Monday, 6 November 2017

06-NOV-2017 (READING -ORD31-YA-C1)

Mon the 6th: Rom 11:29-36; Ps 69:30-37; John 8:31-32; Luke 14:12-14

ရောမသြဝါဒစာ အခန်းကြီး ၁၁ (Rom 11:29-36);

၂၉ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်းကျေးဇူးသည် ဖောက်ပြန်ခြင်း သဘောမရှိ၊
၃၀ သင်တို့သည် အထက်က၊ ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့နားမထောင်ခြင်းအမှုအားဖြင့် သနားတော်မူခြင်းကို ခံရသကဲ့သို့၊
၃၁ ထိုနည်းတူ၊ သင်တို့ခံရ သော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲနေရကြ၏။
၃၂ ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်းအခွင့် ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
၃၃ ဘုရားသခင်၏ပညာနှင့်ညဏ်တော် သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက်၍ရှာသော်လည် မတွေ့မမှီနိုင်။
၃၄ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရား နှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။
၃၅ ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူ သည် ကျေးဇူးပြုဘူးသနည်း။
၃၆ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော် မူစေသတည်း။ အာမင်။

ဆာလံကျမ်း အခန်းကြီး ၆၉ (Ps 69:30-35);

၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်၊၊ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်၊၊
၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလား ကို နှစ်သက်သည်ထက် ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်၊၊
၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်၊၊ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်၊၊
၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားးကို နားထောင် တော်မူ၏၊၊ အချုပ် ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်၊၊
၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည် သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော၊၊
၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့ တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ ပိုင်ရကြလိမ့်မည်၊၊
၃၆ ကျွန်တော်မျိုး၏ သားမြေးတို့ သည် ထိုမြို့ကို အမွေခံရ

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး (John 8:31-32);

၃၁ ထိုအခါ ယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။
၃၂ သမ္မာတရားကို လည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သောယုဒ လူတို့အား မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:12-14);

၁၂ ကိုယ်တော်ကိုပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ်ကျွေး သောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ်နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
၁၃ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဘိတ်လော့။
၁၄ ထိုသို့ ခေါ်ဘိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ဟု မိန့်တော်မူ၏။