Thursday, 2 November 2017

02-NOV-2017 (READING -ORD30-YA-C1)

02-NOV-2017 (READING -ORD30-YA-C1)

Thu  the 2nd:    Optional memorial of All Souls.
Wis 3:1-9 or Wis 4:7-15 or Isa 25:6-9; Ps 23:1-6 or Ps 25:6-21 or Ps 27:1-14; Rom 5:5-11 or Rom 5:17-21 or Rom 6:3-9 or Rom 8:14-23 or Rom 8:31-39 or Rom 14:7-12 or 1 Cor 15:20-28 or 1 Cor 15:51-57 or 2 Cor 4:14-5:1 or 2 Cor 5:1, 6-10 or Phil 3:20-21 or 1 Thess 4:13-18 or 2 Tim 2:8-13; Matt 5:1-12 or Matt 11:25-30 or Matt 25:31-46 or Luke 7:11-17 or Luke 23:44-53, 24:1-6 or Luke 24:13-16, 28-35 or John 5:24-29 or John 6:37-40 or John 6:51-59 or John 11:17-27 or John 11:32-45 or John 14:1-6

ပညာပါရမီကျမ်း အခန်းကြီး (၃) (ျွှငျ ၃ါ်၁-၉)

၁။ ဖြောင့်မတ်သော သူတို့၏ ဝိညာဉ်တို့သည် ဘုရား သခင်၏လက်တော်တွင် ရှိကြ၍မည်သည့်ဘေးဒုက္ခမျှသူတို့ကိုမထိရပေ။
၂။   အသိတရားမဲ့သူတို့၏အမြင် အရ ထိုသူတို့သည် သေကြဟန်ရှိ၍၊သူတို့၏ထွက်
ခွာသွားခြင်းကို ဆင်းရဲဒုက္ခဟု ထင်မြင်ကြ၏။
၃။ ငါတို့ထံမှသူတို့ခွဲခွာသွားကြခြင်းသည်ဖျက်ဆီးခြင်းခံရသကဲ့သို့ဖြစ်ပေ၏။သို့သော်သူတို့သည်အေးချမ်း သာယာသော အခြေအနေ၌ ရှိကြကုန်၏။
၎။ လူတို့အမြင်အရမူ သူတို့သည် ဒဏ်ခံရဟန်ရှိသော် လည်းသူတို့၏ မျှော်လင့်ချက်သည် သေခြင်းတရားကင်းမဲ့သောသဘော နှင့် ပြည့်လျက်ရှိ၏။ ေ
၅။ ဝဒနာ အနည်းငယ်ခံရသော်လည်းသူတို့ရရှိမည့်ကောင်းချီး  မင်္ဂလာများသည် ကြီးမားလှပေ၏။ ဘုရားသခင် သည် သူတို့ကို စုံစမ်းတော်မူရာ၌ သူတို့သည်ကိုယ် တော်နှင့် ထိုက်တန်ကြောင်းတွေ့မြင်တော်မူ၏။
၆။ မီးဖိုထဲမှာရွှေကိုသန့်စင်ရသကဲ့သို့သူတို့ကိုစမ်းသပ်တော်မူ၍၊ မီးရှို့ရာ ယဇ်ပူဇော်သက္ကာကဲ့သို့သူတို့ကို
၇။ လက်ခံတော်မူ၏။ကိုယ်တော်သည်သူတို့ကိုအကြည့် အရြှုပရန်ြွကလာတော်မူမည့်အချိန်တွင်သူတို့သည် ရိုးပြတ်ငုတ်များကိုလောင်သောမီးတောက်မီးလျှံကဲ့
၈။ သို့ ထွန်းလင်း တောက်ပကြလိမ့်မည်။ သူတို့သည် တိုင်းနိုင်ငံများကို တရားစီရင်၍ လူမျိုးတကာတို့ကို အုပ်ချုပ်ကြလိမ့်မည်။ ဘုရားသခင်သည် သူတို့၏ ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော်မူလိမ့်မည်။
၉။ ကိုယ်တော်ကို ယုံကြည်အားကိုးသော သူတို့သည် အမှန်တရားကို နားလည်ကြလိမ့်မည်။သစ္စာရှိသော သူတို့သည်ကိုယ်တော်နှင့်အတူချစ်ခြင်းမေတ္တာတော်၌ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကျေးဇူး တော်နှင့် ကရုဏာတော်တို့သည် ကိုယ်တော်ရွေး ကောက်တော်မူသော သူတော် သူမြတ်တို့အပေါ်မှာ သက်ရောက်လိမ့်မည်။
၁၀။ သို့သော်ဆိုးမိုက်သောသူတို့ သည် မိမိတို့၏ ညစ်ညမ်းသော အကြံအစည်များ အတိုင်း အပြစ်ဒဏ်ခံကြရလိမ့်မည်။ အကြောင်းမူ ကား၊သူတို့သည်ဖြောင့်မတ်ခြင်းတရားကိုလျစ်လျူရှု၍ ဘုရားသခင်ကို စွန့်ပစ်ကြသောကြောင့်ဖြစ်၏။
၁၁။ Óဏ်ပညာ နှင့် စည်းကမ်းကိုမထီမဲ့မြင်ြုပသော သူ သည် ပျော်မွေ့ခြင်းမရှိပေ။ သူတို့၏ မျှော်လင့်ခြင်း သည် အချည်းနှီးဖြစ်၍၊သူတို့လုပ်ဆောင်သမျှသည်အကျိုးမရှိချေ။သူတို့လုပ်ရပ်များသည်လည်တန်ဖိုးမရှိဘဲဖြစ်လေ၏။

or

ပညာပါရမီကျမ်း  အခန်းကြီး (၄) (ျွှငျ ၄ါ်၇-၁၅)

၇။ ဖြောင့်မတ်သောသူမူကားအသက်ငယ်စဉ်သေရလျှင်လည်း ငြိမ်းချမ်းသာယာခြင်းကိုရလိမ့်မည်။
၈။ ရိုသေ လေးစားဖွယ် အသက်အရွယ်ကြီးခြင်းသည် ကားကာလကြာမြင့်စွာနေရခြင်းနှင့်နှစ်အရေအတွက်များခြင်းကို ဆိုလိုသည်မဟုတ်။
၉။ နားလည်သိမြင်တတ်ခြင်းကိုသာလျှင်ဆံပင်ဖြူသည် ဟုဆိုအပ်၍ အပြစ်ကင်းစင်သောဘဝကိုအိုမင်းခြင်း ဟုခေါ်ရ၏။
၁၀။ သူသည် ဘုရားသခင် အားရနှစ်သက် အောင်ြုပသောကြောင့် ကိုယ်တော်သည် သူ့ကို ချစ် တော်မူ၏။သူသည်အပြစ် သားများအလယ်မှာနေရ သော်ငြားလည်း၊ သူ့ကိုခေါ် ဆောင်တော်မူ၏။
၁၁။ မကောင်းဒုစရိုက်သည် သူ၏ နားလည်သိမြင်တတ် ခြင်းကို မဖျက်ဆီးနိုင်ရန်နှင့် လိမ်ညာခြင်းသည် သူ့ဝိညာဉ်ကို မဖြားယောင်းစေရန်ကိုယ်တော်သည် သူ့ကို ခေါ်ဆောင်သွားတော်မူ၏။
၁၂။ မသေချာမရေရာ သောအရာများ၏ဆွဲဆောင်ညှို့ထားခြင်းသည်အမှန်တရားကို ဖုံးကွယ်စေ၏။ ဆန္ဒရမ္မက်တွင် ချာချာ လည်နေခြင်းသည် အပြစ်မဲ့သော စိတ်နှလုံးကိုယိမ်း ယိုင်စေ၏။
၁၃။  တိုတောင်းသော အချိန်အတွင်း၌စုံလင် ခြင်းသို့ ရောက်သည်နှင့်ဘဝခရီးရှည်၏ပြည့်စုံခြင်း
၁၄။ ကိုရပြီးဖြစ်၏။ သူ၏ဝိညာဉ်သည် ဘုရားသခင် နှစ်သက် မြတ်နိုးဖွယ် ဖြစ်သောကြောင့်ကိုယ်တော် သည် သူ့ကို မကောင်းဒုစရိုက်များအလယ်မှအလျင် အမြန်ဖယ်ရှားတော်မူ၏။
၁၅။ လူအများသည် မြင်ကြ သော်လည်းနားမလည်ကြ။ဤအကြောင်းကိုစဉ်းစား ဆင်ခြင်မှုလည်း မြုပကြ၊ ဘုရားသခင်၏ ကျေးဇူး တော်နှင့်သနား ကရုဏာတော်သည် ကိုယ်တော်ရွေး ကောက်သော သူတို့၌ရှိပြီး၊ ကိုယ်တော်၏ကာကွယ် စောင့်ရှောက်တော်မူခြင်းသည် သန့်ရှင်း သူတို့ အတွက်ဖြစ်၏။

                                                           or

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၂၅ (Isa 25:6-9);

၆ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ်မှာ စီရင်တော် မူလိမ့်မည်၊၊
၇ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုင်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသောတင်းတိမ်ကိုင်း ဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်၊၊
၈ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံးစေတော်မူ လိမ့်မည်။ အရှင်ထာဝရဘုရား သည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသူတ်တော်မူလိမ့်မည်၊၊ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ ရဲ့ခြင်းကိုလည်း မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ၊ ထာဝရဘုရားအမိန့်တော်ရှိ၏၊၊
၉ ထိုကာလ၌ကြည့်ရှုလော့၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း၊၊ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်၊၊ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်၊၊

ဆာလံကျမ်း အခန်းကြီး ၂၃(Ps 23:1-6)

၁ ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊
၂ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊
၃ ငါ့ဝိညာဉ်ကို  အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊
၎ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊
၅ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့စားပွဲကို ခင်းတော်မူ၏၊၊ အကျွန်ုပ်ခေါင်းကို ဆီနှင့် လိမ်းတော်မူ၏။ အကျွန်ုပ်ခက်ဖလားသည် လျှံလျက်ရှိ ပါ၏။
၆ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူနှင့် ကရုဏာကို တသက်လုံးခံစား၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

or

ဆာလံကျမ်း အခန်းကြီး ၂၅ (Ps 25:6-21)

၆ အိုထာဝရဘုရားရှေးကာလ မှစ၍ ပြတော် မူသော ကရုဏာ နှင့် မေတ္တာသဘောကိုအောက်မေ့တော်မူပါ၊၊
၇ အကျွန်ုပ်သည်အသက်ငယ်ရွယ်စဉ် ပြစ်မှားမိသော အပြစ်တို့ကိုအောက်မေ့ တော်မမူနှင့်၊၊ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်ကိုအောက်မေ့ တော်မူပါ ထာဝရဘုရား။
၈ ထာဝရဘုရားသည် ကောင်းသောသဘော ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏၊၊
၉ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊
၁၀ ထာဝရဘုရား၏ လမ်းခရီးရှိသမျှ တို့သည် ပဋိညာဉ်တရားတော်နှင့် သက်သေခံတော်မူချက်တို့ကို စောင့်ရှောက်သောသူတို့အား ကရုဏာတော်နှင့် သစ္စာ ဖြစ်ကြသတည်း၊၊
၁၁ အိုထာဝရဘုရား အကျွန်ုပ်၌အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေး တော်မူပါ၊၊
၁၂ အကြင်သူသည်ထာဝရဘုရားကို ကြောက်ရွံ့တတ်၏၊၊ ထိုသူအားနှစ်သက်ဘွယ်သောလမ်းကို ပြညွန် တော်မူမည်၊၊
၁၃ ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ်၍ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေခံရ လိမ့်မည်၊၊
၁၄ ထာဝရဘုရားကို ကြောက်ရွံသောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသောအခွင့်ရှိကြ၏၊၊
၁၅ အကျွန်ုပ်သည် ထာဝရ ဘုရားကို အစဉ်မြော်လင့်လျက်နေပါ၏။ အကြောင်းမူကား အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နှုတ်ယူတော်မူပါ၊၊
၁၆ အကျွန်ုပ်သည် တယောက်တည်းကျန် ကြွင်း၍ နှိမ့်ချခြင်းကိုခံရသောကြောင့် အကျွန်ုပ်ကိုမျက်နှာပြု၍ ကယ်မသနားတော်မူပါ၊၊
၁၇ အကျွန်ုပ်စိတ်နှလုံးဆင်းရဲ သည်ကို ချမ်းသာပေး၍ အမှုများထဲက ကယ်နှုတ်တော်မူပါ၊၊
၁၈ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည့်ရှု့၍ အကျွန်ုပ်အပြစ်ရှိသမျှ တို့ကိုလွှတ်တော်မူပါ၊၊
၁၉ အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကိုပြင်းစွာမုန်း ထားကြောင်းကိုဆင်ခြင်တော်မူပါ၊၊
၂၀ အကျွန်ုပ်အသက်ကို စောင့်ရှောက်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။   အကျွနု်ပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်၊၊
၂၁ ကိုယ်တော်ကို မျှော်လင့်လျှက် နေပါသည် ဖြစ်၍အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကိုစောင့် ရှောက်ပါစေသော၊၊

or

ဆာလံကျမ်း အခန်းကြီး ၂၇(Ps 27:1-14);

၁ ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက် ရအံ့နည်း၊၊ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာဖြစ်တော်မူ၏၊၊ ငါသည်အဘယ်သူကို ကြောက်လန့်ရအံ့နည်း၊၊
၂ ငါ့ကို အငြိုးထားသောရန်သူလူဆိုးတို့သည် ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ ခြေတိုက်မိ၍ လဲကြ၏၊
၃ ငါ့တဘက်၌ တပ်ချကြသော်လည်း ငါနှလုံး မကြောက်တတ်၊၊ စစ်ချီ၍ လာကြသော်လည်း ထိုအမှုတွင်ပင် တည်ကြည် သော စိတ်ရှိလိမ့်မည်၊၊
၎ ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်၍ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလို့ငှါ ထာဝရ ဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ၊ ထိုအခွင့်ကို ရှာရဦးမည်၊၊
၅ အကြောင်းမူကား ဘေးအန္တရာယ်ရောက်သည် ကာလ တဲတော်တွင် င့ါကို ကွယ်ကာတော် မူမည်၊၊ ဗိမာန်တော်အတွင်း အရပ်၌ ငါ့ကို ဝှက်ထားတော်မူမည်၊၊ ကျောက်ပေါ်မှာလည်း ငါ့ကို တင်ထားတော်မူမည်။
၆ ယခုပင် ငါ့ပတ်လည်၌ ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ၏ ဦးခေါင်းကို မြှောက်တော်မူ၏၊၊ ထိုကြောင့် ဗိမာန်တော် မှာ တံပိုးမှုတ်ခြင်းနှင့် တကွ ယဇ်ပူဇော်ပါမည်၊၊ သီချင်းဆိုပါမည်၊၊ ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
၇ အို ထာဝရဘုရား အကျွန်ုပ်အော်ဟစ်သော အသံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ၊၊
၈ ငါ၏ မျက်နှာကိုရှာကြလော့ ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် အိုထာဝရ ဘုရား ကိုယ်တော်၏မျက်နှာကို ရှာပါမည်၊၊
၉ အကျွန်ုပ်မျက်နှာလွှဲတော်မမူပါနှင့်၊၊ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော်မမူပါနှင့်၊၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော် မူဘူးသည်ဖြစ်၍ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်၊၊
၁၀ ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရား သည် အကျွန်ုပ်ကို ချီယူတော်မူမည်၊၊
၁၁ အိုထာဝရဘုရား ၊ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်အား ပြသသွန်သင် တော်မူပါ၊၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ၊၊
၁၂ မမှန်သော သက်သေကို ခံသောသူတို့နှင့် ည‡င်းဆဲခြင်းငှါ ပြင်းစွာအသက်ရှုသော သူတို့သည် အကျွန်ုပ်တဘက်၌ ထကြ သည်ဖြစ်၍ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်၊၊
၁၃ အကယ်စင်စစ် အသက်ရှင်သော သူတို့၏ နေရာ တွင် ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင်မည်ဟု ယုံမှတ်စွဲလမ်းခြင်း ရှိ၏၊၊
၁၄ ထာဝရဘုရားကို မြော် လင့်သော၊အားယူ၍ ရဲရင့်သော စိတ်နလုံးရှိလော့၊၊ ထာဝရဘုရားကို မြော်လင့်လျက်နေလော့၊၊

ရောမသြဝါဒစာ အခန်းကြီး ၅ (Rom 5:5-11)

၅ ထိုမြော်လင့် ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား ပေးတော် မူသောသန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ညွန်း လောင်း တော်မူ၏။
၆ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏။
၇ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။
၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။
၉ သို့ဖြစ်၍ ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိဿ ဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။
၁၁ ထိုမျှမက၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။

or

ရောမသြဝါဒစာ အခန်းကြီး ၅ (Rom 5:17-21)

၁၇ ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသော ကြောင့် ထိုတယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုင်း ခံရသောသူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ့။
၁၈ ထိုကြောင့်၊ တယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ၊ တယောက်သော သူ၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်း အခွင့်ကို ရကြ၏။
၁၉ အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများ တို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။
၂၀ ထိုမှတပါး၊ ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော်သာ၍ကြွယ်ဝ၏။
၂၁ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှုခရစ်ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရအသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။

or

ရောမသြဝါဒစာ အခန်းကြီး ၆ (Rom 6:3-9)

၃ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။
၎ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်းအသစ်သောအသက်၌ ကျင်လည်ရကြသတည်း။
၅ တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန် လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။
၆ ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏ အစေကိုမခံစေခြင်း ငှါ၊ အပြစ်တရား၏ ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။
၇ သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။
၈ ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
၉ သေခြင်းတရား သည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကိုထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု သဘောရှိကြ၏။

or

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:14-23)

၁၄ ဘုရားသခင်၏ ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူ သမျှ သောသူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက်ရွံ့တတ် သောကျွန်၏ သဘောကိုရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။
၁၆ ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော် သည် ငါတို့၏ ဝိညာဉ်နှင့် အတူသက်သေခံတော်မူ၏။
၁၇ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ ၏။ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့် အတူဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။
၁၈ ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
၁၉ ဤလောကသည် ဘုရားသခင်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။
၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။
၂၁ ဘုရားသခင် သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။
၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။
၂၃ ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓွာရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။

or

ရောမသြဝါဒစာ အခန်းကြီး ၈ (Rom 8:31-39)

၃၁ သို့ဖြစ်၍ဤအရာများ တို့၌အဘယ်သို့ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။
၃၂ မိမိသား တော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလိုငှါ စွန့်တော် မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါတို့အား မပေးဘဲအဘယ်သို့နေတော်မူမည်နည်း။
၃၃ ဘုရားသခင် ရွေးကောက်တော် မူသော သူတို့ကိုအဘယ်သူသည် အပြစ်တင်မည်းနည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရား သခင်ပေတည်း။
၃၄ အပြစ်စီရင်သော သူကားအဘယ်သူနည်း။ အသေခံ၍ခံသည်သာမက၊ သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။
၃၅ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။
၃၆ အကယ်စင်စစ်ကိုယ် တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟုကျမ်းစာလာသည်နှင့် အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ် အမှုသည်ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။
၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင်အထူးသဖြင့်အောင် မြင်ကြ၏။
၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊
၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏  မေတ္တာတော်နှင့်ငါတို့ကိုမကွာစေနိုင် ဟု ငါသည်သဘော ကျလျက်ရှိ၏။

or

ရောမသြဝါဒစာ အခန်းကြီး ၁၄ (Rom 14:7-12)

၇ ငါတို့တွင် အဘယ် သူမျှ ကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဘို့အလိုငှါ မသေ။
၈ အသက်ရှင်လျှင်၊ သခင်ဘုရား အဘို့အလိုငှါ ရှင်၏။ သေလျှင်လည်း သခင်ဘုရားအဘို့အလိုငှါ သေ၏။ ထိုကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။
၉ အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကို၎င်း၊ ရှင်သော သူတို့ကို၎င်း၊ အစိုးရသောအရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏။
၁၀ သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့်စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြ မည်။
၁၁ ကျမ်းစာလာသည် ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၂ သို့ဖြစ်၍၊ ငါတို့ရှိသမျှ သည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်။

or

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:20-28)

၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။
၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်း တရားသည် လူအားဖြင့် တည်လျက်ရှိ၏။
၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
၂၃ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏။ ထိုနောက် ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
၂၄ ထိုအခါ ခရစ်တော်သည် အထွဋိအမြတ်အာဏာတန်ခိုး အမျိုးမျိုးကိုပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင် တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတံ့၊
၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါးတော်အောက်၌ ချထားတော်မူမှီတိုင်အောင် အုပ်စိုးတော်မူရမည်။
၂၆ နောက်ဆုံးသောရန်သူတည်း ဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
၂၇ ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူ သည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည်ချထားလျက်ရှိကြောင်းကိုဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်းထင်ရှားသတည်း။
၂၈ ခပ်သိမ်းသောအရာ တို့သည် လူသားအောက်၌  ချထားလျက်ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသောသူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည်ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည် အကြောင်းတည်း။

or

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ (1 Cor 15:51-57)

၅၁ နက်နဲသောအရာတခုကို ငါပြဦးမည်၊ ငါတို့ရှိသမျှ သည် အိပ်ပျော်ရကြမည်မဟုတ်။
၅၂ သို့သော်လည်း၊ နောက်ဆုံးသောတန်ပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတန်ပိုးမှုတ်ချိန် ရောက်သောအခါ သေလွန် သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
၅၃ ယခုမျက်မှောက် ပုတ်တတ်သောအရာသည် ပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအရာ အဖြစ်သို့ ဝင်စားရမည်။
၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌ နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက် ပြည့်စုံလိမ့်မည်။
၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။
၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း၊ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ် တရားပေတည်း။
၅၇ ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။

or

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၄ (2 Cor 4:14-5:1)

၁၄ သခင်ယေရှုကိုထမြောက်စေတော်မူသောသူသည် ယေရှုအားဖြင့် ငါတို့ကိုလည်းထမြောက်စေ၍၊ သင်တို့နှင့် အတူအထံတော်၌သွင်းတော်မူမည်ဟု ငါတို့သိကြ၏။
၁၅ အများသောသူတို့သည်ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသောကျေးဇူးတော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည် အကြောင်း၊ခပ်သိမ်း သောအရာတို့သည် သင်တို့အဘို့အလိုငှါဖြစ်သတည်း။
၁၆ ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ပြုပြင်ခြင်းကိုခံရ၏။

or

ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ (2 Cor 5:1, 6-10)

၁ ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင်ဖန် ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။
၆ ထိုကြောင့် ငါတို့သည် ကိုယ်ခန္ဓွာ၌နေမြဲ နေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိလျက်၊ အစဉ်ရဲရင့်သောစိတ်ရှိကြ၏။
၇ မျက်မှောက်မမြင်ဘဲ ယုံကြည်မြော်လင့်ခြင်း ရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်ဖြစ်၍၊
၈ ကိုယ်ခန္ဓွာနှင့် ကွာဝေးရာအရပ်သို့သွား၍၊ သခင်ဘုရား ထံတော်၌နေမြဲနေခြင်းငှါ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့် ပြည့်စုံကြ၏။
၉ ထိုကြောင့်ငါတို့သည် နေမြဲအရပ်၌ နေသည်ဖြစ်စေ၊ ကွာဝေးရာအရပ်၌ နေသည်ဖြစ်စေ၊ သခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းငှါ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။
၁၀ အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓွာ၌ကျင့်သော အကျင့်၊ ကောင်းမကောင်း ရှိသည် အတိုင်းအကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ပေါ်လာရကြမည်။

or

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၃ (Phil 3:20-21)

၂၀ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက် ရှိ၏။ ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။
၂၁ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ကိုယ်ခန္ဓွာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓွာတော်၏နည်းတူ ဖြစ်စေ ခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။

or

သက်သာလောနိတ်သြဝါဒစာပဌမစောင် အခန်းကြီး ၄ (1 Thess 4:13-18)

၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်း မည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲ နေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၄ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။
၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။
၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင်၏ တန်ပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ် တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။
၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ် သို့ ချည်ဆောင် ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။
၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြလော့။

or

တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Tim 2:8-13);

၈ ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသော ဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှထမြောက်တော် မူသည်ဟု အောက်မေ့လော့။
၉ ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။
၁၀ ထိုကြောင့် ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့် သောငှါ၊ သူတို့အဘို့အရာရာကိုငါသည်းခံရ၏။
၁၁ သစ္စာစကားဟူမူကား၊ ထိုသခင်နှင့် အတူသေလျှင်၊ အတူရှင်လိမ့်မည်။
၁၂ သည်းခံလျှင်၊ ထိုသခင်နှင့် အတူစိုးစံလိမ့်မည်။ ထိုသခင်ကိုငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကိုငြင်းပယ်တော်မူ လိမ့်မည်။
၁၃ ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည် သဖြင့် ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:1-12)

၁ ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော် တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏။
၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။
၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။
၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။

or

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25-30)

၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
၂၆ ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။
၂၇ ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည်လင်းစေလိုသောသူမှတပါး အဘယ်သူမျှခမည်းတော်ကို မသိ။
၂၈ ၀န်လေး၍ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
၂၉ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။
၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။

or

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅ (Matt 25:31-46)

၃၁ လူသားသည်မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များအခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍၊
၃၂ ရှေ့တော်၌လူမျိုးအပေါင်း တို့ကိုစုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊
၃၃ သိုးတို့ကိုလက်ျာတော် ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။
၃၄ ထိုအခါ လက်ျာတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင်သင်တို့အဘို့ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြ လော့။
၃၅ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုပြုကြ၏။
၃၆ ငါသည်အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည်အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည်အနာရောဂါစွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟုမိန့်တော်မူလျှင်၊
၃၇ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ကိုယ်တော်ကိုလုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တိုသည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။
၃၈ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အားပြုပါ သနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့် ဖုံးလွှမ်းပါသနည်း။
၃၉ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ရောက်ပါသ နည်းဟုပြန်၍ လျှောက်ကြသော်၊
၄၀ မင်းကြီးက၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။
၄၁ ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။
၄၂ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့မပေး။
၄၃ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသော အခါ သင်တို့သည်အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌င်း၊ ထောင်ထဲမှာနေရသော အခါ၌င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊
၄၄ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရငတ်တော်မူခြင်း၊  ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိ တော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုမစုလုပ်ကျွေးဘဲနေပါသနည်ဟု ပြန်၍လျှောက်ကြသော်၊
၄၅ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍ မိန့်တော်မူလတံ့။  ၄၆ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။

or

ရှင်လုကာခရစ်ဝင် အခန်းကြီး ၇ (Luke 7:11-17)

၁၁ နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
၁၂ မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုလ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။
၁၃ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
၁၄ ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ ထလော့၊ သင့်အား ငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင်၊
၁၅ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏။
၁၆ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်း သို့ရောက်၍၊ ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးကို အကြည့်အရှုကြွလာတော်မူပြီဟူ၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
၁၇ ထိုသိတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။

or

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၃ (Luke 23:44-53, 24:1-6 )

၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက် အတိဖြစ်လေ၏။
၄၅ နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည်နှစ်ဖြာ ကွဲလေ၏။
၄၆ ယေရှုသည်လည်းကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌အကျွန်ုပ် အပ်ပါ၏ ဟု မိန့်တော်မူလျက်အသက်ချုပ်တော်မူ၏။
၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟု ဆို၍ဘုရားသခင်ကို ချီးမွမ်းလေ၏။
၄၈ ထိုအမှုကို အကြည့်အရှု လာသောသူအပေါင်းတို့သည် ထိုအခြင်း အရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။
၄၉ ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုတော်ကိုသိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့် ရှု၍ ရပ်နေကြ၏။
၅၀ ထိုအခါ ယုဒပြည် အရိမသဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတယောက်သည်၊ အခြား သောအလွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊
၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်း သူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊
၅၂ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။
၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။
၁ ခုနှစ်ရက်တွင်ပဌမနေ့ရက် အာရုဏ်တက်သောအချိန်၌၊ ထိုမိန်းမတို့သည် အခြားသောမိန်းမတို့နှင့် တကွ မိမိတို့ ပြင်ဆင်သော နံ့သာမျိုးကိုဆောင်လျက်သင်္ချိုင်းတော်သို့သွားကြ၏။
၂ ရောက်သောအခါ၊ တွင်းဝ၌ပိတ်သော ကျောက်သည်လိမ့်လန်လျက်ရှိသည်ကိုတွေ့မြင်၍ အတွင်းသို့ဝင်သော်၊
၃ သခင်ယေရှု၏ အလောင်းတော်ကိုမတွေ့ကြ။
၎ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသော စိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကိုဝတ်ဆင်လျက်ပေါ်လာ၏။
၅ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့်ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း။
၆-၇ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံ့ခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ကိုခံရမည်၊ သုံးရက်မြောက် သောနေ့၌ ထမြောက်လိမ့်မည်ဟု ဂါလိလဲပြည်၌ရှိတော်မူစဉ် သင်တို့အားမိန့်တော်မူသော စကားကို အောက်မေ့ကြဦး ဟု ဆိုကြသည်ရှိသော်၊


Or

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄ (Luke 24:13-16, 28-35)

၁၃ ထိုမှတပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည် ရှိသောရွာသို့ ထိုနေ့၌သွားကြစဉ်တွင်၊
၁၄ ဖြစ်ခဲ့ပြီးသောအကြောင်း အရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွှေးပြော ဆိုကြ၏။
၁၅ ထိုသို့ဆွေးနွှေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့် အတူကြွတော်မူ၏။
၁၆ ထိုသူတို့သည်  မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကိုမသိကြ။
၂၈ ထိုတပည့်တော်တို့သည် သွားသော ရွာအနီး သို့ရောက်သောအခါ ကိုယ်တော်သည် ထိုရွာကိုလွန်၍ သွားအံ့သောအခြင်းအရာကို ပြတော်မူလျှင်၊
၂၉ ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူ ဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည် ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေး ဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။
၃၀ စားပွဲ၌ သူတို့နှင့်အတူလျောင်း တော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အားပေးတော်မူသည်တွင်၊
၃၁ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၍။
၃၂ တပည့်တော်တို့ ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လောဟု အချင်းချင်း ပြောဆိုကြ၏။
၃၃ ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရှုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသော သူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကိုတွေ့ကြ၏။
၃၄ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊
၃၅ ထိုတပည့် တော် နှစ်ယောက် တို့သည် လမ်း၌ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူသော အကြောင်းကို၎င်း၊ ပြန်ကြားကြ၏။


or
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၅ (John 5:24-29)

၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကား သံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက်လျက်ရှိ၏။
၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
၂၇ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။
၂၈ ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍၊
၂၉ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။

or

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:37-40)

၃၇ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာသော သူကို ငါသည်အလျှင်းမပယ်။
၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်း သက်သည်မဟုတ် ငါ့ကိုစေလွှတ်တော် မူသောသူ၏အလိုတော်သို့ လိုက်ခြင်းငှါဆင်းသက်၏။
၃၉ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစုံတယောက်ကိုမျှ ငါမပျောက်စေရဘဲ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊
၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာရအသက်ကိုရစေခြင်း ငှါ၎င်း အလိုတော်ရှိ၏။ ငါသည် လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။

or

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆ (John 6:51-59)

၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သောအသက် မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါစွန့်သော ငါ၏အသား ပေတည်းဟု မိန့်တော်မူ၏။
၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည်မိမိအသားကိုငါတို့စားစရာဘို့ အဘယ်သို့ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။
၅၃ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
၅၄ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သော သူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။
၅၅ ငါ၏ အသားသည် စားစရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။
၅၆ ငါ၏အသားအသွေးကို သောက်စားသော သူသည် ငါ၌တည်၏။ ထိုသူ၌လည်းငါတည်၏။
၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ် တော်မူ၍၊ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။
၅၈ ဤမုန့်ကား၊ ကောင်းကင်မှ ဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့ မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊
၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ သြဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

or

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁ (John 11:17-27)

၁၇ ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကိုသင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌လေးရက်လွန်လေပြီ။
၁၈ ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာသည်ဖြစ်၍၊
၁၉ မာသနှင့်မာရိတို့၏မောင် သေသောကြောင့်၊ သူတို့ကိုနှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည်လာကြ၏။
၂၀ ယေရှုကြွလာတော် မူကြောင်းကို မာသသည် ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါ သွား၏။ မာရိမူကား အိမ်၌ထိုင် လျက်နေရစ်၏။
၂၁ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါ။
၂၂ ယခုသေလျက်ရှိ သော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။
၂၃ ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
၂၄ မာသကလည်း၊ နောက်ဆုံးသောနေ့ တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။
၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကို ယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။
၂၇ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏ သားတော်ဖြစ် တော်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။

or

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၁ (John 11:32-45)

၃၂ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကို မြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ကျွန်မ၏မောင်မသေပါဟု လျှောက်၏။
၃၃ မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည် ကို ယေရှုသည်မြင်တော်မူသော အခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
၃၄ အလောင်းကို အဘယ်မှာထားကြ သနည်းဟု မေးတော် မူလျှင်၊ သခင်ကြွ၍ကြည့်တော်မူပါဟု လျှောက်ကြ၏။
၃၅ ယေရှုသည် မျက်ရည်ကျတော်မူ၏။
၃၆ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကိုအလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။
၃၇ အချို့တို့က၊ မျက်စိကန်းသော သူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်သလောဟု ဆိုကြ၏။
၃၈ တဖန် ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
၃၉ ကျောက်ကိုရွေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူ၏နှမ မာသက၊ သခင်၊ ယခုဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။
၄၀ ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လောဟု မိန့်တော်မူ၏။
၄၁ ထိုအခါ သေလွန်သောသူ၏ အင်္ချိုင်းမှ ကျောက်ကိုရွေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော်ကြီးလှပါ၏။
၄၂ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ်ကို စေလွှတ် တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွက်တော်မူပြီးမှ။
၄၃ လာဇရု ထွက်၍ လာလော့ဟု ကြီးသောအသံနှင့် ဟစ်ခေါ်တော်မူ၏။
၄၄ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့်စည်းလျက်ထွက်လာ၏။  ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
၄၅ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများ တို့သည် ယေရှုပြုတော် မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။

or

ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄(John 14:1-6)

၁ တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံ ကြည်ကြလော့။
၂ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။
၃ ငါသည်သွား၍သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကိုငါ့ထံသို့ သိမ်းဆည်းမည်။
၎ ငါသည်အဘယ် အရပ်သို့သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ ဟုမိန့်တော်မူသည်။
၅ သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊
၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။