Sunday, 12 November 2017

12-NOV-2017 (READING -ORD32-YA-C1)

Sun the 12th: Psalter IV, Ordinary Time Week 32.
(Memorial of Josaphat, bishop and martyr.)
Wis 6:12-16; Ps 63:2-8; 1 Thess 4:13-18; Matt 24:42-44; Matt 25:1-13

ပညာပါရမီကျမ်း Wis 6:12-16,

၁၂။ လေ့လာဆည်းပူးခွင့်ရကြလိမ့်မည်။ Óဏ်ပညာသည် တောက်ပစွာ ထွန်းလင်း၍ မည်သည့်အခါမျှ မှေးမှိန် ခြင်းမရှိ၊ သူမအား  ချစ်ခင်နှစ်သက်သူတို့သည် သူမ ကို လွယ်ကူစွာတွေ့မြင်နိုင်၏။
၁၃။ သူမအကြောင်းကိုသိ လိုသော ဆန္ဒရှိသူတို့အား သူမသည် အလျှင်အမြန် သိစေရန် ဦးစွာပထမဖေါ်ပြတတ်၏။
၁၄။ နံနက်စောစော သူမကိုရှာဖွေသောသူသည်စိတ်ပျက်ပင်ပန်းလိမ့်မည် မဟုတ်။
၁၅။ အကြောင်းမူကားသူမသည်တံခါးဝတွင်ထိုင် လျှက်နေသည်ကိုတွေ့ရလိမ့်မည်။ သူမ အကြောင်းကို စဉ်းစား ဆင်ခြင်ခြင်းသည် ပညာသတိရှိခြင်း၏ အပြည့် စုံဆုံးအခြေအနေပင်ဖြစ်၍သူမအတွက်မအိပ် မနေစောင့်ငံ့သူသည်စိတ်ပူပန်သောကမှကင်းဝေးလိမ့် မည်။
၁၆။ သူမသည်မိမိ နှင့်ထိုက်တန်သောသူတို့ကိုသွား ရောက်ရှာဖွေတတ်၏။သူမသည်ထိုသူတို့ကိုလမ်းများပေါ်၌ ဖေါ်ရွှေ ရွှင်လန်းစွာထင်ရှားပြ၍ သူတို့အကြံ အစည် အားလုံးတို့၌ သူတို့ကိုလာရောက်တွေ့ဆုံ၏။

ဆာလံကျမ်း အခန်းကြီး ၆၃ (Ps 63:2-8);

အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓြွာသည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊
ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊
ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊ 
အိပ်ရာပေါ်မှာကိုယ်တော်ကို အောက့်မေ့၍ ညဥ့်ယံတို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
အကျွန်ုပ်ကို မစတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။
အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊
အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသောသူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်၊၊ ထားဘေးဖြင့်ဆုံး၍ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး (1 Thess 4:13-18);

၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်း မည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၄ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:42-44);

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၃ သူခိုးလာမည် အချိန်နာရီကိုအိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ စောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅ (Matt 25:1-13);

ထိုအခါကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကိုကိုင် ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။
ထိုသတို့သမီးတို့တွင်ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကားအမိုက်ဖြစ်ကြ၏။
မိုက်သောသူတို့သည်မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။
ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွဘူး၌ပါသောဆီကိုလည်းယူကြ၏။
မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။
သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီးဦးကြိုပြုခြင်းငှါထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊
ထိုသတို့သမီးအပေါင်းတို့သည်ထ၍ မီးခွက်များကိုပြင်ဆင်ကြ၏။
မိုက်သောသူတို့က ငါတို့ဆီမီး သေပါပြီ။ သင်တို့ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။
ပညာရှိသောသူတို့ကလည်း၊ သင်တို့အဘို့နှင့် ငါတို့အဘို့ဆီမလောက်။ ထိုကြောင့် ဆီရောင်းသော သူရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။
၁၀ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည် လာ၍၊ အသင့်ရှိသော သတို့သမီးတို့သည် လုလင်နှင့်အတူပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။
၁၁ ထိုနောက် ကြွင်းသော သတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အားတံခါးကိုဖွင့်ပါဟုတောင်းလျှောက်ကြသော်၊
၁၂ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟုပြန်ပြောလေ၏။
၁၃ သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့်စောင့်နေကြလော့။