၊ ခန့်ထားတော်မူ၏။
၄၉ ထိုအခါ ဒံယေလသည် သံတော်ဦးတင်သောကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 3:57-61;

၅၇။ကိုယ်တော် ကိုယ်တိုင်ြုပတော်မူသော အရာအားလုံးတို့၌ ကိုယ် တော်အား ကောင်းချီးမင်္ဂလာရှိပါစေသော်။  ကာလ
၅၈။အဆက်ဆက် ချီးမွမ်းထောပနာရှိပါစေသော်။ သခင် ဘုရား၏ သိကြားတမန်တော်များတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ဂုဏ်ြုပ၍  
၅၉။အစဉ်ထာဝရ ချီးမွမ်းကြလော့။ အသင် ကောင်းကင် များတို့ သခင်ဘုရားကို ကောင်းချီးပေးကြလော့။ ကိုယ်တော်အား ဂုဏ်ြုပ၍ အစဉ်ထာဝရ  ချီးမွမ်းကြ လော့။
၆၀။မိုးကောင်းကင် အထက်မှာရှိသော အသင်ရေ များအားလုံးသခင်ဘုရားကိုကောင်းချီးပေးကြလော။ ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။
၆၁။သခင်ဘုရား၏ဘုန်းတန်ခိုးတော်တို့သခင်ဘုရားကိုကောင်းချီးပေးကြလော့။ကိုယ်တော်ကိုဂုဏ်ြုပ၍အစဉ်ထာဝရချီးမွမ်းကြလော့။

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ (Rev 2:10);

၁၀ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:5-11);

၅ လူအချို့တို့သည် လာ၍ဗိမာန်တော်သည် တင့်တယ်သောကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများ နှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏ဟု လျှောက်ကြလျှင်၊
၆ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည်ယခု မြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၇ သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလ လည်းရောက်လာပြီဟု ဆိုလျက် ငါ၏အယောင်ကိုဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၉ သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။
၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။