Sat the 11th: Memorial of Martin of Tours, bishop.
Rom 16:3-27; Ps 145:1-11; 2 Cor 8:9; Luke 16:9-15
ရောမသြဝါဒစာ အခန်းကြီး ၁၆(Rom 16:3-27);
၃ ငါနှင့်အတူ ယေရှုခရစ်၏အမှုတော်ကို ဆောင် ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။
၎ ထိုသူတို့သည် ငါ့အသက်အဘို့ မိမိတို့လည်ပင်းကို ချထားသောသူ ဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။
၅ သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။
၆ ငါတို့အမှုကို ကြိုးစား၍ဆောင်ရွက်သော မာရိကိုနှုတ်ဆက်ကြလော့။
၇ ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါ့အမျိုးသားချင်း အနြေ္ဒာနိတ်နှင့်ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူဖြစ်ကြ၏။ ငါ့အရင်တပည့် တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။
၈ သခင်ဘုရား၌ ငါ့ချစ်သား အမ္ပလိကို နှုတ်ဆက် ကြလော့။
၉ ငါတို့နှင့်အတူ ခရစ်တော်၏အမှုကို ဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။
၁၀ တပည့်တော်စစ်ဖြစ်သာ အပေလေနှင့်အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။
၁၁ ငါ၏အဆွေ အမျိုးဟေရောဒျုန် နှင့် တပည့်တော်ဖြစ်သောနာကိသု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။
၁၂ သခင်ဘုရား၏ အမှုတော်ကိုကြိုးစားသောမိန်းမ၊ တရုတ်ဖဲနနှင့် တရုဖေါသကို၎င်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုး စား၍ ချစ်အပ်သောမိန်းမပေရသိကို၎င်း နှုတ်ဆက်ကြလော့။
၁၃ မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်း ဟူသောငါ၏ အမိကို နှုတ်ဆက်ကြလော့။
၁၄ အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှ စ၍သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကိုနှုတ်ဆက်ကြလော့။
၁၅ ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် သြလုမ္ပမှစ၍ သူတို့နှင့် အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။
၁၆ အချင်းချင်း တယောက်ကိုတယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်း တို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
၁၇ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမသြဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကိုပြုတတ်သောသူတို့ကို မှတ်၍ရှောင်ကြလော့ ဟုငါသတိပေး၏။
၁၈ အကြောင်း မူကား၊ ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏ အမှုကိုသာဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။
၁၉ သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှါ၎င်း၊ ဆိုးသောအမှု၌ကား အပြစ်ကင်းစေခြင်းငှါ၎င်း၊ ငါအလိုရှိ၏။
၂၀ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မှီစာတန်ကို သင်တို့ ခြေအောက်၌ နှိပ်စက်တော်မူမည်၊ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ရှိပါစေသော။
၂၁ ငါနှင့်အတူ အမှုတော်ကိုဆောင်ရွက်သော တိမောသေမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်၊ သောတိပေတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
၂၂ ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကိုနှုတ်ဆက်ပါ၏။
၂၃ ငါ့ကို၎င်း၊ သင်းဝင်သူအပေါင်းတို့ကို၎င်း၊ လက်ခံ၍ ဧည့်သည်ဝတ်ကို ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီကွာတုတို့သည် သင်တို့ကိုနှုတ်ဆက် ကြ၏။
၂၄ ငါတို့သခင်ယေရှု ခရစ်၏ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
၂၅ ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာထင်ရှားသည်ဖြစ်၍၊
၂၆ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်ကြမည်အကြောင်း၊ ပရောဖက်တို့၏ ကျမ်းစာလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော် အတိုင်း ထိုသူတို့အား ဘော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိ တရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကိုမြဲမြဲခိုင်ခန့်စေခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
၂၇ တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော် မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-12);
၁ အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
၂ ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
၃ ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
၎ အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
၆ သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
၇ သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၈ (2 Cor 8:9);
၉ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည်စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၆ (Luke 16:9-15);
၉ တဖန်ငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။
၁၀ အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်း ငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။
၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်း စိမ်ကိုသုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကိုသင်တို့၌ အဘယ်သူအပ် မည်နည်း။
၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည်အပိုင် ပေးမည်နည်း။
၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦး အစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
၁၄ ငွေကို တပ်မက်သောဖာရိရှဲတို့သည် ထိုစကားများကိုကြားလျှင် ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။
၁၅ ယေရှုကလည်း၊ သင်တို့သည်လူများရှေ့မှာဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့်ရှေ့ တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။