Wednesday, 8 November 2017

08-NOV-2017 (READING -ORD31-YA-C1)

Wed the 8th: Rom 13:8-10; Ps 112:1-9; 1 Pet 4:14; Luke 14:25-33

ရောမသြဝါဒစာ အခန်းကြီး ၁၃ (Rom 13:8-10);

အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
၁၀ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုမဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။

ဆာလံကျမ်း အခန်းကြီး ၁၁၂ (Ps 112:1-10);

ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညက်တော်တို့၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။
ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍၊ သူ၏ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။
သဘောဖြောင့်သော  သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ထိုသို့သော သူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ်သော သဘောရှိ၍၊တရားသဖြင့်ပြုတတ်၏။
ဂရုဏာစိတ်ရှိ၍ ချေးငှားတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင်ခြင်းသို့ ရောက်လိမ့်မည်။
အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်၊
မကောင်းသောသိတင်းကို မကြောက်ရ၊၊ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏၊
သူ၏ စိတ်နှလုံးသည် မြဲမြံသည်ဖြစ်၍ ရန်သူတို့၌ အားမရမှီတိုင်အောင် ကြောက်ခြင်းနှင့် လွတ်လိမ့်မည်၊၊
သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ၊၊ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏၊၊ သူ၏ဦးချိုသည် ဂုဏ်အသေရေနှင့် ချီးမြင့်ခြင်း ရှိလိမ့်မည်၊၊
၁၀ မတရားသောသူတို့သည်မြင်၍ နာကြင်သောစိတ်ရှိကြလိမ့်မည်၊၊ အံသွား ခဲကြိတ်၍ ပိန်ချုံးကြလိမ်မည်၊၊ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်၊၊

ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး (1 Pet 4:14);

၁၄ ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ် တော်သည် သင်တို့အပေါ်မှာကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၄ (Luke 14:25-33);

၂၅ လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည် လှည့်၍ကြည့်တော် မူပြီးလျှင်၊
၂၆ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
၂၇ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
၂၈ သင်တို့တွင် တယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။
၂၉ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီး နိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊
၃၀ ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။
၃၁ တနည်းကား၊ တစုံတယောက်သောရှင်ဘုရင်သည် အခြားသော ရှင်ဘုရင်နှင့် စစ်ပြိုင်မည် ဟုအကြံရှိလျှင်၊ လူနှစ်သောင်းနှင့်ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင် မည်မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။
၃၂ မခံနိုင်သည်မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည် မဟုတ်လော။
၃၃ ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။