Sunday, 26 November 2017

26-NOV-2017 (READING -ORD34-YA-C1)

Sun the 26th: Psalter II, Ordinary Time Week 34.
Solemnity of Christ the King.
Ezek 34:11-17; Ps 23:1-6; 1 Cor 15:20-28; Mark 11:9-10; Matt 25:31-46

ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၃၄ (Ezek 34:11-17);

၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
၁၂ ကွဲပြားလျက်ရှိ သော မိမိသိုးတို့တွင် သိုးထိန်းရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုဃ်းအုံ့၍ မိုက်သောနေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင်မည်။
၁၃ အတိုင်းတိုင်းအပြည်ပြည်  တို့က ခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့နေရင်ပြည်သို့ပို့ဆောင်မည်။ ဣသရေလတောင်တို့အပေါ်၊ မြစ်တို့အနားအစရှိ သော နေစရာအရပ်တို့၌ ကျွေးမွေးမည်၊၊
၁၄ ကောင်းသော ကျက်စားရာအရပ်၌ ကျွေးမွေးမည်။ မြင့်သောဣသရေလ တောင်တို့အပေါ်မှာ သူတို့ခြံရှိလိမ့်မည်။ သူတို့သည် ဣသရေတောင်ပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသော ကျက်စားရာ၌ ကျက်စားရကြလိမ့်မည်၊
၁၅ ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်းငါပေးမည်။
၁၆ ပျောက် သောသိုးများကို ငါရှာမည်။ သူတပါးနှင်သောသိုးကို လိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။ ဆူဖြိုး၍ အားရှိသောသိုးကိုကား တရားအတိုင်း ကျွေးမွေး၍ ကွက်မျက်မည်ဟု အရှင်ထာဝရဘုရား မိန်တော်မူ၏။
၁၇ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုငါသိုးတို့ တိရိစ္ဆြွာန်အမျိုးတို့ကိုင်း၊ သိုးအထီးနှင့် ဆိတ်ထီးတို့ကိုင်း ငါပိုင်းခြားမည်။

ဆာလံကျမ်း အခန်းကြီး ၂၃ (Ps 23:1-6);

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:20-28);

၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။
၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
၂၃ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၄ ထိုအခါ ခရစ်တော်သည် အထွဋိအမြတ်အာဏာတန်ခိုး အမျိုးမျိုးကိုပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင် တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတံ့၊
၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါးတော်အောက်၌ ချထားတော်မူမှီတိုင်အောင် အုပ်စိုးတော်မူရမည်။
၂၆ နောက်ဆုံးသောရန်သူတည်း ဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
၂၇ ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူ သည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည်ချထားလျက်ရှိကြောင်းကိုဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်းထင်ရှားသတည်း။
၂၈ ခပ်သိမ်းသောအရာ တို့သည် လူသားအောက်၌  ချထားလျက်ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည်ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည် အကြောင်းတည်း။

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ (Mark 11:9-10);
၉ ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။
၁၀ ထာဝရ ဘုရား၏ အခွင့်နှင့်ယခု တည်လုသော ငါတို့အဘ ဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅ (Matt 25:31-46);

၃၁ လူသားသည်မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များအခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊
၃၂ ရှေ့တော်၌လူမျိုးအပေါင်း တို့ကိုစုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊
၃၃ သိုးတို့ကိုလက်ျာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။
၃၄ ထိုအခါ လက်ျာတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင်သင်တို့အဘို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြ လော့။
၃၅ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုပြုကြ၏။
၃၆ ငါသည်အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည်အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည်အနာရောဂါစွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟုမိန့်တော်မူလျှင်၊
၃၇ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ကိုယ်တော်ကိုလုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တိုသည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။
၃၈ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အားပြုပါ သနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့် ဖုံးလွှမ်းပါသနည်း။
၃၉ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ရောက်ပါသ နည်းဟုပြန်၍ လျှောက်ကြသော်၊
၄၀ မင်းကြီးက၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။
၄၁ ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။
၄၂ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့မပေး။
၄၃ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသော အခါ သင်တို့သည်အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌င်း၊ ထောင်ထဲမှာနေရသော အခါ၌င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊
၄၄ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရငတ်တော်မူခြင်း၊  ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိ တော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုမစုလုပ်ကျွေးဘဲနေပါသနည်ဟု ပြန်၍လျှောက်ကြသော်၊
၄၅ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။  ၄၆ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။