Sat the 25th: Vigil of Solemnity of Christ the King.
1 Macc 6:1-13; Ps 9:1-19; 2 Tim 1:10; Luke 20:27-40
မက္ကဘေဦးသမိုင်း (ပထမတွဲ) 1 Macc 6:1-13;
၁။ထိုအချိန်၌အန္တီယော့ကုဘုရင်သည်အထက်ပိုင်းနိုင်ငံ များသို့သွားရောက်နေစဉ်ပါရှားပြည်ရှိရွှေ၊ငွေပေါများြွကယ်ဝသည်ဟု ကျော်ကြားသော ဧလိမိုင်ြးုမိ့၏ သတင်းကိုကြားလေ၏။
၂။ ထြိုမိ့၏ြွကယ်ဝ ချမ်းသာ သော ဗိမာန်၌ ဂရိလူမျိုးတို့အား ပထမဆုံးအုပ်ချုပ်ခဲ့ သောမာစီဒိုနီးယန်လူမျိုး ဖိလစ်၏သား အလက် ဇန္ဒါးဘုရင်က ချန်ထားရစ်သော ရွှေဒိုင်းလွှားများ၊ ရွှေဖြင့်ြုပလုပ်သော ရင်ကာချပ်ဝတ်တန်ဆာများနှင့် လက်နက်ကိရိယာများလည်းရှိကြောင်းကိုသူကြားသိ လေ၏။
၃။ထို့ကြောင့် သူသည် ထြိုမိ့ကို တိုက်ခိုက်သိမ်းယူ၍ ပစ္စည်းများကို လုယူရန်လာသော်လည်းမအောင်မြင်ခဲ့ ချေ။ အဘယ်ကြောင့်ဆိုသော်ြုမိ့သြူုမိ့သားတို့သည်သူ ၏အစီအစဉ်ကို သိရှိ သွားသောကြောင့်။
၎။တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ခုခံကြသဖြင့် သူသည်ထွက် ပြေးရပြီးဘာဘီလွန်ြုမိ့သို့အလွန်ဝမ်းနည်းစွာပြန်လာ လေ၏။
၅။ သူသည်ပါရှားပြည်တွင်ရှိနေစဉ် တစ်စုံတစ် ယောက်သည်သူထံသို့လာ၍ဂျုဒပြည်သို့ချီတက်သွား ကြသော တပ်များ ရှုံးနိမ့်ခဲ့သော သတင်းကိုလည်း
၆။ကောင်း၊လစ်စီဆာသည်အင်အားကြီးမားသောတပ်နှင့်ဦးစွာ ချီတက် တိုက်ခိုက်သော်လည်း ဂျုဒလူမျိုးတို့ လက်မှ ထွက်ပြေးလာရခဲ့သည့် အကြောင်းကိုလည်း ကောင်း၊ဂျုဒလူမျိုးတို့သည်သူတို့ချေမှုန်းခဲ့သောတပ် များမှရရှိသော လက်နက်များ၊ရိက္ခာနှင့်လုယူရရှိသော ပစ္စည်းများကြောင့် ပို၍ အင်အား တာင့်တင်းလာ ကြောင်းကိုလည်းကောင်း။
၇။ သူတို့သည် ဘုရင်ကိုယ် တိုင်ဂျေရုဆလင်ြုမိ့ရှိဗိမာန်တော်တွင်တည်ဆောက်ခဲ့ သော စက်ဆုပ်ရွံ့ရှာဖွယ် ရုပ်တုကိုြုဖိဖျက်ကြသည့် အကြောင်းကို လည်းကောင်း၊ သန့်ရှင်းသောဌာနကို မြင့်မားခိုင်ခံ့ သြောုမိ့ရိုးဖြင့် ဝန်းရံတည်ဆောက်၍ ဘက်ဇူြးုမိ့ကိုလည်း ခိုင်ခံ့အောင်ြုပလုပ်ထားကြောင်း ကိုလည်းကောင်း၊ ဘုရင်အား အစီရင်ခံလေ၏။
၈။ဘုရင်သည် ဤသတင်းများကို ကြားသိရသောအခါ အလွန်ပင် အံ့ဩ၍ ကြောက်ရွံ့တုန်လှုပ်လေ၏။ သူ သည် မိမိအိပ်ရာတွင်လှဲနေလျက် စိတ်ပျက် ညှိုးငယ် သောကြောင့် မကျန်းမမာ ဖြစ်လေ၏။ အဘယ် ကြောင့်ဆိုသော် သူရည်ရွယ်ထားသည့်အတိုင်းအခြေ အနေများသည်ဖြစ်မလာသောကြောင့်တည်း။
၉။သူသည် အိပ်ယာတွင် ရက်ပေါင်းများစွာလဲနေသော် လည်း သူ၏စိတ်ထိခိုက်ခြင်းသည်ပို၍ ကြီးမားလာ သဖြင့် မိမိသေရမည်ကို သိလာလေ၏။
၁၀။ထိုအခါ သူသည် မိမိ၏ မိတ်ဆွေများကိုခေါ်၍သူတို့ အားပြောသည်မှာငါ၏မျက်စိများသည်အိပ်စက်၍မရဘဲ ငါ၏စိတ်နှလုံးသည် ပူပန်သောကတို့နှင့်ပြည့် နှက်နေ၏။
၁၁။ ငါသည် အဘယ်ကြောင့် ဤမျှ ဒုက္ခ ရောက်ရပါသနည်း။ ဤမျှကြီးမားသော ရေလွှမ်းမိုး ခြင်းနှင့်တူသည့်ဒုက္ခဆင်းရဲခြင်းတွင်ငါသည်အဘယ် ကြောင့်နစ်မြှုပ်ရပါသနည်း။အကြောင်းမူကားငါသည် တန်ခိုးအာဏာရှိစဉ်က ရက်ရောစွာ ပေးကမ်းခဲ့၍ချစ် ခင် လေးစားမှုကိုလည်းခံခဲ့ရသလားဟုငါ့ကိုယ်ငါပြန် မေးမြန်းမိသည်။
၁၂။၍သို့သော် ဂျေရုဆလင်ြုမိ့တွင်ြုပမိ သောမကောင်းမှုများကိုယခုငါသတိရ၏။ ငါသည်ရွှေ ဖလား၊ငွေဖလားတော်များကိုသိမ်းယူခဲ့၍အကြောင်းပြချက်မခိုင်လုံဘဲဂျုဒပြည်သူပြည်သားများကိုဖျက်ဆီး သုတ်သင်ရန် ငါစေလွှတ်ခဲ့၏။
၁၃။ ဤအကြောင်းများ ကြောင့်သာလျှင် ငါမကောင်းသော ကြမ္မာဆိုးသည် ငါ့အပေါ်သို့ သက်ရောက်၍ငါသည်သူစိမ်းတရံစာတို့ ၏နယ်မြေ၌ ဝမ်းနည်းကြေကွဲခြင်းကြီးစွာဖြင့် သေရ တော့မည်ကို ငါသိလေပြီဟု ပြောလေ၏။
ဆာလံကျမ်း အခန်းကြီး ၉(Ps 9:1-19);
၁ အို ထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အံ့ဘွယ်သောအမှု တော်ရှိသမျှတို့ကို ပြညွှန်ပါမည်၊၊
၂ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်၊၊ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊ အမြင့်ဆုံးသောဘုရား။
၃ အကြောင်းမူကား အကျွန်ုပ်၏ ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏၊၊ ရှေ့တော်၌ ပျက်စီးကြပါ၏။
၎ ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ၊၊ ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ၊၊
၅ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ၊၊ ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက်ချေဖျောက်တော်မူပြီ၊၊
၆ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ၊၊ မြို့တို့ကို ဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှ မရှိပျောက်ပါပြီ၊၊
၇ ထာဝရဘုရားမူကား ကာလအစဉ် အဆက်တည်တော်မူ၏၊၊
၈ တရားပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏၊၊ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏၊၊
၉ ထာဝရဘုရားသည် ညှင်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ ဘေးအန္တရယ် ရောက်သည် ကာလ ခိုလှုံရာ ဖြစ်တော်မူ၏၊၊
၁၀ နာမတော်ကို သိသောသူတို့ သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့် မည်၊၊ အကြောင်းမူကား အိုထာဝရဘုရားကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ၊၊
၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့၊၊ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့၊၊
၁၂ လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍ အသေခံရသော သူတို့ကို အောက်မေ့တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော် မမူတတ်ပါ၊၊
၁၃ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ၊၊ အကျွန်ုပ်ကိုမုန်းသောသူတို့၏ ည‡င်းဆဲခြင်း အမှုကို ကြည့်ရှု၍ သေမင်းလက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၁၄ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန်မြို့ တံခါးဝမှာ အကျွန်ုပ် ပြညွှန်ပါမည်၊၊ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်၊၊
၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသောတွင်းထဲသို့ ကိုယ်ကျကြ၏၊၊ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်ခြေတို့သည် ကျော့မိကြ၏၊၊
၁၆ ထာဝရဘုရားသည် တရားစီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှားတော်မူ၏၊ မတရားသောသူသည် မိမိလုပ်သောအလုပ်ထဲမှာ ကျော့မိခြင်းကို ခံရ၏၊၊
၁၇ မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်၊၊
၁၈ ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော်မမူ၊၊ ဆင်းရဲသော သူတို့ကို မြော်လင့်၍ မရဘဲ အစဉ်မနေရကြ၊၊
၁၉ အိုထာဝရဘုရား၊ ထတော်မူပါ၊၊ လူမနိုင်ပါစေနှင့်၊၊ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်း ကို ခံရကြပါစေသော၊၊
၂၀ အိုထာဝရဘုရား သူတို့ကို ချောက်လှန့်တော်မူပါ၊၊ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ် သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်၊၊
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ (2 Tim 1:10);
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင် သောသခင်ယေရှုခရစ်ပေါ်ထွန်း သည်အရာမှာ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်း ကိုပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်း နှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၀ (Luke 20:27-40);
၂၇ ထမြောက်ရှင်ပြန်ခြင်းမရှိဟု ငြင်းခုံတတ်သော ဇဒ္ဒုကဲအချို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊
၂၈ အရှင်ဘုရား၊ မယားရှိသာသူသည် သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ပါပြီ။
၂၉ ညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီး သည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊
၃၀ သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန် လေ၏။
၃၁ ထိုအတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမကို သိမ်းယူ၍ သားကိုမကျန်ရစ်စေဘဲသေကြ၏။
၃၂ နောက်ဆုံး၌ မိန်းမသည်လည်းသေလေ၏။
၃၃ သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။ ထိုသူခုနစ်ယောက် တို့သည် ထိုမိန်းမနှင့်စုံဘက်ကြပြီဟု လျှောက်ကြ၏။
၃၄ ယေရှုကလည်း၊ ယခုဘဝသားတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို ပြုတတ်ကြ၏။
၃၅ နောင်ဘဝကို၎င်း၊ သေခြင်းမှထမြောက်ခြင်းကို၎င်း ရထိုက်သည်ဟု မှတ်တော်မူခြင်းကိုခံရသောသူတို့သည် စုံဘက်ခြင်း၊ ထိမ်းမြားပေးစားခြင်းကို မပြုတတ်ကြ။
၃၆ သေခြင်းနှင့်အစဉ်ကင်းလွတ်၍ ကောင်းကင်တမန်ကဲ့သို့ ဖြစ်သည်သာမက၊ ထမြောက်ခြင်း၏ သားဖြစ်သောကြောင့် ဘုရားသခင်၏သားဖြစ်ကြ၏။
၃၇ ထိုမှတပါး၊ မောရှေသည် ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဟု ချုံခဏ်း၌ခေါ်ဝေါ် သောအခါ သေလွန် သောသူတို့သည် ထမြောက်ကြောင်းကို ဘော်ပြခဲပြီ။
၃၈ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်ဟု မိန့်တော်မူ၏။
၃၉ ကျမ်းပြုဆရာအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏စကားသည် လျောက်ပတ်ပါ၏ဟု လျှောက်ကြ၏။
၄၀ နောက်တဖန် အလျင်းမမေးမလျှောက်ဝံ့ကြ။