Sun the 5th: Psalter III, Ordinary Time Week 31.
Mal 1:14-2:10; Ps 131:1-3; 1 Thess 2:7-13; Matt 23:1-12
မာလခိအနာဂတ္တိကျမ်း အခန်းကြီး ၁ (Mal 1:14-2:10);
၁၄ သစ္စာဂတိထားပြီမှ မိမိသိုးစု၌ အထီးရှိလျက်ပင်၊ လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သောအကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသတည်း။ ငါသည်ကြီးမြတ်သောရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော် သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဘွယ်ဖြစ်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ (Ps 131:1-3); ၁ အိုယဇ်ပုရောဟိတ်တို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင်တို့အားမိန့်တော်မူသော ပညတ်စကားဟူမူကား၊
၂ ငါ၏နာမတော်ကို ချီမွမ်းလိုသောငှါ၊ သင်တို့သည်နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်းဘေးကိုသင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်းဘဲနေသောကြောင့် ယခုပင်အမင်္ဂလာဖြစ်စေပြီ။
၃ သင်တို့မျိုးစေ့ကိုငါဖျက်မည်။ တိရစ္ဆာန်ချေးတည်းဟူသော သင်တို့ဓမ္မပွဲ၏ တိရစ္ဆာန်ချေးကို သင်တို့မျက်နှာပေါ်၌ ငါကြဲမည်။ သူတပါးတို့သည် သင်တို့ကိုထိုတိရစ္ဆာန်ချေးနှင့် အတူယူသွားကြလိမ့်မည်။
၎ ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၅ ငါဖွဲ့သော အသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်းပဋိညာဉ်သည် ထိုအမျိုး၌ရှိ၏။ ငါ့ကိုကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့် သောကြောင့်ငါဖွဲ့၍ ပေး၏။
၆ ထိုအမျိုးသည် သစ္စာတရားစကားကိုပြောတတ်၏။ သူ့နှုတ်၌အပြစ်ကိုရှာ၌ မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း၊ ငါနှင့် အတူသွားလာ၍၊ များစွာသောသူတို့ကို ဒုစရိုက်အပြစ်မှ လွှဲရှောင်စေတတ်၏။
၇ ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
၈ သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည့် တရားတော်ကိုထိမိ၍ လဲစေခြင်းငှါပြုကြပြီ။ လေဝိအမျိုးနှင့် ဖွဲ့သော ပဋိညာဉ်ကိုဖျက်ကြပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၉ သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ ကိုမလိုက်၊ တရားအမှုတွင် လူမျက်နှာကိုထောက်သောကြောင့် လူခပ်သိမ်းတို့သည် သင်တို့ကိုမထိမဲ့မြင်ပြု၍၊ ရှုတ်ချစေခြင်းငှါ ငါစီရင်မည်။
၁၀ ခပ်သိမ်းသောငါတို့၌ တပါးတည်းသောအဘရှိသည်မဟုတ်လော့။ တပါးတည်းသောဘုရား သခင်သည် ငါတို့ကိုဖန်ဆင်းတော်မူသည်မဟုတ်လော့။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကိုရှုတ်ချ၍၊ ငါတို့သည် အဘယ် ကြောင့် တယောက်ကိုတယောက်သစ္စာဖျက်ကြသနည်း။
သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Thess 2:7-13);
၇-၈ သင်တို့ တွင် ဖြည်းညှင်းစွာ ပြုကြ၏။ သင်တို့ ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့် တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ် ရှိကြ၏။
၉ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာလုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ ငါတို့သည် နေ့ညဥ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိ တရားကို သင်တို့အား ဟောပြောကြ၏။
၁၀-၁၂ မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့ သင်တို့ကို ခေါ်သွင်းတော်မူ သော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြ သည်နှင့် အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့် နှင့်ကင်းလွတ်လျက် နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။
၁၃ ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ် ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ ရောက်သော သင်တို့အထဲ၌ ပြုပြင်သောဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၃ (Matt 23:1-12);
၁ ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့်လူအပေါင်းတို့အားဟောပြောတော်မူသည်ကား၊
၂ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည်မောရှေ၏ထိုင်ရာပလ္လင်ပေါ်မှာ ထိုင်ကြ၏။
၃ ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့ သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင် မကျင့်ကြ။
၎ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
၅ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သောလက်ဖွဲ့တို့ကိုင်း၊ ကြီးသောပန်းပွားတို့ကိုင်း ဝတ်လေ့ရှိကြ၏။
၆ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ် သော နေရာထိုင်ရာကို၎င်း၊
၇ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရားအရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ်သက်ကြ၏။
၈ သင်တို့မူကား အရှင်ဘုရားဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသောသင်တို့ ဥပဇ္ဈယ်ဆရာ တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏။
၉ မြေကြီးပေါ်မှာအဘယ် သူကိုမျှ အဘဟူ၍မခေါ် ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်းရှိတော်မူ၏။
၁၀ ဥပဇ္ဈယ် ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈယ် ဆရာတပါးတည်းရှိ၏။
၁၁ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့ အစေခံဖြစ်ရ၏။
၁၂ အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။